ၾကားသိသမွ်

မန္တလေးပျောက်ကြားတွေ ပွဲပြန်က၊သွေးသောက်အဖွဲ့ ဒုခေါင်းဆောင်ဆိုတဲ့ နှစ်ယောက်ကိုရှင်း

မေ ၁၀၊ The Nation Voice

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဆင်ပွတ်ကြီးကျေးရွာက သွေးသောက်အဖွဲ့ ဒုခေါင်းဆောင်နှစ်ဦးကို မန္တလေးမဟာမိတ်ပျောက်ကြားအဖွဲ့တွေက ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

မန္တလေးက ပျောက်ကြားတွေဟာ စစ်ကောင်စီရဲ့ဖမ်းဆီးစစ်ဆေးမှုတွေကြောင့် ရက်အတန်ကြာ စစ်ဆင်ရေးများကိုဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘဲ ဒီနေ့မှာတော့ သူတို့စစ်ဆင်ရေးကိုပြန်လည်စတင်တဲ့အနေနဲ့ အဲ့ဒီသွေးသောက်အဖွဲ့က (၂) ဦးကိုရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ်။

ဆင်ပွတ်ကြီးရွာ အခြေစိုက် သွေးသောက်အဖွဲ့က ရှင်းလင်းခံလိုက်ရသူနှစ်ဦးကတော့ ဒုခေါင်းဆောင် ဖြိုးကျော်နဲ့ မုန့်နီ တို့ဖြစ်ပြီး သူတို့ကို လမ်း (၃၀) မြို့ပတ်လမ်း အရှေ့မှာ ရှင်းလင်းလိုက်တာဖြစ်တယ်လို့ မန္တလေးမြို့ပြပျောက်ကျားမဟာမိတ်တပ်ပေါင်းစုက ဆိုပါတယ်။

ဆင်ပွတ်ကြီးရွာရဲ့သွေးသောက်အဖွဲ့တွေက NLD အမတ်တွေကို ဖမ်းဆီးသတ်ဖြတ်ကာ စစ်ကောင်စီက ချပေးတဲ့ လက်နက်တွေကိုင်ဆောင်ပြီး ပြည်သူတွေအပေါ်ရမ်းကားနေတဲ့အဖွဲ့လည်းဖြစ်တယ်လို့ မဟာမိတ်တွေက ဖော်ပြထုတ်ပြန်ထားပါတယ်။