ၾကားသိသမွ်

UG VPN ကို အသုံးပြုပေးကြရန် မြို့ပြပြောက်ကျားတပ်ဖွဲ့ 7PDF- MDY တောင်းဆို

UG VPN ကို အသုံးပြုပေးကြရန် မြို့ပြပြောက်ကျားတပ်ဖွဲ့ 7PDF- MDY တောင်းဆို

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ Seven People Defense Force -Mandalay အဖွဲ့က မြို့ပြကြောက်ကျားတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ပြီး UG VPN ကို Application ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဟာ ရန်သူရဲ့ သားရဲတွင်းထဲမှာ လှုပ်ရှားရတာဖြစ်လို့ ပွင့်လင်းမြင်သာစွာ အလှူငွေ ကောက်ခံရတာ အခတ်အခဲရှိပါတယ်။


“မြို့ပြမှာ လှုပ်ရှားထားတဲ့ မစ်ရှင်တွေချဖို့ လုံခြုံရေးပိုင်း စိတ်မချရတာကြောင့် ပြည်သူလူထုရဲ့ အာရုံစိုက်မှု ထောက်ပံ့မှုတွေက UG တွေအပေါ်မှာ သိပ်မရှိပါဘူး။ လက်နက်ခဲယမ်းဖိုး နဲ့ တော်လှန်ရေးအတွက် လိုအပ်ချက်တွေကြောင့် အွန်လိုင်းကနေ ဝင်ငွေရှာဖို့ ကြိုးစားရင်း UG VPN လုပ်ဖို့ ရွေးချယ်ခဲ့တာ” လို့ Seven People Defense Force -Mandalay မှ ရဲဘော်ကျားခင်စိန်က ဒီဗွီဘီကို ပြောပါတယ်။

UG VPN ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ စတင်အကောင်ထည်ဖော်ခဲ့ပြီး လက်ရှိအချိန်မှာ Android ဖုန်းတွေမှာ အဆင်ပြေချောမွေ့ စွာ အသုံးပြုနိုင်နေပြီလို့ ဆိုပါတယ်။


UG VPN ကိုအသုံးပြုမယ်ဆိုရင် Free အနေနဲ့ ၅ နိုင်ငံ အသုံးပြုလို့ရမှာဖြစ်ပြီး C2D ၊ YouTube Streamer နဲ့ Clicker & streamer တို့ အတွက် US Location ဆိုရင် Premium ဝယ်ပီး သုံးရင် ကြော်ငြာစရာမလိုပေမဲ့ မဝယ်ရင် ကြော်ငြာကြည့်ရမှာ ဖြစ်ပါတယ်။

Premium Version ကို ပြည်တွင်း ပြည်ပကနေ Phone Bill နဲ့ Gmail အကောင့် ရှိရုံနဲ့ လုံခြုံစိတ်ချစွာ Premium Package ကို ဝယ်ယူအသုံးပြုလို့ ရနိုင်ပါတယ်။


ပြည်သူလူထုတွေအနေနဲ့ UG VPN ကို အသုံးပြုခြင်းဖြင့် တော်လှန်ရေးမှာ ပါဝင်ထောက်ပံ့နိုင်သလို မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်တွေ အကြောင်းအမျိုးမျိုးကြောင့် မြို့ကိုစွန့်ခွာပြီး လုံခြုံတဲ့နေရာကို ပြောင်းရွှေ့ရတဲ့အပေါ်လည်း မန္တလေးက ပြည်သူတွေ နားလည်ပေးကြဖို့ တောင်းဆိုထားပါတယ်။

UG VPN ကို အသုံးျပဳေပးၾကရန္ ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ 7PDF- MDY ေတာင္းဆို

မႏၲေလးၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ Seven People Defense Force -Mandalay အဖြဲ႕က ၿမိဳ႕ျပေၾကာက္က်ားတပ္ဖြဲ႕ေတြနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ PDF ေတြကို ေထာက္ပံ့ေပးနိုင္ဖို႔ ရည္ရြယ္ၿပီး UG VPN ကို Application ကို ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ၿမိဳ႕ျပေျပာက္က်ားတပ္ဖြဲ႕ေတြဟာ ရန္သူရဲ့ သားရဲတြင္းထဲမွာ လႈပ္ရွားရတာျဖစ္လို႔ ပြင့္လင္းျမင္သာစြာ အလႉေငြ ေကာက္ခံရတာ အခတ္အခဲရွိပါတယ္။

“ၿမိဳ႕ျပမွာ လႈပ္ရွားထားတဲ့ မစ္ရွင္ေတြခ်ဖို႔ လုံျခဳံေရးပိုင္း စိတ္မခ်ရတာေၾကာင့္ ျပည္သူလူထုရဲ့ အာ႐ုံစိုက္မႈ ေထာက္ပံ့မႈေတြက UG ေတြအေပၚမွာ သိပ္မရွိပါဘူး။ လက္နက္ခဲယမ္းဖိုး နဲ႔ ေတာ္လွန္ေရးအတြက္ လိုအပ္ခ်က္ေတြေၾကာင့္ အြန္လိုင္းကေန ဝင္ေငြရွာဖို႔ ႀကိဳးစားရင္း UG VPN လုပ္ဖို႔ ေရြးခ်ယ္ခဲ့တာ” လို႔ Seven People Defense Force -Mandalay မွ ရဲေဘာ္က်ားခင္စိန္က ဒီဗြီဘီကို ေျပာပါတယ္။

UG VPN ကို ၿပီးခဲ့တဲ့ ဇန္နဝါရီ ၃၀ ရက္ေန႔မွာ စတင္အေကာင္ထည္ေဖာ္ခဲ့ၿပီး လက္ရွိအခ်ိန္မွာ Android ဖုန္းေတြမွာ အဆင္ေျပေခ်ာေမြ႕ စြာ အသုံးျပဳနိုင္ေနၿပီလို႔ ဆိုပါတယ္။

UG VPN ကိုအသုံးျပဳမယ္ဆိုရင္ Free အေနနဲ႔ ၅ နိုင္ငံ အသုံးျပဳလို႔ရမွာျဖစ္ၿပီး C2D ၊ YouTube Streamer နဲ႔ Clicker & streamer တို႔ အတြက္ US Location ဆိုရင္ Premium ဝယ္ပီး သုံးရင္ ေၾကာ္ျငာစရာမလိုေပမဲ့ မဝယ္ရင္ ေၾကာ္ျငာၾကည့္ရမွာ ျဖစ္ပါတယ္။

Premium Version ကို ျပည္တြင္း ျပည္ပကေန Phone Bill နဲ႔ Gmail အေကာင့္ ရွိ႐ုံနဲ႔ လုံျခဳံစိတ္ခ်စြာ Premium Package ကို ဝယ္ယူအသုံးျပဳလို႔ ရနိုင္ပါတယ္။

ျပည္သူလူထုေတြအေနနဲ႔ UG VPN ကို အသုံးျပဳျခင္းျဖင့္ ေတာ္လွန္ေရးမွာ ပါဝင္ေထာက္ပံ့နိုင္သလို ၿမိဳ႕ျပေျပာက္က်ား တပ္ဖြဲ႕ဝင္ေတြ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ၿမိဳ႕ကိုစြန႔္ခြာၿပီး လုံျခဳံတဲ့ေနရာကို ေျပာင္းေရႊ႕ရတဲ့အေပၚလည္း မႏၲေလးက ျပည္သူေတြ နားလည္ေပးၾကဖို႔ ေတာင္းဆိုထားပါတယ္။