ၾကားသိသမွ်

စစ်ကောင်စီခန့် ရထားဒုရုံပိုင်နေရာများ လုပ်မည့်သူမရှိ၍ အပူတပြင်း လျှောက်လွှာခေါ်နေ

စစ်ကောင်စီခန့် ရထားဒုရုံပိုင်နေရာများ လုပ်မည့်သူမရှိ၍ အပူတပြင်း လျှောက်လွှာခေါ်နေ

ရန်ကုန်၊ မေ ၁၀

စစ်ကောင်စီအာဏာသိမ်းပြီးနောက် မီးရထားဝန်ထမ်းအများစုမှာ CDM ပြုလုပ်ထားကြသဖြင့် ရထားများ ပြေးဆွဲနိုင် ခြင်း မရှိသလို လက်ရှိအချိန်ထိ လုပ်မည့်သူ မရှိသော ရထားဒုရုံပိုင်နေရာ ၆၀ အတွက် ဝန်ထမ်းများ အလျင်အမြန် ခန့်ထားနိုင်ရန် အပူတပြင်း လျှောက်လွှာခေါ်နေသည်။

“အောက်ခြေအဆင့်မှာ အနည်းဆုံးသုံးနှစ်လောက် တာဝန်ထမ်းပြီးမှ ရုံပိုင်လေး(ဒုရုံပိုင်) အဆင့်မှန်းလို့ရတာ။ ရထားလုပ်ငန်းနဲ့ပတ်သက်လို့ အခြေခံအတွေ့အကြုံတွေ မတတ်ဘဲမရဘူး။ အခုက ဝန်ထမ်းထဲကလုပ်မယ့်သူမရှိလို့ အပြင်ကခေါ်နေရတဲ့သဘောပဲ”ဟု အငြိမ်းစားရထားဝန်ထမ်းတစ်ဦးကပြောသည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားဌာနသည် ယခင်က အဆိုပါ ရာထူးအတွက် အောက်ခြေအဆင့်ဆင့်မှ အရည်အချင်းပြည့်မီသူများကိုသာ ရာထူးတိုးပေးကာ ခန့်အပ်လေ့ရှိပြီး ယခုကဲ့သို့ အပြင်မှခေါ်ယူခြင်းမှာ ပထမဆုံး ဖြစ်သည်ဟု ရထားဝန်ထမ်းအချို့ထံက သိရသည်။

လျှောက်ထားမည့်သူများမှာ လုပ်ငန်းသဘောအရ အမျိုးသားများသာဖြစ်ရမည်ဟုသတ်မှတ်ထားက ဘွဲ့တစ်ခုခုရရှိပြီး နေရာဒေသမရွေးတာဝန်ထမ်းနိူင်ရမည်ဟုလည်း ကြေညာထားသည်။

ရွေးချယ်ခံရသူမှာ မိထ္တီလာရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ၇လခန့်(၂၈ပတ်)သင်တန်း တက်ရောက် ရမည်ဖြစ်ပြီး လစာနှုန်းထား ၁၉၀၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။ လူငယ့်ခေတ်

စစ္ေကာင္စီခန္႔ ရထားဒု႐ုံပိုင္ေနရာမ်ား လုပ္မည့္သူမရွိ၍ အပူတျပင္း ေလၽွာက္လႊာေခၚေန

ရန္ကုန္၊ ေမ ၁၀

စစ္ေကာင္စီအာဏာသိမ္းၿပီးေနာက္ မီးရထားဝန္ထမ္းအမ်ားစုမွာ CDM ျပဳလုပ္ထားၾကသျဖင့္ ရထားမ်ား ေျပးဆြဲနိုင္ ျခင္း မရွိသလို လက္ရွိအခ်ိန္ထိ လုပ္မည့္သူ မရွိေသာ ရထားဒု႐ုံပိုင္ေနရာ ၆၀ အတြက္ ဝန္ထမ္းမ်ား အလ်င္အျမန္ ခန္႔ထားနိုင္ရန္ အပူတျပင္း ေလၽွာက္လႊာေခၚေနသည္။

“ေအာက္ေျခအဆင့္မွာ အနည္းဆုံးသုံးႏွစ္ေလာက္ တာဝန္ထမ္းၿပီးမွ ႐ုံပိုင္ေလး(ဒု႐ုံပိုင္) အဆင့္မွန္းလို႔ရတာ။ ရထားလုပ္ငန္းနဲ႔ပတ္သက္လို႔ အေျခခံအေတြ႕အၾကဳံေတြ မတတ္ဘဲမရဘူး။ အခုက ဝန္ထမ္းထဲကလုပ္မယ့္သူမရွိလို႔ အျပင္ကေခၚေနရတဲ့သေဘာပဲ”ဟု အၿငိမ္းစားရထားဝန္ထမ္းတစ္ဦးကေျပာသည္။

စစ္ေကာင္စီလက္ေအာက္ခံ ျမန္မာ့မီးရထားဌာနသည္ ယခင္က အဆိုပါ ရာထူးအတြက္ ေအာက္ေျခအဆင့္ဆင့္မွ အရည္အခ်င္းျပည့္မီသူမ်ားကိုသာ ရာထူးတိုးေပးကာ ခန္႔အပ္ေလ့ရွိၿပီး ယခုကဲ့သို႔ အျပင္မွေခၚယူျခင္းမွာ ပထမဆုံး ျဖစ္သည္ဟု ရထားဝန္ထမ္းအခ်ိဳ႕ထံက သိရသည္။

ေလၽွာက္ထားမည့္သူမ်ားမွာ လုပ္ငန္းသေဘာအရ အမ်ိဳးသားမ်ားသာျဖစ္ရမည္ဟုသတ္မွတ္ထားက ဘြဲ႕တစ္ခုခုရရွိၿပီး ေနရာေဒသမေရြးတာဝန္ထမ္းနိူင္ရမည္ဟုလည္း ေၾကညာထားသည္။

ေရြးခ်ယ္ခံရသူမွာ မိထၱီလာရွိ ဗဟိုပို႔ေဆာင္ဆက္သြယ္ေရးေက်ာင္းတြင္ ၇လခန္႔(၂၈ပတ္)သင္တန္း တက္ေရာက္ ရမည္ျဖစ္ၿပီး လစာႏႈန္းထား ၁၉၀၀၀၀ က်ပ္ ျဖစ္ေၾကာင္း သိရသည္။ လူငယ့္ေခတ္