ၾကားသိသမွ်

မန္တလေး ဆိုင်ကယ်အရောင်းဆိုင်တစ်ခုမှာ ကျပ်သိန်း (၇၀၀)ကျော်ဖိုးရှိ ဆိုင်ကယ်(၁၇)စီး အခိုးခံရ၊ ကူညီပေးကြရန် ဆိုင်ရှင် မေတ္တာရပ်ခံ

မန္တလေး ဆိုင်ကယ်အရောင်းဆိုင်တစ်ခုမှာ ကျပ်သိန်း (၇၀၀)ကျော်ဖိုးရှိ ဆိုင်ကယ်များ အခိုးခံရ၊ ကူညီပေးကြရန် ဆိုင်ရှင် မေတ္တာရပ်ခံ

မေ – ၁၀

မန္တလေးမြို့ (၆၁)လမ်းနဲ့ မနော်ဟရီလမ်းထောင့်မှာရှိတဲ့ ဆိုင်ကယ်အရောင်းဆိုင်တစ်ခုမှာ မေလ (၉)ရက် နံနက်ပိုင်းက ကျပ်သိန်း (၇၀၀)ကျော်တန်ဖိုးရှိတဲ့ ဆိုင်ကယ်တွေ အခိုးခံလိုက်ရတဲ့လို့ အဲဒီဆိုင်က ထုတ်ပြန်ထားပါတယ်။

Honda အမျိုးအစား ဆိုင်ကယ် (၁၄)စီးနဲ့ Scoopyi အမျိုးအစား ဆိုင်ကယ် (၃)စီး၊ စုစုပေါင်း ဆိုင်ကယ် (၁၇)စီးကို ဖောက်ထွင်းခိုးယူခံရတာဖြစ်ပြီး ကာလပေါက်စျေး ကျပ်သိန်း (၇၀၀)ကျော်ခန့် ရှိတယ်လို့လည်း ဆိုပါတယ်။

“ အောက်ဖော်ပြပါ ဆိုင်ကယ် Frame များမှ ဆိုင်ကယ် တစ်ချို့ တွေ့ရှိခဲ့ပါက ကူညီဆက်သွယ်ပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံပါတယ်ရှင်။ အကူအညီပေးခဲ့ပါက ညီမတို့ဘက်မှ ကူညီပေးမှုအတွက် တတ်နိုင်သရွေ့ ကျေးဇူးတုံ့ပြန်ပါမယ်ရှင့် “ လို့ ဆိုင်ရှင်က လူမှုကွန်ရက်ပေါ်ကတစ်ဆင့် အကူအညီ တောင်းထားပါတယ်။

ဖော်ပြပါ ဆိုင်ကယ် Frame များမှ ဆိုင်ကယ် တစ်ချို့ တွေ့ရှိခဲ့ပါက ကူညီဆက်သွယ်ပေးကြပါရန်

ဆိုင်ကယ်တွေကို တွေ့တဲ့သူတွေအနေနဲ့ ဖုန်းနံပါတ် 09893900011၊ 09782509984 ကို ဆက်သွယ်ပေးကြဖို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ (၃၁)ရက်မှာလည်း မဟာအောင်မြေမြို့နယ် (၃၈)လမ်းနဲ့ (၈၂)လမ်းထောင့်၊ ရပ်ကွက်ရုံးနားမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ကယ်အရောင်းဆိုင်တစ်ခုမှာလည်း ညအချိန် ဆိုင်ကို ဖောက်ထွင်းပြီး ဆိုင်ကယ် (၁၂)စီး ခိုးယူးခံခဲ့ရပါသေးတယ်။

၂၀၂၂ နှစ်ဆန်းပိုင်းကစပြီး မန္တလေးမြို့ပေါ်မှာ နေ့ခင်းကြောင်တောင် ဓားပြတိုက်တာ၊ အနုကြမ်းစီး လုယက်တာနဲ့ ဖောက်ထွင်းခိုးယူတာတွေ ဖြစ်ပွါးနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။ MFP