ၾကားသိသမွ်

နမ့်ခမ်းရှိ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် တပ်ရေးဗိုလ် ရိက္ခာငွေ သိန်း ၆၀၀ ခန့် ထုတ်ယူထွက်ပြေး

နမ့်ခမ်းရှိ စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် တပ်ရေးဗိုလ် ရိက္ခာငွေ သိန်း ၆၀၀ ခန့် ထုတ်ယူထွက်ပြေး

မဲခေါင်၊ မေ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်တွင် ပ်စွဲထားသည့် စစ်ကောင်စီတပ်မှ တပ်ရင်းတစ်ရင်းစာ ရိက္ခာငွေသိန်း ၆၀၀ခန့် ထုတ်ယူပြီး တပ်ရင်းမှူးနှင့် တပ်ရေးဗိုလ်တို့သည် ဧပြီလ ၂၀ရက်က ထွက်ပြေးသွားခဲ့ကြောင်း ၎င်းတို့နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

နမ့်ခမ်းမြို့နယ်၊ မန်တပ်ရွာ၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ၊ တပ်ရင်း(၁၄၄)၏ တပ်ရင်းမှူး ဗိုလ်မှူးကြီး ရာဇာမင်းနှင့် တပ်ရေးဗိုလ်အောင်ဆန်းဦးတို့ ၂ ဦးသည် ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်က ၎င်းတို့တပ်ရင်းတစ်ရင်းစာ ရိက္ခာငွေကို ထုတ်ယူပြီး ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ပြီးခဲ့လကတည်းက ဖြစ်တာပါ။ သတင်းမပေါက်ကြားအောင်လို့ အတွင်းမှာဖုံးထားခိုင်းတယ်။ ရိက္ခာငွေလည်း မရဘူး၊ လစာလည်း မရသေးဘူးပြောတယ်။ CDMလုပ်တာမဟုတ်ဘဲ ပိုက်ဆံယူပြီးတော့ ပြေးသွားတာ။ အသည်းအသန်လိုက်စုံစမ်းနေတာ၊ ခုထိ မသိရသေးဘူး”ဟု ၎င်းကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပါတ်သက်ပြီး သတင်းမပေါက်ကြားရန် ဖိအားပေးထားမှုကြောင့် ယခုမှသာ သတင်းထွက်ပေါ်လာခြင်းဖြစ်ပြီး ၎င်းတို့ ၂ဦးအား တပ်ပြေးများအဖြစ် ကြေညာထားကြောင်းကိုလည်း သိရသည်။

ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်ကလည်း ရှမ်းပြည်နယ်‌မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ် နမ့်ခေးရွာ တပ်စခန်းကုန်းရှိ စစ်ကောင်စီတပ်ရင်း(၂၅၂)မှ တပ်သား ၄ ဦး ထွက်ပြေးလွတ်မြောက်ပြီး လုံခြုံတဲ့နေရာ၌ ရှိနေကြောင်း သိရသည်။

နမ့္ခမ္းရွိ စစ္ေကာင္စီတပ္မွ တပ္ရင္းမႉးႏွင့္ တပ္ေရးဗိုလ္ ရိကၡာေငြ သိန္း ၆၀၀ ခန႔္ ထုတ္ယူထြက္ေျပး

မဲေခါင္၊ ေမ ၁၀

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ခမ္းၿမိဳ႕နယ္တြင္ ပ္စြဲထားသည့္ စစ္ေကာင္စီတပ္မွ တပ္ရင္းတစ္ရင္းစာ ရိကၡာေငြသိန္း ၆၀၀ခန႔္ ထုတ္ယူၿပီး တပ္ရင္းမႉးႏွင့္ တပ္ေရးဗိုလ္တို႔သည္ ဧၿပီလ ၂၀ရက္က ထြက္ေျပးသြားခဲ့ေၾကာင္း ၎တို႔ႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္မ်ားထံမွ သိရသည္။

နမ့္ခမ္းၿမိဳ႕နယ္၊ မန္တပ္ရြာ၌ တပ္စြဲထားသည့္ အာဏာသိမ္းစစ္ေကာင္စီလက္ေအာက္ခံ၊ တပ္ရင္း(၁၄၄)၏ တပ္ရင္းမႉး ဗိုလ္မႉးႀကီး ရာဇာမင္းႏွင့္ တပ္ေရးဗိုလ္ေအာင္ဆန္းဦးတို႔ ၂ ဦးသည္ ၿပီးခဲ့သည့္ ဧၿပီလ ၂၀ ရက္က ၎တို႔တပ္ရင္းတစ္ရင္းစာ ရိကၡာေငြကို ထုတ္ယူၿပီး ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“ၿပီးခဲ့လကတည္းက ျဖစ္တာပါ။ သတင္းမေပါက္ၾကားေအာင္လို႔ အတြင္းမွာဖုံးထားခိုင္းတယ္။ ရိကၡာေငြလည္း မရဘူး၊ လစာလည္း မရေသးဘူးေျပာတယ္။ CDMလုပ္တာမဟုတ္ဘဲ ပိုက္ဆံယူၿပီးေတာ့ ေျပးသြားတာ။ အသည္းအသန္လိုက္စုံစမ္းေနတာ၊ ခုထိ မသိရေသးဘူး”ဟု ၎ကေျပာသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပါတ္သက္ၿပီး သတင္းမေပါက္ၾကားရန္ ဖိအားေပးထားမႈေၾကာင့္ ယခုမွသာ သတင္းထြက္ေပၚလာျခင္းျဖစ္ၿပီး ၎တို႔ ၂ဦးအား တပ္ေျပးမ်ားအျဖစ္ ေၾကညာထားေၾကာင္းကိုလည္း သိရသည္။

ၿပီးခဲ့တဲ့ ဧၿပီလ ၄ ရက္ကလည္း ရွမ္းျပည္နယ္‌ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕နယ္ နမ့္ေခးရြာ တပ္စခန္းကုန္းရွိ စစ္ေကာင္စီတပ္ရင္း(၂၅၂)မွ တပ္သား ၄ ဦး ထြက္ေျပးလြတ္ေျမာက္ၿပီး လုံျခဳံတဲ့ေနရာ၌ ရွိေနေၾကာင္း သိရသည္။