ၾကားသိသမွ်

ယူကရိန်းသမ္မတဇလန်းစကီးက ဖောက်ခွဲရေးပစ္စည်း ၂ဝဝကျော်ကို ရှာဖွေခဲ့တဲ့ မိုင်းရှာခွေးလေးကိုဆုချီးမြင့်

ဖောက်ခွဲရေးပစ္စည်း ၂၀၀ကျော်ကို ရှာဖွေခဲ့တဲ့ ယူကရိန်းမိုင်းရှာခွေးလေး ဆုချီးမြင့်ခံရ

ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းမှာ မိုင်းရှာခွေးတွေရဲ့ သီးသန့်တာဝန်ထမ်းဆောင်တာကို အသိအမှတ်ပြုဖို့အတွက် ယူကရိန်း သမ္မတဇလန်းစကီးဟာ နာမည်ကျော် မိုင်းရှာခွေး Patron နဲ့ သူ့ရဲ့ပိုင်ရှင်ကို မေ ၈ ရက်မှာ ဆုတံဆိပ်ချီးမြင့်ခဲ့ပါတယ်။

Jack Russell ခွေးအမျိုးအစားဖြစ်တဲ့ Patron ဟာ ဖေဖော်ဝါရီ ၂၄ ရက် စစ်ပွဲစတင်ကတည်းက ဖောက်ခွဲရေးပစ္စည်း ၂၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ပေါက်ကွဲမှုကို တားဆီးနိုင်ခဲ့ကြောင့် အခုလို အသိအမှတ်ပြုခံခဲ့ရာပါ။

ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ ကိယက်ဗ် မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဇေလန်းစကီးက ဆုပထရွန်ကို ဆုချီးမြင့်ခဲ့တာပါ။

“ဒီနေ့၊ ကျနော်တို့မိုင်းတွင်းတွေကို ရှင်းလင်းဖယ်ရှားပေးတဲ့ ယူကရိန်းသူရဲကောင်းတွေကို ဆုချီးမြှင့်ချင်ပါတယ်။ ပြီးတော့ အကူအညီပေးတတ်တဲ့ အံ့ဖွယ်ခွေးလေး ပထရွန်ဟာ ကျနော်တို့ရဲ့ သူရဲကောင်းတွေနဲ့အတူ မိုင်းအန္တရာယ်ရှိတဲ့ ဒေသတွေမှာ ပေါက်ကွဲပစ္စည်းတွေကို ချေဖျက်ပေးရုံသာမကဘဲ ကျွန်တော်တို့ရဲ့ ကလေးတွေကို လိုအပ်တဲ့ ဘေးကင်းရေး စည်းကမ်းတွေကိုလည်း သင်ကြားပေးသွားမှာဖြစ်ပါတယ်’’လို့ ဇလန်းစကီးက အခမ်းအနားအပြီးမှာ ပြောခဲ့ပါတယ်။

ဆုကိုတော့ အရပ်ဘက်ကာကွယ်ရေးဌာနရဲ့ ဗိုလ်မှူးတဦးဖြစ်တဲ့ ပထရွန်ရဲ့ပိုင်ရှင် Myhailo Iliev ကို ပေးအပ်ခဲ့ပါတယ်။ DNA

ေဖာက္ခြဲေရးပစၥည္း ၂၀၀ေက်ာ္ကို ရွာေဖြခဲ့တဲ့ ယူကရိန္းမိုင္းရွာေခြးေလး ဆုခ်ီးျမင့္ခံရ

႐ုရွားက်ဴးေက်ာ္မႈေနာက္ပိုင္း ယူကရိန္းမွာ မိုင္းရွာေခြးေတြရဲ့ သီးသန႔္တာဝန္ထမ္းေဆာင္တာကို အသိအမွတ္ျပဳဖို႔အတြက္ ယူကရိန္း သမၼတဇလန္းစကီးဟာ နာမည္ေက်ာ္ မိုင္းရွာေခြး Patron နဲ႔ သူ႔ရဲ့ပိုင္ရွင္ကို ေမ ၈ ရက္မွာ ဆုတံဆိပ္ခ်ီးျမင့္ခဲ့ပါတယ္။

Jack Russell ေခြးအမ်ိဳးအစားျဖစ္တဲ့ Patron ဟာ ေဖေဖာ္ဝါရီ ၂၄ ရက္ စစ္ပြဲစတင္ကတည္းက ေဖာက္ခြဲေရးပစၥည္း ၂၀၀ ေက်ာ္ကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ေပါက္ကြဲမႈကို တားဆီးနိုင္ခဲ့ေၾကာင့္ အခုလို အသိအမွတ္ျပဳခံခဲ့ရာပါ။

ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau နဲ႔ ကိယက္ဗ္ ၿမိဳ႕မွာျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ သမၼတ ေဇလန္းစကီးက ဆုပထရြန္ကို ဆုခ်ီးျမင့္ခဲ့တာပါ။

“ဒီေန႔၊ က်ေနာ္တို႔မိုင္းတြင္းေတြကို ရွင္းလင္းဖယ္ရွားေပးတဲ့ ယူကရိန္းသူရဲေကာင္းေတြကို ဆုခ်ီးျမႇင့္ခ်င္ပါတယ္။ ၿပီးေတာ့ အကူအညီေပးတတ္တဲ့ အံ့ဖြယ္ေခြးေလး ပထရြန္ဟာ က်ေနာ္တို႔ရဲ့ သူရဲေကာင္းေတြနဲ႔အတူ မိုင္းအႏၲရာယ္ရွိတဲ့ ေဒသေတြမွာ ေပါက္ကြဲပစၥည္းေတြကို ေခ်ဖ်က္ေပး႐ုံသာမကဘဲ ကၽြန္ေတာ္တို႔ရဲ့ ကေလးေတြကို လိုအပ္တဲ့ ေဘးကင္းေရး စည္းကမ္းေတြကိုလည္း သင္ၾကားေပးသြားမွာျဖစ္ပါတယ္’’လို႔ ဇလန္းစကီးက အခမ္းအနားအၿပီးမွာ ေျပာခဲ့ပါတယ္။

ဆုကိုေတာ့ အရပ္ဘက္ကာကြယ္ေရးဌာနရဲ့ ဗိုလ္မႉးတဦးျဖစ္တဲ့ ပထရြန္ရဲ့ပိုင္ရွင္ Myhailo Iliev ကို ေပးအပ္ခဲ့ပါတယ္။ DNA