ၾကားသိသမွ်

နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ ပထမဆုံးအဓိပတိအဖြစ် ဒေါက်တာသိန်းလွင်ကို ခန့်အပ်

နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ ပထမဆုံးအဓိပတိအဖြစ် ဒေါက်တာသိန်းလွင်ကို ခန့်အပ်

စစ်ကိုင်း၊ မေ ၉

နွေဦးဆရာအတတ်သင်တက္ကသိုလ်ရဲ့ အဓိပတိအဖြစ် ဒေါက်တာသိန်းလွင်ကို ခန့်အပ်လိုက်တယ်လို့ ပညာရေးတက္ကသိုလ်တွေရဲ့ ကြားကာလပညာရေးအစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ နွေဦးဆရာအတတ်သင်တက္ကသိုလ်ထံကနေ သိရပါတယ်။


ယခင် တက္ကသိုလ်ဖွဲ့စည်းပုံများမှာလို ပါမောက္ခချုပ် လို ရာထူးမဟုတ်ဘဲ အဓိပတိ (Chancellor) ဆိုပြီး ခန့်အပ်လိုက်တာဟာ ဘာများ ထူးခြားသွားနိုင်လဲဆိုတာ မေးစရာမေးခွန်းတစ်ခု ဖြစ်လာပါတယ်။ ပညာရေးတက္ကသိုလ်တွေကို ပညာရေးပညာရှင်တွေကသာ လွတ်လွတ်လပ်လပ် ဦးဆောင်သင့်တယ်ဆိုတဲ့ အယူအဆဟာ ပညာရေးတက္ကသိုလ်တွေကြားထဲမှာ ရေပန်းစားတဲ့ အယူအဆတစ်ခုဖြစ်ပေမယ့် ယခု စစ်တပ်ကအာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာတဲ့ အချိန်မှာတော့ နွေဦးဆရာအတတ်သင်တက္ကသိုလ်ကနေ ဒေါက်တာသိန်းလွင်ကို တက္ကသိုလ်ရဲ့ ခေါင်းဆောင်အဖြစ် ကြေညာလိုက်ပါတယ်။


အခုလို စစ်ကောင်စီက တက္ကသိုလ်တွေကို အသည်းအသန် ပြန်ဖွင့်ခိုင်းနေတဲ့ အခြေအနေမျိုးမှာ နွေဦးဆရာအတတ်သင်တက္ကသိုလ်ဘက်က ရှေ့ဆက်ပြီး ဘာတွေလုပ်ဆောင်ဖို့ရှိနေမှာလဲဆိုတာနဲ့ ပညာရေးတက္ကသိုလ်က CDM ကျောင်းသားတွေအပေါ် ဘယ်လောက်ထိ စွမ်းဆောင်ပေးနိုင်မှာလဲဆိုတာ ဆက်လက် စောင့်ကြည့်ရမယ့် အနေအထားဖြစ်ပါတယ်။

crd-ဒို့အသံ သတင်းစဉ်

ေႏြဦးဆရာအတတ္သင္တကၠသိုလ္ရဲ့ ပထမဆုံးအဓိပတိအျဖစ္ ေဒါက္တာသိန္းလြင္ကို ခန႔္အပ္

စစ္ကိုင္း၊ ေမ ၉

ေႏြဦးဆရာအတတ္သင္တကၠသိုလ္ရဲ့ အဓိပတိအျဖစ္ ေဒါက္တာသိန္းလြင္ကို ခန႔္အပ္လိုက္တယ္လို႔ ပညာေရးတကၠသိုလ္ေတြရဲ့ ၾကားကာလပညာေရးအစီအစဥ္နဲ႔ ဖြင့္လွစ္ထားတဲ့ ေႏြဦးဆရာအတတ္သင္တကၠသိုလ္ထံကေန သိရပါတယ္။

ယခင္ တကၠသိုလ္ဖြဲ႕စည္းပုံမ်ားမွာလို ပါေမာကၡခ်ဳပ္ လို ရာထူးမဟုတ္ဘဲ အဓိပတိ (Chancellor) ဆိုၿပီး ခန႔္အပ္လိုက္တာဟာ ဘာမ်ား ထူးျခားသြားနိုင္လဲဆိုတာ ေမးစရာေမးခြန္းတစ္ခု ျဖစ္လာပါတယ္။ ပညာေရးတကၠသိုလ္ေတြကို ပညာေရးပညာရွင္ေတြကသာ လြတ္လြတ္လပ္လပ္ ဦးေဆာင္သင့္တယ္ဆိုတဲ့ အယူအဆဟာ ပညာေရးတကၠသိုလ္ေတြၾကားထဲမွာ ေရပန္းစားတဲ့ အယူအဆတစ္ခုျဖစ္ေပမယ့္ ယခု စစ္တပ္ကအာဏာသိမ္းၿပီး တစ္ႏွစ္ေက်ာ္ၾကာလာတဲ့ အခ်ိန္မွာေတာ့ ေႏြဦးဆရာအတတ္သင္တကၠသိုလ္ကေန ေဒါက္တာသိန္းလြင္ကို တကၠသိုလ္ရဲ့ ေခါင္းေဆာင္အျဖစ္ ေၾကညာလိုက္ပါတယ္။

အခုလို စစ္ေကာင္စီက တကၠသိုလ္ေတြကို အသည္းအသန္ ျပန္ဖြင့္ခိုင္းေနတဲ့ အေျခအေနမ်ိဳးမွာ ေႏြဦးဆရာအတတ္သင္တကၠသိုလ္ဘက္က ေရွ႕ဆက္ၿပီး ဘာေတြလုပ္ေဆာင္ဖို႔ရွိေနမွာလဲဆိုတာနဲ႔ ပညာေရးတကၠသိုလ္က CDM ေက်ာင္းသားေတြအေပၚ ဘယ္ေလာက္ထိ စြမ္းေဆာင္ေပးနိုင္မွာလဲဆိုတာ ဆက္လက္ ေစာင့္ၾကည့္ရမယ့္ အေနအထားျဖစ္ပါတယ္။

crd-ဒို႔အသံ သတင္းစဥ္