ၾကားသိသမွ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှမှကားနှစ်စီးကို မို င်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၅ ဦး ပွဲချင်းပြီး (ရုပ်သံ)

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှကားနှစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၅ ဦး ပွဲချင်းပြီး သေဆုံး (ရုပ်သံ)

မေ ၉

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်ခွာလာသည့် ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးခန့် နေရာ၌ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ယင်းမာပင် – ကနီမဟာမိတ်တပ်ပေါင်းစု တာ၀န်ရှိသူကပြောသည်။

မတ်လ ၈ ရက် နေ့လည်ပိုင်းတွင် မုံရွာ – ဘုတလင်လမ်းပိုင်း၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ဒဏ်ရာရသူများလည်း ရှိခဲ့သည်ဟု ၎င်းကပြောသည်။

“ကျန်တော်တို့ အဆင့်မြှင့်တင်ထားတဲ့ မိုင်း ၁၀ လုံးကျော်ခွဲပြီး တိုက်ခဲ့တယ်။ မိုင်းတစ်လုံးစကွဲတော့ စစ်သားတွေက လမ်းဆင်းလျောက်တယ်။ အဲဒီမှာ ဆက်ခွဲတော့တာပဲ” ဟု ယင်းမာပင် – ကနီမဟာမိတ်တပ်ပေါင်းစု တာ၀န်ရှိသူကပြောသည်။

ယင်းမာပင် – ကနီမဟာမိတ်တပ်ပေါင်းစုသည် စစ်ကောင်စီတပ်သား အပြည့်လိုက်ပါလာသည့် ကားနှစ်စီးကို ဒေသတွင်းရှိ တော်လှန်ရေးအဖွဲ့ သုံးခုနှင့် ပူးပေါင်းကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုတွင် တော်လှန်ရေးသမားများ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။crd-လူငယ့်ခေတ်

အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္မွကားႏွစ္စီးကို မိုင္းဆြဲ တိုက္ခိုက္ရာ စစ္ေကာင္စီ တပ္သား ၁၅ ဦး ပြဲခ်င္းၿပီး ေသဆုံး (႐ုပ္သံ)

ေမ ၉

စစ္ကိုင္းတိုင္း၊ မုံရြာအေျခစိုက္ အေနာက္ေျမာက္တိုင္းစစ္ဌာနခ်ဳပ္မွ ထြက္ခြာလာသည့္ ကားႏွစ္စီးကို မိုင္းဆြဲတိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္သား ၁၅ ဦးခန႔္ ေနရာ၌ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ယင္းမာပင္ – ကနီမဟာမိတ္တပ္ေပါင္းစု တာ၀န္ရွိသူကေျပာသည္။

မတ္လ ၈ ရက္ ေန႔လည္ပိုင္းတြင္ မုံရြာ – ဘုတလင္လမ္းပိုင္း၌ မိုင္းဆြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္ၿပီး စစ္ေကာင္စီတပ္မွ ဒဏ္ရာရသူမ်ားလည္း ရွိခဲ့သည္ဟု ၎ကေျပာသည္။

“က်န္ေတာ္တို႔ အဆင့္ျမႇင့္တင္ထားတဲ့ မိုင္း ၁၀ လုံးေက်ာ္ခြဲၿပီး တိုက္ခဲ့တယ္။ မိုင္းတစ္လုံးစကြဲေတာ့ စစ္သားေတြက လမ္းဆင္းေလ်ာက္တယ္။ အဲဒီမွာ ဆက္ခြဲေတာ့တာပဲ” ဟု ယင္းမာပင္ – ကနီမဟာမိတ္တပ္ေပါင္းစု တာ၀န္ရွိသူကေျပာသည္။

ယင္းမာပင္ – ကနီမဟာမိတ္တပ္ေပါင္းစုသည္ စစ္ေကာင္စီတပ္သား အျပည့္လိုက္ပါလာသည့္ ကားႏွစ္စီးကို ေဒသတြင္းရွိ ေတာ္လွန္ေရးအဖြဲ႕ သုံးခုႏွင့္ ပူးေပါင္းကာ မိုင္းဆြဲတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။ အဆိုပါတိုက္ခိုက္မႈတြင္ ေတာ္လွန္ေရးသမားမ်ား ထိခိုက္မႈမရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။crd-လူငယ့္ေခတ္