ၾကားသိသမွ်

ဗိုလ်နဂါးအဖွဲ့၏ တောင်းဆိုချက်များ တင်သမျှ ဖြုတ်ချခံနေရ

NUG ကတိတည်ရန် ဗိုလ်နဂါးအဖွဲ့၏ တောင်းဆိုချက်များ တင်သမျှအဖြုတ်ချခံနေရ

ရန်ကုန်၊ မေ (၉)

NUG က တပ်ရင်းတစ်ရင်းစာ လက်နက်တပ်ဆင်ပေးမည့်ကတိအတိုင်း အမြန်ဆုံးတာဝန်ယူတပ်ဆင်ပေးရန် Facebook လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်‌တောင်းဆိုမှုများမှာ Report (Facebook ထံ တိုင်ကြားခံရ) လုပ်ခံနေရသည်ဟု မြန်မာတော်ဝင် နဂါးတပ်တော် -MRDA မှ သိရသည်။

မတ်လ (၁၃) ရက်က ဝန်ကြီးဦးရည်မွန်နှင့် တွေ့ဆုံဆွေးနွေးခဲ့စဉ် MRDA ၏ စာရင်းသွင်းတပ်များအားလုံးကို လက်နက်တပ်ဆင်ရန် မဖြစ်နိုင်သော်လည်း တပ်ရင်းတစ်ရင်းစာ တပ်ဆင်မှုကို ထို့နေ့မှစ၍ တစ်လအတွင်းပေးမည်ဟု ဝန်ကြီးက ကတိပေးခဲ့‌ကြောင်း ဆိုသည်။

ထို့ကြောင့် ကတိပေးထားသည့်အတိုင်း တပ်ဆင်ပေးရန် အကြိမ်ကြိမ်ဆယ်သွယ်ခဲ့သော်လည်း မရရှိသေးသည့်အတွက် ယခုကဲ့သို အင်တာနက်ပေါ်တင်ရခြင်း ဖြစ်ကြောင်း သိရသည်။

“တောင်းခံလွှာစာတင်သမျှ ကျွန်တော်တို့ရဲ့ Admin အကောင့်တွေအားလုံး Report ထိကြပါတယ်။ တောင်းဆိုနေတာကြာပါပြီ။”ဟု MRDA ၏ ထောက်ပို့တာဝန်ခံတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

Facebook ၏ စည်းကမ်းများ၌ လူသတ်ရန်ကိစ္စများနှင့် လက်နက်ကိစ္စများကို ရေးသားပါက အလိုအလျောက်ပယ်ဖျက်သည့်စနစ်ကို ထည့်သွင်းထားသကဲ့သို့ မပယ်ဖျက်မိပါကလည်း တိုင်ကြားသူရှိလျင် ဖြုတ်ချမှုများ ရှိနေသည်။

ဦးရည်မွန်ကို ဗိုလ်နဂါးဦးဆောင်သည့် စစ်ကိုင်း ပြည်သူ့ကာကွယ်ရေးအင်အားစုများက လက်နက်တပ်ဆင်ပေးရန် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း အကြောင်းပြန်ကြားမှုမရှိကြောင်းနှင့် စစ်ရေးကိစ္စ တိုင်ပင်ဆွေးနွေးရန် ဆက်သွယ်သော်လည်း အကြောင်းပြန်ကြားမှုမရှိကြောင်း ယ‌နေ့ထပ်မံ ထုတ်ပြန်ထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကို စာတင်မေးမြန်းထားသော်လည်း အကြောင်းမပြန်ဟု ဆိုသည်။

လက်ရှိအချိန်၌ အကြမ်းဖက်စစ်ကောင်စီက MRDA ရှိရာဒေသကိုဦးတည်ပြီး ချေမှုန်းရေးထိုးစစ်ဆင်ရန် ပြင်ဆင်နေသည့်အထားတစ်ခုကို ရင်ဆိုင်နေရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကိစ္စများနှင့်ပတ်သက်၍ တော်လှန်ရေးသမားအချို့က NUG ကို ဝေဖန်လျက်ရှိပြီး NUG ဘက်ကမူ မည်သည့်တုံ့ပြန်မှုမျှ မရှိသေးပေ။

MRDA ကို ဗိုလ်နဂါးဦးဆောင်သော စစ်ကိုင်းတိုင်း၊ ပုလဲဒေသရှိတော်လှန်ရေးသမားများဖြင့် စတင်‌ဖွဲ့စည်းခဲ့ပြီး NUG ကာကွယ်ရေးဝန်ကြီးဌာနတွင်လည်း တပ်ရင်းတပ်ဖွဲ့များစနစ်တကျပေးသွင်း၍ အသိမှတ်ပြုပူးပေါင်းပါဝင်ထားသည့် အဖွဲ့ဖြစ်သည်။ လူငယ့်ခေတ်

NUG ကတိတည္ရန္ ဗိုလ္နဂါးအဖြဲ႕၏ ေတာင္းဆိုခ်က္မ်ား တင္သမၽွအျဖဳတ္ခ်ခံေနရ

ရန္ကုန္၊ ေမ (၉)

NUG က တပ္ရင္းတစ္ရင္းစာ လက္နက္တပ္ဆင္ေပးမည့္ကတိအတိုင္း အျမန္ဆုံးတာဝန္ယူတပ္ဆင္ေပးရန္ Facebook လူမႈကြန္ယက္စာမ်က္ႏွာမွတစ္ဆင့္ ထုတ္ျပန္‌ေတာင္းဆိုမႈမ်ားမွာ Report (Facebook ထံ တိုင္ၾကားခံရ) လုပ္ခံေနရသည္ဟု ျမန္မာေတာ္ဝင္ နဂါးတပ္ေတာ္ -MRDA မွ သိရသည္။

မတ္လ (၁၃) ရက္က ဝန္ႀကီးဦးရည္မြန္ႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့စဥ္ MRDA ၏ စာရင္းသြင္းတပ္မ်ားအားလုံးကို လက္နက္တပ္ဆင္ရန္ မျဖစ္နိုင္ေသာ္လည္း တပ္ရင္းတစ္ရင္းစာ တပ္ဆင္မႈကို ထို႔ေန႔မွစ၍ တစ္လအတြင္းေပးမည္ဟု ဝန္ႀကီးက ကတိေပးခဲ့‌ေၾကာင္း ဆိုသည္။

ထို႔ေၾကာင့္ ကတိေပးထားသည့္အတိုင္း တပ္ဆင္ေပးရန္ အႀကိမ္ႀကိမ္ဆယ္သြယ္ခဲ့ေသာ္လည္း မရရွိေသးသည့္အတြက္ ယခုကဲ့သို အင္တာနက္ေပၚတင္ရျခင္း ျဖစ္ေၾကာင္း သိရသည္။

“ေတာင္းခံလႊာစာတင္သမၽွ ကၽြန္ေတာ္တို႔ရဲ့ Admin အေကာင့္ေတြအားလုံး Report ထိၾကပါတယ္။ ေတာင္းဆိုေနတာၾကာပါၿပီ။”ဟု MRDA ၏ ေထာက္ပို႔တာဝန္ခံတစ္ဦးက လူငယ့္ေခတ္သို႔ ေျပာသည္။

Facebook ၏ စည္းကမ္းမ်ား၌ လူသတ္ရန္ကိစၥမ်ားႏွင့္ လက္နက္ကိစၥမ်ားကို ေရးသားပါက အလိုအေလ်ာက္ပယ္ဖ်က္သည့္စနစ္ကို ထည့္သြင္းထားသကဲ့သို႔ မပယ္ဖ်က္မိပါကလည္း တိုင္ၾကားသူရွိလ်င္ ျဖဳတ္ခ်မႈမ်ား ရွိေနသည္။

ဦးရည္မြန္ကို ဗိုလ္နဂါးဦးေဆာင္သည့္ စစ္ကိုင္း ျပည္သူ႔ကာကြယ္ေရးအင္အားစုမ်ားက လက္နက္တပ္ဆင္ေပးရန္ အႀကိမ္ႀကိမ္ဆက္သြယ္ခဲ့ေသာ္လည္း အေၾကာင္းျပန္ၾကားမႈမရွိေၾကာင္းႏွင့္ စစ္ေရးကိစၥ တိုင္ပင္ေဆြးေႏြးရန္ ဆက္သြယ္ေသာ္လည္း အေၾကာင္းျပန္ၾကားမႈမရွိေၾကာင္း ယ‌ေန႔ထပ္မံ ထုတ္ျပန္ထားသည္။

ကာကြယ္ေရးဝန္ႀကီးဌာန (MOD) ကို စာတင္ေမးျမန္းထားေသာ္လည္း အေၾကာင္းမျပန္ဟု ဆိုသည္။

လက္ရွိအခ်ိန္၌ အၾကမ္းဖက္စစ္ေကာင္စီက MRDA ရွိရာေဒသကိုဦးတည္ၿပီး ေခ်မႈန္းေရးထိုးစစ္ဆင္ရန္ ျပင္ဆင္ေနသည့္အထားတစ္ခုကို ရင္ဆိုင္ေနရသည္ဟုလည္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထိုကိစၥမ်ားႏွင့္ပတ္သက္၍ ေတာ္လွန္ေရးသမားအခ်ိဳ႕က NUG ကို ေဝဖန္လ်က္ရွိၿပီး NUG ဘက္ကမူ မည္သည့္တုံ႔ျပန္မႈမၽွ မရွိေသးေပ။

MRDA ကို ဗိုလ္နဂါးဦးေဆာင္ေသာ စစ္ကိုင္းတိုင္း၊ ပုလဲေဒသရွိေတာ္လွန္ေရးသမားမ်ားျဖင့္ စတင္‌ဖြဲ႕စည္းခဲ့ၿပီး NUG ကာကြယ္ေရးဝန္ႀကီးဌာနတြင္လည္း တပ္ရင္းတပ္ဖြဲ႕မ်ားစနစ္တက်ေပးသြင္း၍ အသိမွတ္ျပဳပူးေပါင္းပါဝင္ထားသည့္ အဖြဲ႕ျဖစ္သည္။ လူငယ့္ေခတ္