ၾကားသိသမွ်

ဒလန်ရှင်းပြီးအပြန် ဖရဲသီးက သတင်းပေးလို့ စစ်တပ်စခန်းတစ်ခုကို လမ်းကြုံ ဝင်သိမ်း

ဒလန်ရှင်းပြီးအပြန် စစ်တပ်စခန်းတစ်ခုကို လမ်းကြုံ ဝင်သိမ်း

မေ ၉၊ ၂၀၂၂

စစ်တပ်သတင်းပေး ဒလန်ရှင်းပြီး ပြန်လာတဲ့ တော်လှန်မဟာမိတ်အဖွဲ့တွေက စစ်ကောင်စီတပ် တပ်စွဲထားတဲ့နေရာကို လမ်းကြုံအဖြစ်တက်သိမ်းခဲ့တယ်လို့ BLACK WOLF – PDF က ဒီနေ့မှာထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက ပုလဲသွယ်ရွာကို မီးရှို့ပြီးနောက် ထနောင်းကိုင်းရွာအား ဆက်လက်မီးရှို့နေတဲ့ စစ်ကောင်စီတပ်‌တွေကို မဟာမိတ်တပ်‌တွေက အစောပိုင်းမှာ ဝိုင်း၀န်းပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဟာ ထနောင်းကိုင်းရွာအရှေ့ဘက်ရှိ ယာတဲစုကို ပြေးသွားကြပြီး အဲဒီ‌နေရာမှာ (၂) နာရီ‌လောက် တပ်စွဲထားတာကို ဖရဲသီးက သတင်းပို့ခဲ့ပါတယ်။

အဲဒါကြောင့် ထနောင်းကိုင်းရွာအရှေ့ဘက်မှာ မေလ (၇) ရက်နေ့က တပ်စွဲထားတဲ့ ယာတဲစုကို BLACK WOLF – PDF နဲ့ မဟာမိတ်‌တွေက ၄၀ မမ ဗုံးပစ်လောင်ချာတွေနဲ့ပစ်ခတ်ကာ တက်ရောက် သိမ်းပိုက်ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် (၄၅) မိနစ်ခန့် အကြာမှာ စစ်ကောင်စီတပ်တွေ ထွက်ပြေးသွားခဲ့တဲ့အတွက် သူတို့ကို မဟာမိတ်တပ်ပေါင်းစုက လိုက်လံပစ်ခတ်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။ #The Nation Voice

ဒလန္ရွင္းၿပီးအျပန္ စစ္တပ္စခန္းတစ္ခုကို လမ္းၾကဳံ ဝင္သိမ္း

ေမ ၉၊ ၂၀၂၂

စစ္တပ္သတင္းေပး ဒလန္ရွင္းၿပီး ျပန္လာတဲ့ ေတာ္လွန္မဟာမိတ္အဖြဲ႕ေတြက စစ္ေကာင္စီတပ္ တပ္စြဲထားတဲ့ေနရာကို လမ္းၾကဳံအျဖစ္တက္သိမ္းခဲ့တယ္လို႔ BLACK WOLF – PDF က ဒီေန႔မွာထုတ္ျပန္ပါတယ္။

စစ္ကိုင္းတိုင္း ဝက္လက္ၿမိဳ႕နယ္ထဲက ပုလဲသြယ္ရြာကို မီးရွို႔ၿပီးေနာက္ ထေနာင္းကိုင္းရြာအား ဆက္လက္မီးရွို႔ေနတဲ့ စစ္ေကာင္စီတပ္‌ေတြကို မဟာမိတ္တပ္‌ေတြက အေစာပိုင္းမွာ ဝိုင္း၀န္းပစ္ခတ္ခဲ့ရာ စစ္ေကာင္စီတပ္ဟာ ထေနာင္းကိုင္းရြာအေရွ႕ဘက္ရွိ ယာတဲစုကို ေျပးသြားၾကၿပီး အဲဒီ‌ေနရာမွာ (၂) နာရီ‌ေလာက္ တပ္စြဲထားတာကို ဖရဲသီးက သတင္းပို႔ခဲ့ပါတယ္။

အဲဒါေၾကာင့္ ထေနာင္းကိုင္းရြာအေရွ႕ဘက္မွာ ေမလ (၇) ရက္ေန႔က တပ္စြဲထားတဲ့ ယာတဲစုကို BLACK WOLF – PDF နဲ႔ မဟာမိတ္‌ေတြက ၄၀ မမ ဗုံးပစ္ေလာင္ခ်ာေတြနဲ႔ပစ္ခတ္ကာ တက္ေရာက္ သိမ္းပိုက္ခဲ့ပါတယ္။

တိုက္ပြဲျဖစ္ပြားခ်ိန္ (၄၅) မိနစ္ခန္႔ အၾကာမွာ စစ္ေကာင္စီတပ္ေတြ ထြက္ေျပးသြားခဲ့တဲ့အတြက္ သူတို႔ကို မဟာမိတ္တပ္ေပါင္းစုက လိုက္လံပစ္ခတ္ခဲ့ၿပီးေနာက္ ျပန္လည္ဆုတ္ခြာခဲ့တယ္လို႔ သိရပါတယ္။ #The Nation Voice