ၾကားသိသမွ်

ဆားလင်းကြီးရဲစခန်းဆီ ရိက္ခာပို့အကြမ်းဖက်စစ်ကောင်စီရေယာဉ်ကို PDF တွေတိုက်ခိုက် (ရုပ်သံ)

ဆားလင်းကြီးရဲစခန်းဆီ ရိက္ခာပို့အကြမ်းဖက်စစ်ကောင်စီရေယာဉ်ကို PDF တွေတိုက်ခိုက် (ရုပ်သံ)

လူငယ့်ခေတ်

မေ ၉

စစ်ကိုင်းတိုင်း ဆားလင်းကြီးရဲစခန်းကို ချင်းတွင်းမြစ်ကြောင်းကနေ ရိက္ခာလာပို့တဲ့ အကြမ်းဖက်စစ်ကောင်စီ ရေယာဉ်ကို ပြီးခဲ့တဲ့ မေလ၇ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားအယောက်(၇၀)ကျော်ပါလာတဲ့ ရိက္ခာပို့ရေယာဉ်ကို Salingyi GZ ၊ ချင်းတွင်းကာကွယ်ရေးအထူးတပ်ဖွဲ့ ၊Monywa Peregrine PDFတပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီရေယာဉ်ဟာ ကမ်းမကပ်နိုင်ဘဲ ထွက်ပြေးရတယ်လို့ Salingyi GZ LocalPdfတပ်ဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ အထိနာတယ်လို့ Salingyi GZ LocalPdfတပ်ဖွဲ့က ဆိုပြီး အတိအကျမသိရသေးဖူးလို့ ထုတ်ပြန်ပါတယ်။

ဆားလင်းကြီးရဲစခန်းက စစ်ကောင်စီတပ်တွေကလဲ ပြန်လည်တိုက်ခိုက်ခဲ့ပေမယ့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Video-Salingyi GZ LocalPdf

ဆားလင္းႀကီးရဲစခန္းဆီ ရိကၡာပို႔အၾကမ္းဖက္စစ္ေကာင္စီေရယာဥ္ကို PDF ေတြတိုက္ခိုက္ (႐ုပ္သံ)

လူငယ့္ေခတ္

ေမ ၉

စစ္ကိုင္းတိုင္း ဆားလင္းႀကီးရဲစခန္းကို ခ်င္းတြင္းျမစ္ေၾကာင္းကေန ရိကၡာလာပို႔တဲ့ အၾကမ္းဖက္စစ္ေကာင္စီ ေရယာဥ္ကို ၿပီးခဲ့တဲ့ ေမလ၇ရက္ေန႔က ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြ တိုက္ခိုက္ခဲ့တဲ့ ႐ုပ္သံမွတ္တမ္းျဖစ္ပါတယ္။

စစ္ေကာင္စီတပ္သားအေယာက္(၇၀)ေက်ာ္ပါလာတဲ့ ရိကၡာပို႔ေရယာဥ္ကို Salingyi GZ ၊ ခ်င္းတြင္းကာကြယ္ေရးအထူးတပ္ဖြဲ႕ ၊Monywa Peregrine PDFတပ္ဖြဲ႕ တို႔ ပူးေပါင္းတိုက္ခိုက္ခဲ့ရာမွာ အၾကမ္းဖက္စစ္ေကာင္စီေရယာဥ္ဟာ ကမ္းမကပ္နိုင္ဘဲ ထြက္ေျပးရတယ္လို႔ Salingyi GZ LocalPdfတပ္ဖြဲ႕က မေန႔က သတင္းထုတ္ျပန္ပါတယ္။

အဲ့ဒီတိုက္ပြဲမွာ အၾကမ္းဖက္စစ္ေကာင္စီတပ္ေတြ အထိနာတယ္လို႔ Salingyi GZ LocalPdfတပ္ဖြဲ႕က ဆိုၿပီး အတိအက်မသိရေသးဖူးလို႔ ထုတ္ျပန္ပါတယ္။

ဆားလင္းႀကီးရဲစခန္းက စစ္ေကာင္စီတပ္ေတြကလဲ ျပန္လည္တိုက္ခိုက္ခဲ့ေပမယ့္ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ေတြ အထိအခိုက္မရွိ ဆုတ္ခြာနိုင္ခဲ့တယ္လို႔ သိရပါတယ္။

Video-Salingyi GZ LocalPdf