ၾကားသိသမွ်

စစ်ကောင်စီသည် အကြမ်းဖက်အာဏာသိမ်းထား၍ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲခေါ်ပိုင်ခွင့်မရှိဟု KNUပြော

စစ်ကောင်စီသည် အကြမ်းဖက်အာဏာသိမ်းထား၍ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲခေါ်ပိုင်ခွင့်မရှိဟု KNUပြော
နိုင်ငံရေးဆွေးနွေးပွဲများနှင့် ထိုက်တန်သူမဟုတ်ဟု အသိပေး

သက်ဝေ/People’s Spring

မင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်ကောင်စီသည် အကြမ်းဖက်ပြီး အာဏာသိမ်းထားခြင်းဖြစ်၍ တရားဝင်အဖွဲ့အစည်းမဟုတ်သည်နှင့်အညီ တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများ ခေါ်ပိုင်ခွင့်မရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ယနေ့ပြောကြားသည်။

စစ်ကောင်စီခေါင်းဆောင်သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် သူကိုယ်တိုင် ဆွေးနွေးလိုကြောင်း ဧပြီ ၂၂ရက်က ဖိတ်ခေါ် ခဲ့ပြီး မေလ ၉ရက်နောက်ဆုံးထား ပြန်ကြားပေးရန် ပြောကြားခဲ့သည်။

ထိုသို့ စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်အပေါ် KNUက နာရီပိုင်းအတွင်း၌ပင် ဖိတ်ခေါ်မှုကို လက်မခံကြောင်း ပယ်ချခဲ့ပြီး ရပ်တည်ချက် အပြောင်းအလဲမရှိကြောင်း ယနေ့တွင် ပဒိုစောတောနီးက ထပ်လောင်းပြောကြားသည်။

“စကစဟာ အကြမ်းဖက် အာဏာသိမ်းခဲ့တာကြောင့် တရားဝင်တဲ့ အဖွဲ့အစည်း မဖြစ်တာနဲ့အညီ မည်သည့် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲကိုမှ ခေါ်ပိုင်ခွင့်မရှိသလို ဒီလိုနိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ထိုက်တန်တဲ့လူတွေမဟုတ်ပါကြောင်း သိစေအပ်ပါတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

KNU ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်သည် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ၏ ပြောဆိုချက်နှင့် ကိုက်ညီသည်။

စစ်ကောင်စီခေါင်းဆောင်အနေဖြင့် ရွေးကောက်ခံ အစိုးရ ခေါင်းဆောင်များကို ဖမ်းဆီးပြီး အာဏာသိမ်းထားခြင်းဖြစ်၍ တိုင်းရင်းသားလက်နက်ကိုင်များ လိုလားသည့် နိုင်ငံရေးဆွေးနွေးရေးကိစ္စ စစ်ကောင်စီ၌အခွင့်အာဏာရှိမရှိ မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက

“ကျွန်တော်တို့ဘက်ကနေတော့ အဲဒါကတော့ မရှိဘူးလို့ ကျွန်တော်တို့ မြင်တယ်လေ။ အဲဒါကြောင့် ပြောတာပါ။ တကယ့် စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကိုတော့ ဖိတ်သင့်တယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ အဲဒါမဖိတ်ဘဲနဲ့ ရွေးပြီးမှပဲ ဖိတ်ခေါ်တယ်ဆိုတော့ အဖြေကောင်းတော့မထွက်ဘူးပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ မတက်ရခြင်းဖြစ်ပါတယ်”ဟု မှတ်ချက်ပြုသည်။

ထို့ကြောင့် နိုင်ငံ၏အရေးအရာများကို တန်းတူဆွေးနွေးနိုင်သည့် အချိန်အခါ အခင်းအကျင်းများ ရှိမှသာ KIO အနေဖြင့်ပါဝင်မည်ဟု စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်ကို ပယ်ချကြောင်း အသိပေးသည့် ကြေညာချက်၌ ဖော်ပြထားသည်။

အလားတူ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့ကလည်း စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်ကို လက်မခံဘဲ KNU နှင့် KIO အဖွဲ့အစည်းများ၏ သဘောထားအတိုင်းပင် ဆွေးနွေးပွဲ အခင်းအကျင်းနှင့်ပတ်သက်ပြီး ထောက်ပြထားသည်။

#လူထုနွေဦး

စစ္ေကာင္စီသည္ အၾကမ္းဖက္အာဏာသိမ္းထား၍ တရားဝင္နိုင္ငံေရးေဆြးေႏြးပြဲေခၚပိုင္ခြင့္မရွိဟု KNUေျပာ
နိုင္ငံေရးေဆြးေႏြးပြဲမ်ားႏွင့္ ထိုက္တန္သူမဟုတ္ဟု အသိေပး

သက္ေဝ/People’s Spring

မင္းေအာင္လွိုင္ေခါင္းေဆာင္သည့္ စစ္ေကာင္စီသည္ အၾကမ္းဖက္ၿပီး အာဏာသိမ္းထားျခင္းျဖစ္၍ တရားဝင္အဖြဲ႕အစည္းမဟုတ္သည္ႏွင့္အညီ တရားဝင္နိုင္ငံေရးေဆြးေႏြးပြဲမ်ား ေခၚပိုင္ခြင့္မရွိေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)ေျပာေရးဆိုခြင့္ရွိသူ ပဒိုေစာေတာနီးက ယေန႔ေျပာၾကားသည္။

စစ္ေကာင္စီေခါင္းေဆာင္သည္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္မ်ားႏွင့္ သူကိုယ္တိုင္ ေဆြးေႏြးလိုေၾကာင္း ဧၿပီ ၂၂ရက္က ဖိတ္ေခၚ ခဲ့ၿပီး ေမလ ၉ရက္ေနာက္ဆုံးထား ျပန္ၾကားေပးရန္ ေျပာၾကားခဲ့သည္။

ထိုသို႔ စစ္ေကာင္စီေခါင္းေဆာင္၏ ဖိတ္ေခၚခ်က္အေပၚ KNUက နာရီပိုင္းအတြင္း၌ပင္ ဖိတ္ေခၚမႈကို လက္မခံေၾကာင္း ပယ္ခ်ခဲ့ၿပီး ရပ္တည္ခ်က္ အေျပာင္းအလဲမရွိေၾကာင္း ယေန႔တြင္ ပဒိုေစာေတာနီးက ထပ္ေလာင္းေျပာၾကားသည္။

“စကစဟာ အၾကမ္းဖက္ အာဏာသိမ္းခဲ့တာေၾကာင့္ တရားဝင္တဲ့ အဖြဲ႕အစည္း မျဖစ္တာနဲ႔အညီ မည္သည့္ တရားဝင္နိုင္ငံေရးေဆြးေႏြးပြဲကိုမွ ေခၚပိုင္ခြင့္မရွိသလို ဒီလိုနိုင္ငံေရးေဆြးေႏြးပြဲေတြနဲ႔ ထိုက္တန္တဲ့လူေတြမဟုတ္ပါေၾကာင္း သိေစအပ္ပါတယ္”ဟု ပဒိုေစာေတာနီးက ေျပာသည္။

KNU ေျပာေရးဆိုခြင့္ရွိသူ၏ ေျပာဆိုခ်က္သည္ ကခ်င္လြတ္လပ္ေရးအဖြဲ႕/ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIO/KIA) သတင္းျပန္ၾကားေရးတာဝန္ခံ ဗိုလ္မႉးႀကီးေနာ္ဘူ၏ ေျပာဆိုခ်က္ႏွင့္ ကိုက္ညီသည္။

စစ္ေကာင္စီေခါင္းေဆာင္အေနျဖင့္ ေရြးေကာက္ခံ အစိုးရ ေခါင္းေဆာင္မ်ားကို ဖမ္းဆီးၿပီး အာဏာသိမ္းထားျခင္းျဖစ္၍ တိုင္းရင္းသားလက္နက္ကိုင္မ်ား လိုလားသည့္ နိုင္ငံေရးေဆြးေႏြးေရးကိစၥ စစ္ေကာင္စီ၌အခြင့္အာဏာရွိမရွိ ေမးျမန္းရာ ဗိုလ္မႉးႀကီးေနာ္ဘူက

“ကၽြန္ေတာ္တို႔ဘက္ကေနေတာ့ အဲဒါကေတာ့ မရွိဘူးလို႔ ကၽြန္ေတာ္တို႔ ျမင္တယ္ေလ။ အဲဒါေၾကာင့္ ေျပာတာပါ။ တကယ့္ စစ္မွန္တဲ့ နိုင္ငံေရးေဆြးေႏြးပြဲလုပ္မယ္ဆိုရင္ေတာ့ ျမန္မာနိုင္ငံနဲ႔ ပတ္သက္ေနတဲ့ ပုဂၢိဳလ္ေတြ အားလုံးကိုေတာ့ ဖိတ္သင့္တယ္လို႔ ကၽြန္ေတာ္တို႔က ယူဆပါတယ္။ အဲဒါမဖိတ္ဘဲနဲ႔ ေရြးၿပီးမွပဲ ဖိတ္ေခၚတယ္ဆိုေတာ့ အေျဖေကာင္းေတာ့မထြက္ဘူးေပါ့။ အဲဒါေၾကာင့္ ကၽြန္ေတာ္တို႔ မတက္ရျခင္းျဖစ္ပါတယ္”ဟု မွတ္ခ်က္ျပဳသည္။

ထို႔ေၾကာင့္ နိုင္ငံ၏အေရးအရာမ်ားကို တန္းတူေဆြးေႏြးနိုင္သည့္ အခ်ိန္အခါ အခင္းအက်င္းမ်ား ရွိမွသာ KIO အေနျဖင့္ပါဝင္မည္ဟု စစ္ေကာင္စီေခါင္းေဆာင္၏ ဖိတ္ေခၚခ်က္ကို ပယ္ခ်ေၾကာင္း အသိေပးသည့္ ေၾကညာခ်က္၌ ေဖာ္ျပထားသည္။

အလားတူ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ(KNPP)၊ ခ်င္းအမ်ိဳးသားတပ္ဦး(CNF)၊ ျမန္မာနိုင္ငံလုံးဆိုင္ရာေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး(ABSDF) တို႔ကလည္း စစ္ေကာင္စီေခါင္းေဆာင္၏ ဖိတ္ေခၚခ်က္ကို လက္မခံဘဲ KNU ႏွင့္ KIO အဖြဲ႕အစည္းမ်ား၏ သေဘာထားအတိုင္းပင္ ေဆြးေႏြးပြဲ အခင္းအက်င္းႏွင့္ပတ္သက္ၿပီး ေထာက္ျပထားသည္။

#လူထုေႏြဦး