ၾကားသိသမွ်

မင်းအောင်လှိုင်ရဲ့ ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်ကို ABSDF ပယ်ချ

မင်းအောင်လှိုင်ရဲ့ ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်ကို ABSDF ပယ်ချ

မေ ၈၊

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက်အပေါ် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA) လက်မှတ်ထိုးထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) ကလည်း မတက်ရောက်နိုင်ဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

အဲဒီ ဖိတ်ခေါ်မှုကို စစ်ကောင်စီခေါင်းဆောင်က ဧပြီ (၂၂) ရက်မှာ ရုပ်မြင်သံကြားက ပြောကြားခဲ့တဲ့အပြင် မေလ (၂) ရက်နေ့မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ စာပို့ပြီး ကမ်းလှမ်းခဲ့ပါသေးတယ်။

အဲဒီကမ်းလှမ်းချက်ဟာ အားလုံးပါဝင်တဲ့ တန်းတူရည်တူ ဆွေးနွေးအဖြေရှာဖို့ ပြည့်စုံလုံလောက်တဲ့ အခင်းအကျင်းမရှိတဲ့အတွက် တက်ရောက်နိုင်မှာမဟုတ်ဘူးလို့ ABSDF က ထုတ်ပြန်ခဲ့ပြီး ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင်ပြီး တန်းတူရည်တူ ဆွေးနွေးနိုင်တဲ့ အဓိပ္ပါယ် ပြည့်၀သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာဖို့ လိုအပ်ကြောင်း ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)တို့ကလည်း စစ်ကောင်ခေါင်းဆောင်ရဲ့ ဆွေးနွေးပွဲကို တက်ရောက်မှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာထားပါတယ်။ #TNV

မင္းေအာင္လွိုင္ရဲ့ ေဆြးေႏြးပြဲ ဖိတ္ေခၚခ်က္ကို ABSDF ပယ္ခ်

ေမ ၈၊

စစ္ေကာင္စီေခါင္းေဆာင္ မင္းေအာင္လွိုင္က တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးလိုေၾကာင္း ဖိတ္ေခၚခ်က္အေပၚ တစ္နိုင္ငံလုံးအပစ္ရပ္စာခ်ဳပ္(NCA) လက္မွတ္ထိုးထားတဲ့ ျမန္မာနိုင္ငံလုံးဆိုင္ရာ ေက်ာင္းသားမ်ားဒီမိုကရက္တစ္တပ္ဦး(ABSDF) ကလည္း မတက္ေရာက္နိုင္ဘူးလို႔ တုံ႔ျပန္လိုက္ပါတယ္။

အဲဒီ ဖိတ္ေခၚမႈကို စစ္ေကာင္စီေခါင္းေဆာင္က ဧၿပီ (၂၂) ရက္မွာ ႐ုပ္ျမင္သံၾကားက ေျပာၾကားခဲ့တဲ့အျပင္ ေမလ (၂) ရက္ေန႔မွာလည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြဆီ စာပို႔ၿပီး ကမ္းလွမ္းခဲ့ပါေသးတယ္။

အဲဒီကမ္းလွမ္းခ်က္ဟာ အားလုံးပါဝင္တဲ့ တန္းတူရည္တူ ေဆြးေႏြးအေျဖရွာဖို႔ ျပည့္စုံလုံေလာက္တဲ့ အခင္းအက်င္းမရွိတဲ့အတြက္ တက္ေရာက္နိုင္မွာမဟုတ္ဘူးလို႔ ABSDF က ထုတ္ျပန္ခဲ့ၿပီး ပါဝင္သင့္ ပါဝင္ထိုက္သူမ်ားအားလုံး ပါဝင္ၿပီး တန္းတူရည္တူ ေဆြးေႏြးနိုင္တဲ့ အဓိပၸါယ္ ျပည့္၀ေသာ နိုင္ငံေရးေတြ႕ဆုံေဆြးေႏြးမႈေတြ ေပၚေပါက္လာဖို႔ လိုအပ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၊ ကခ်င္လြတ္လပ္ေရးအဖြဲ႕(KIO)၊ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ(KNPP)၊ ခ်င္းအမ်ိဳးသားတပ္ဦး(CNF)တို႔ကလည္း စစ္ေကာင္ေခါင္းေဆာင္ရဲ့ ေဆြးေႏြးပြဲကို တက္ေရာက္မွာမဟုတ္ဘူးလို႔ ထုတ္ျပန္ေၾကညာထားပါတယ္။ #TNV