ၾကားသိသမွ်

“မိုက်ရင်တက်ခဲ့ လို့အော်တယ် ” မိုက်လို့တက်တယ်ဘာလို့ ထွက်ပြေးကြလဲ..? ပြန်မေးပေးပါ

ဖရူဆိုတိုက်ပွဲတွင် သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး၏ အဆောင် အယောင် တံဆိပ်များကို KNDF ရဲဘော်၏ ဖိနပ်နှင့် အိမ်သာစီး ဖိနပ်တို့တွင် တပ်ဆင်စီးနင်း

ရန်ကုန်၊ မေ ၈

ကရင်နီပြည်နယ်၊ ဖရူဆိုတိုက်ပွဲတွင် ယမန်နေ့ မေလ ၇ ရက်နေ့ တိုက်ပွဲတွင် သေဆုံးသွားသော စစ်တပ် ဒုတိယဗိုလ်မှူးကြီး၏ အဆောင်အယောင် တံဆိပ် များကို KNDF ရဲဘော်တစ်ဦးက ၎င်း၏ စစ်သုံးဖိနပ်နှင့် အိမ်သာစီး ဖိနပ်တို့တွင် တပ်ဆင် စီးနင်းအသုံးပြုထားကြောင်း သိရှိရသည်။

“မနေ့ကပွဲမှာ စစ်ခွေးတွေက မိုက်ရင်တက်ခဲ့ လို့အော်တယ်။ မိုက်လို့တက်တယ်ဘာလို့ ထွက်ပြေးကြလဲ။ ပြန်မေးပေးပါ။ သူတို့ကို ပြောချင်တာက မြန်မြန်လက် နက်မချရင် အကုန်ရှင်းခံရမှာပဲ။ လက်နက်မချသရွေ့ အသက်ရှင်ဖို့ နည်းလမ်းနည်းလိမ့်မယ်။ ကျနော်က သေနတ်မပစ်တတ်ခဲ့ဘူး။ အခုဘယ်နည်းပဲရရအကုန်သုံးပြီး တိုက်တတ်နေပြီ။ မကြောက်ရင်လည်း မအလအမိန့်ဆက်နာခံကြပါ။ သေနတ်ချင်းယှဥ်မပစ်ရဲဘဲ နဲ့ကရင်နီနယ်ကိုလာမနင်းနဲ့။ သေနတ်ပစ်ရမယ်လို့ တစ်ခါမှမစဥ်းစားဖူး။ ကျနော်ကရင်နီနယ်သားက ပြောနေတာပါ။ ကျနော်တို့အသိုက် အဝန်းကိုထိပါးတဲ့ ဘယ်အာဏာရှင်မဆို အသေအကြေတိုက်မယ်” ဟု သေဆုံးသွားသော ဒုတိယဗိုလ်မှူးကြီး၏တံဆိပ်ကို စစ်သုံးဖိနပ်တွင် တပ်ဆင် စီးနင်းနေသူ ကရင်နီရဲဘော်က ပြောသည်။

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ လောကျေခူရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား မေလ ၇ ရက် နံနက်တွင် ၂ ကြိမ်တိုက်ပွဲဖြစ်ပြီး စစ်သား ၂၅ ဦးထက်မနည်းသေဆုံးသွားကြောင်း KNDF တပ်ရင်း ၄ က သတင်းထုတ်ပြန်သည်။

ယမန်နေ့ မေလ ၇ ရက် နံနက် ၈ နာရီခွဲတွင် ဘော်လခဲမြို့နယ်ဘက်မှ ထွက်ခွာလာသော စစ်ကား ၂၀ စီးပါ ယာဉ်တန်းကို လောကျေခူကျေးရွာအနီးတွင် တိုက်ခိုက်ရာ စစ်ကား ၄ စီး ပျက်စီးကာ အဆိုပါ ကား ၄ စီးပေါ်မှ စစ်သား အားလုံး စုစုပေါင်း ၁၅ ဦးသေဆုံးကြောင်း အဆိုပါ စစ်ကားများကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် အဆိုပါ တိုက်ပွဲဖြစ်ရာနေရာသို့ စစ်ကူလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲထပ်မံဖြစ်ပွားပြီး စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကြောင်း အတည်ပြုနိုင်ပြီး ၂ ဦးကို အရှင်ဖမ်းမိကြောင်း ကရင်နီတပ်ဖွဲ့မှ ရဲဘော် ၁ ဦး ဒဏ်ရာရကြောင်း KNDF တပ်ရင်း ၄ က ဆိုသည်။

ဖ႐ူဆိုတိုက္ပြဲတြင္ ေသဆုံးသြားေသာ ဒုတိယဗိုလ္မႉးႀကီး၏ အေဆာင္ အေယာင္ တံဆိပ္မ်ားကို KNDF ရဲေဘာ္၏ ဖိနပ္ႏွင့္ အိမ္သာစီး ဖိနပ္တို႔တြင္ တပ္ဆင္စီးနင္း

ရန္ကုန္၊ ေမ ၈

ကရင္နီျပည္နယ္၊ ဖ႐ူဆိုတိုက္ပြဲတြင္ ယမန္ေန႔ ေမလ ၇ ရက္ေန႔ တိုက္ပြဲတြင္ ေသဆုံးသြားေသာ စစ္တပ္ ဒုတိယဗိုလ္မႉးႀကီး၏ အေဆာင္အေယာင္ တံဆိပ္ မ်ားကို KNDF ရဲေဘာ္တစ္ဦးက ၎၏ စစ္သုံးဖိနပ္ႏွင့္ အိမ္သာစီး ဖိနပ္တို႔တြင္ တပ္ဆင္ စီးနင္းအသုံးျပဳထားေၾကာင္း သိရွိရသည္။

“မေန႔ကပြဲမွာ စစ္ေခြးေတြက မိုက္ရင္တက္ခဲ့ လို႔ေအာ္တယ္။ မိုက္လို႔တက္တယ္ဘာလို႔ ထြက္ေျပးၾကလဲ။ ျပန္ေမးေပးပါ။ သူတို႔ကို ေျပာခ်င္တာက ျမန္ျမန္လက္ နက္မခ်ရင္ အကုန္ရွင္းခံရမွာပဲ။ လက္နက္မခ်သေရြ႕ အသက္ရွင္ဖို႔ နည္းလမ္းနည္းလိမ့္မယ္။ က်ေနာ္က ေသနတ္မပစ္တတ္ခဲ့ဘူး။ အခုဘယ္နည္းပဲရရအကုန္သုံးၿပီး တိုက္တတ္ေနၿပီ။ မေၾကာက္ရင္လည္း မအလအမိန္႔ဆက္နာခံၾကပါ။ ေသနတ္ခ်င္းယွဥ္မပစ္ရဲဘဲ နဲ႔ကရင္နီနယ္ကိုလာမနင္းနဲ႔။ ေသနတ္ပစ္ရမယ္လို႔ တစ္ခါမွမစဥ္းစားဖူး။ က်ေနာ္ကရင္နီနယ္သားက ေျပာေနတာပါ။ က်ေနာ္တို႔အသိုက္ အဝန္းကိုထိပါးတဲ့ ဘယ္အာဏာရွင္မဆို အေသအေၾကတိုက္မယ္” ဟု ေသဆုံးသြားေသာ ဒုတိယဗိုလ္မႉးႀကီး၏တံဆိပ္ကို စစ္သုံးဖိနပ္တြင္ တပ္ဆင္ စီးနင္းေနသူ ကရင္နီရဲေဘာ္က ေျပာသည္။

ကရင္နီျပည္နယ္၊ ဖ႐ူဆိုၿမိဳ႕နယ္၊ ေလာေက်ခူရြာအနီးတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ ကရင္နီပူးေပါင္းတပ္ဖြဲ႕ၾကား ေမလ ၇ ရက္ နံနက္တြင္ ၂ ႀကိမ္တိုက္ပြဲျဖစ္ၿပီး စစ္သား ၂၅ ဦးထက္မနည္းေသဆုံးသြားေၾကာင္း KNDF တပ္ရင္း ၄ က သတင္းထုတ္ျပန္သည္။

ယမန္ေန႔ ေမလ ၇ ရက္ နံနက္ ၈ နာရီခြဲတြင္ ေဘာ္လခဲၿမိဳ႕နယ္ဘက္မွ ထြက္ခြာလာေသာ စစ္ကား ၂၀ စီးပါ ယာဥ္တန္းကို ေလာေက်ခူေက်းရြာအနီးတြင္ တိုက္ခိုက္ရာ စစ္ကား ၄ စီး ပ်က္စီးကာ အဆိုပါ ကား ၄ စီးေပၚမွ စစ္သား အားလုံး စုစုေပါင္း ၁၅ ဦးေသဆုံးေၾကာင္း အဆိုပါ စစ္ကားမ်ားကို မီးရွို႔ဖ်က္ဆီးလိုက္ေၾကာင္း သိရွိရသည္။

ယမန္ေန႔ နံနက္ ၁၁ နာရီ ၁၀ မိနစ္တြင္ အဆိုပါ တိုက္ပြဲျဖစ္ရာေနရာသို႔ စစ္ကူလာေသာ စစ္ေကာင္စီတပ္ဖြဲ႕ႏွင့္ တိုက္ပြဲထပ္မံျဖစ္ပြားၿပီး စစ္သား ၁၀ ဦးထက္မနည္းေသဆုံးေၾကာင္း အတည္ျပဳနိုင္ၿပီး ၂ ဦးကို အရွင္ဖမ္းမိေၾကာင္း ကရင္နီတပ္ဖြဲ႕မွ ရဲေဘာ္ ၁ ဦး ဒဏ္ရာရေၾကာင္း KNDF တပ္ရင္း ၄ က ဆိုသည္။