ၾကားသိသမွ်

ကံပေါက် မောရဝတီရေတပ်ကား မိုင်းဆွဲခံရ၊ ၄ ဦးေ သဆုံးပြီး ၆ ဦး အပြင်းအထန်ဒဏ်ရာရ

ကံပေါက် မောရဝတီရေတပ်ကား မိုင်းဆွဲခံရ၊ ၄ ဦးသေဆုံးပြီး ၆ ဦး အပြင်းအထန်ဒဏ်ရာရ

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင် ကံပေါက်သွားတဲ့ မိုင်းလမ်းမှာ ကံပေါက်မောရဝတီရေတပ်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ စစ်ကားတစီး ကလိန်အောင်အမှတ် ၂ သံတံတားအနီးမှာ မေ ၇ ရက်နေ့ မနက် ၈ နာရီလောက် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပေါက်ကွဲတဲ့အသံကတော့ တော်တော်ကျယ်တယ်၊ စစ်ကားလည်း ထိခိုက်ပျက်စီးသွားပြီး မှန်တွေလည်းကွဲသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းဖောက်ခွဲမှုကို KBDF တပ်ဖွဲ့နဲ့ T1 မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၆ ဦး အပြင်းအထန်ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရမ်းသန်းပစ်ခတ်ခဲ့ပေမယ့် KBDF နဲ့ T1 မဟာမိတ်တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းတွေကို ကလိန်အောင်မြို့ဆေးရုံမှတဆင့် ကံပေါက်မောရဝတီရေတပ်ဌာနချုပ်ကို ကား ၂ စီးနဲ့ တင်သွားပြီး အပြင်းအထန်ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကိုတော့ ဌာနဆိုင်ရာဆေးရုံတွေကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လမ်းသွားလမ်းလာ ပြည်သူတွေကို တင်းကျပ်စွာ စစ်ဆေးနေတယ်လို့ ကလိန်အောင်ဒေသခံတွေက ပြောပါတယ်။

တော်လှန်ရေးအရှိန်မြှင့်နေတာကြောင့် ပြည်သူတွေ သတိရှိကြဖို့နဲ့ စစ်ကောင်စီယာဉ်တန်းတွေကို ရှောင်ရှားကြဖို့ KBDF က တိုက်တွန်းထားပါတယ်။

မောရဝတီရေတပ်ကား မိုင်းဆွဲခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ photo-ပုံဟောင်း

ကံေပါက္ ေမာရဝတီေရတပ္ကား မိုင္းဆြဲခံရ၊ ၄ ဦးေသဆုံးၿပီး ၆ ဦး အျပင္းအထန္ဒဏ္ရာရ

ထားဝယ္ခရိုင္ ေရျဖဴၿမိဳ႕နယ္ ကလိန္ေအာင္ ကံေပါက္သြားတဲ့ မိုင္းလမ္းမွာ ကံေပါက္ေမာရဝတီေရတပ္ဌာနခ်ဳပ္က စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ လိုက္ပါလာတဲ့ စစ္ကားတစီး ကလိန္ေအာင္အမွတ္ ၂ သံတံတားအနီးမွာ ေမ ၇ ရက္ေန႔ မနက္ ၈ နာရီေလာက္ မိုင္းဆြဲတိုက္ခိုက္ခံရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“ေပါက္ကြဲတဲ့အသံကေတာ့ ေတာ္ေတာ္က်ယ္တယ္၊ စစ္ကားလည္း ထိခိုက္ပ်က္စီးသြားၿပီး မွန္ေတြလည္းကြဲသြားတယ္” လို႔ ေဒသခံတဦးက ေျပာပါတယ္။

မိုင္းေဖာက္ခြဲမႈကို KBDF တပ္ဖြဲ႕နဲ႔ T1 မဟာမိတ္ပူးေပါင္းတပ္ဖြဲ႕ဝင္ေတြက လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး စစ္ေကာင္စီတပ္သား ၄ ဦးေသဆုံးၿပီး ၆ ဦး အျပင္းအထန္ဒဏ္ရာရသြားတယ္လို႔ ထုတ္ျပန္ထားပါတယ္။

မိုင္းဆြဲတိုက္ခိုက္ခံရၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ရမ္းသန္းပစ္ခတ္ခဲ့ေပမယ့္ KBDF နဲ႔ T1 မဟာမိတ္တပ္ဖြဲ႕ဝင္ေတြ အထိအခိုက္မရွိ ေအာင္ျမင္စြာဆုတ္ခြာနိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ေသဆုံးသြားတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ အေလာင္းေတြကို ကလိန္ေအာင္ၿမိဳ႕ေဆး႐ုံမွတဆင့္ ကံေပါက္ေမာရဝတီေရတပ္ဌာနခ်ဳပ္ကို ကား ၂ စီးနဲ႔ တင္သြားၿပီး အျပင္းအထန္ဒဏ္ရာရရွိသြားတဲ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၆ ဦးကိုေတာ့ ဌာနဆိုင္ရာေဆး႐ုံေတြကို ပို႔ေဆာင္ထားတယ္လို႔ သိရပါတယ္။

မိုင္းေပါက္ကြဲမႈျဖစ္ပြားၿပီးေနာက္ စစ္ေကာင္စီတပ္ဖြဲ႕က လမ္းသြားလမ္းလာ ျပည္သူေတြကို တင္းက်ပ္စြာ စစ္ေဆးေနတယ္လို႔ ကလိန္ေအာင္ေဒသခံေတြက ေျပာပါတယ္။

ေတာ္လွန္ေရးအရွိန္ျမႇင့္ေနတာေၾကာင့္ ျပည္သူေတြ သတိရွိၾကဖို႔နဲ႔ စစ္ေကာင္စီယာဥ္တန္းေတြကို ေရွာင္ရွားၾကဖို႔ KBDF က တိုက္တြန္းထားပါတယ္။

ေမာရဝတီေရတပ္ကား မိုင္းဆြဲခံရတာနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီကေတာ့ သတင္းထုတ္ျပန္တာ မရွိေသးပါဘူး။ photo-ပုံေဟာင္း