ၾကားသိသမွ်

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထံ ကတိအတိုင်း လက်နက်တပ်ဆင်ပေးရန် ဗိုလ်နဂါးတောင်းဆို

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထံ ကတိအတိုင်း လက်နက်တပ်ဆင်ပေးရန် ဗိုလ်နဂါးတောင်းဆို

8 May 2022

NUG အစိုးရ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ထံ ကတိအတိုင်း လက်နက်တပ်ဆင်ပေးရန် ယနေ့ မေလ ၈ ရက်နေ့နံနက်ပိုင်းတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်၏ ခေါင်းဆောင် ဗိုလ်နဂါးက တောင်းဆိုမှုပြုလုပ်ခဲ့သည်။ လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၎င်းတို့၏ ဒေသအား ဦးတည်၍ ချေမှုန်းနိုင်ရေးထိုးစစ်ပြင်ဆင်စတင်နေသည့် အနေအထားတစ်ခု ရင်ဆိုင်နေရချိန်လည်းဖြစ်သည်ဟုလည်း အသိပေးထားသည်။

အစောပိုင်း NUG ဝန်ကြီး ဦးရည်မွန်နှင့် ဗိုလ်နဂါးတို့ တွေ့ဆုံဆွေးနွေးမှုတစ်ခုတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်အား ဝန်ကြီးဘက်မှ တစ်လအတွင်း လက်နက်တရင်းစာ တပ်ဆင်ခြင်းကို တစ်လအတွင်း ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့ဖူးသည်။ အဆိုပါတွေ့ဆုံမှု နေ့ရက်မှာ ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့ဖြစ်ပြီး ယင်းမှစ၍ ရေအတွင်လျှင် ယခုတွင် နှစ်လပြည့်မြောက်ရန် ၅ ရက်သာ လိုတော့ခြင်းဖြစ်သည်။

ထို့ကြောင့် “၁၃.၃.၂၀၂၂ ရက်နေ့ ဝန်ကြီးဦးရည်မွန်နှင့် ကျွန်န်ုပ်တို့ တွေ့ဆုံဆွေးနွေးစဉ်က (MRDA) ၏ စာရင်းသွင်းတပ်ရင်းများအားလုံး တပ်ဆင်ဖို့ရန် မဖြစ်နိုင်သော်လည်း တရင်းစာတပ်ဆင်ခြင်းကိုမူ ထိုနေ့မှစ၍ တလအတွင်း တပ်ဆင်ပေးမည်ဟု ကတိပေးထားသည့်အတိုင်း အမြန်ဆုံးတာဝန်ယူတပ်ဆင်ပေးရန် လေးစားစွာတင်ပြတောင်းဆိုအပ်ပါသည်”ဟု ဗိုလ်နဂါး၏ လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာတွင် တရားဝင် ဖော်ပြအသိပေးခဲ့သည်။ မြန်မာ့တော်ဝင်နဂါးတပ်တော်သည် NUG အစိုးရဖွဲ့စည်းပြီးနောက် MOD တွင်တပ်ရင်းတပ်ဖွဲ့များ စနစ်တကျ ပေးသွင်း၍ အသိအမှတ်ပြုပူးပေါင်းပါခဲ့သည့် တပ်တော်ဖြစ်သည်။

ယင်းထုတ်ပြန်တောင်းဆိုချက် ထုတ်ပြန်ပြီးခဏအကြာတွင် ပို့စ်အားပြန်လည်ဖျက်သွားခဲ့ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA-Yangon Page တွင် ဆက်လက် အသိပေးထားဆဲဖြစ်သည်။ #MPA

NUG ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္ထံ ကတိအတိုင္း လက္နက္တပ္ဆင္ေပးရန္ ဗိုလ္နဂါးေတာင္းဆို

8 May 2022

NUG အစိုးရ၏ ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္ထံ ကတိအတိုင္း လက္နက္တပ္ဆင္ေပးရန္ ယေန႔ ေမလ ၈ ရက္ေန႔နံနက္ပိုင္းတြင္ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္၏ ေခါင္းေဆာင္ ဗိုလ္နဂါးက ေတာင္းဆိုမႈျပဳလုပ္ခဲ့သည္။ လက္ရွိတြင္ အၾကမ္းဖက္စစ္ေကာင္စီဘက္မွ ၎တို႔၏ ေဒသအား ဦးတည္၍ ေခ်မႈန္းနိုင္ေရးထိုးစစ္ျပင္ဆင္စတင္ေနသည့္ အေနအထားတစ္ခု ရင္ဆိုင္ေနရခ်ိန္လည္းျဖစ္သည္ဟုလည္း အသိေပးထားသည္။

အေစာပိုင္း NUG ဝန္ႀကီး ဦးရည္မြန္ႏွင့္ ဗိုလ္နဂါးတို႔ ေတြ႕ဆုံေဆြးေႏြးမႈတစ္ခုတြင္ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္အား ဝန္ႀကီးဘက္မွ တစ္လအတြင္း လက္နက္တရင္းစာ တပ္ဆင္ျခင္းကို တစ္လအတြင္း ျပဳလုပ္ေပးမည္ဟု ကတိေပးခဲ့ဖူးသည္။ အဆိုပါေတြ႕ဆုံမႈ ေန႔ရက္မွာ ၂၀၂၂ ခုႏွစ္ မတ္လ ၁၃ ရက္ေန႔ျဖစ္ၿပီး ယင္းမွစ၍ ေရအတြင္လၽွင္ ယခုတြင္ ႏွစ္လျပည့္ေျမာက္ရန္ ၅ ရက္သာ လိုေတာ့ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ “၁၃.၃.၂၀၂၂ ရက္ေန႔ ဝန္ႀကီးဦးရည္မြန္ႏွင့္ ကၽြန္န္ုပ္တို႔ ေတြ႕ဆုံေဆြးေႏြးစဥ္က (MRDA) ၏ စာရင္းသြင္းတပ္ရင္းမ်ားအားလုံး တပ္ဆင္ဖို႔ရန္ မျဖစ္နိုင္ေသာ္လည္း တရင္းစာတပ္ဆင္ျခင္းကိုမူ ထိုေန႔မွစ၍ တလအတြင္း တပ္ဆင္ေပးမည္ဟု ကတိေပးထားသည့္အတိုင္း အျမန္ဆုံးတာဝန္ယူတပ္ဆင္ေပးရန္ ေလးစားစြာတင္ျပေတာင္းဆိုအပ္ပါသည္”ဟု ဗိုလ္နဂါး၏ လူမႈကြန္ရက္ေဖ့ဘုတ္စာမ်က္ႏွာတြင္ တရားဝင္ ေဖာ္ျပအသိေပးခဲ့သည္။ ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္သည္ NUG အစိုးရဖြဲ႕စည္းၿပီးေနာက္ MOD တြင္တပ္ရင္းတပ္ဖြဲ႕မ်ား စနစ္တက် ေပးသြင္း၍ အသိအမွတ္ျပဳပူးေပါင္းပါခဲ့သည့္ တပ္ေတာ္ျဖစ္သည္။

ယင္းထုတ္ျပန္ေတာင္းဆိုခ်က္ ထုတ္ျပန္ၿပီးခဏအၾကာတြင္ ပို႔စ္အားျပန္လည္ဖ်က္သြားခဲ့ၿပီး ျမန္မာ့ေတာ္ဝင္နဂါးတပ္ေတာ္ MRDA-Yangon Page တြင္ ဆက္လက္ အသိေပးထားဆဲျဖစ္သည္။ #MPA