ၾကားသိသမွ်

ရှားတောတိုက်ပွဲမှာ စစ်ကောင်စီတပ်ရင်းမှုးကို ကရင်နီတပ်မတော်သုတ်သင်နိုင်ခဲ့ (ရုပ်သံ)

ရှားတောတိုက်ပွဲမှာ စစ်ကောင်စီတပ်ရင်းမှုးကို ကရင်နီတပ်မတော်သုတ်သင်နိုင်ခဲ့ (ရုပ်သံ)

လူငယ့်ခေတ်

မေ ၈

ကရင်နီပြည်နယ် ရှားတောမြို့အရှေ့ခြမ်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒီကနေ့ မေလ၈ရက်နေ့မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီဒုတပ်ရင်းမှုးအပါအဝင် ၆ဦးသေခဲ့တယ်လို့ သတင်းရရှိပါတယ်။

ရှားတောမြို့အရှေ့ခြမ်း သံလွင်မြစ်ဘေး က တာတမောစခန်းထိုင် အကြမ်းဖက်စစ်ကောင်စီက အမှတ် (၄၂၈)ခြေမြန်တပ်ရင်းနဲ့ ကရင်နီတပ်မတော်က ဗိုလ်ရှေးရယ် ဦးစီးတဲ့ တပ်ဖွဲ့တွေ နာရီဝက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီက ဒုတပ်ရင်းမှူးအပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူလည်း ရှိခဲ့တယ်လို့ KarenniArmyCenterက သတင်းထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်နယ်တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ အထိနာနေပြီး မနေ့ကလဲ စစ်ကောင်စီယာဉ်တန်းတစ်ခုလုံးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

Video-KarenniArmyCenter Kn.A.C


လူငယ့်ခေတ်
မေ ၈



