ၾကားသိသမွ်

ရုပ်ရှင်လောကပြန်နိုးထမှာ မနာလိုမရှုဆိတ်သူများက ရုပ်ရှင်ရုံပြန်ဖွင့်မှုကို နှောင့်ယှက်နေဟု စစ်ကောင်စီဝန်ကြီး ပြော

ရုပ်ရှင်လောကပြန်နိုးထမှာ မနာလိုမရှုဆိတ်သူများက ရုပ်ရှင်ရုံပြန်ဖွင့်မှုကို နှောင့်ယှက်နေဟု စစ်ကောင်စီဝန်ကြီး ပြော

မြန်မာ့ရုပ်ရှင်အနုပညာ လောကပြန်လည်ရှင်သန်နိုးထလာမှာကို မနာလိုမရှုဆိတ်တဲ့ ပုဂ္ဂိုလ်တွေက ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်တဲ့အပေါ် နှောင့်ယှက်ဟန့်တားနေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောကြားလိုက်ပါတယ်။

ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ပြသရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေနဲ့ ပေါင်းစပ် ညှိနှိုင်းခြင်း အစည်းအဝေးကို မေလ ၆ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး အစည်းအဝေးခန်းမမှာ ကျင်းပရာမှာ ပြောဆိုခဲ့တာပါ။

                                         စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း

ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်ပြသခွင့်ပြုခဲ့တာဟာ ရုပ်ရှင်လောကသားတွေ စားဝတ်နေရေး ပြေလည်စေရေး၊ ပြိုလဲလု နီးပါးဖြစ်ခဲ့တဲ့ ရုပ်ရှင်အနုပညာလုပ်ငန်းတွေ ပုံမှန် ပြန်လည်လှုပ်ရှား သက်ဝင်စေရေးနဲ့ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူနဲ့ ရုပ်ရှင်ရုံပိုင်ရှင်တွေလုပ်ငန်း တွေ ပြန်လည်အဆင်ပြေစေဖို့ ရည်ရွယ် ဆောင်ရွက်ခဲ့ပေမဲ့ အခက်အခဲနဲ့ အဖျက်အမှောင့်တွေ ကြုံတွေ့နေရလို့ မျှော်မှန်းထားသလောက် ခရီး မရောက်သေးဘူးလို့ အစည်းအဝေးမှာ စစ်ကောင်စီဝန်ကြီး ဦးမောင်မောင်အုန်းက ဝန်ခံပြောကြားလိုက်ပါတယ်။

အခုအချိန်ဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေကို နည်းလမ်းပေါင်းစုံနဲ့ ဟန့်တားနှောင့်ယှက်နေကြကြောင်းနဲ့ အနုပညာရှင်တချို့ကို ခြိမ်းခြောက်တွေ ပြုလုပ်နေတာကို ကြားသိရလို့ လွန်စွာစိတ်မကောင်း ဖြစ်မိတယ်လို့လည်း စစ်ကောင်စီ ဝန်ကြီးက ပြောပါတယ်။

                                                        စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်း

ကိုဗစ်-၁၉ ရောဂါ မြန်မာနိုင်ငံကို စတင်ပျံနှံ့ချိန်ကတည်းက ပိတ်ထားတဲ့ နိုင်ငံတဝန်းက ရုပ်ရှင်ရုံတွေကို ပြီးခဲ့တဲ့ ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ စစ်ကောင်စီက အတင်းဖိအားပေးပြီး ပြန်ဖွင့်ခဲ့ပေမဲ့ ကြည့်ရှုသူ မရှိတဲ့ အတွက် ရုပ်ရှင်ရုံတချို့ ပြန်ပိတ်နေရတာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော် အာဏာကို တရားမဝင် သိမ်းယူပြီးနောက် ရုပ်ရှင်လောကသား တွေအပါအဝင် အနုပညာရှင်တွေကို မတရားဖမ်းဆီး ထောင်ချ၊ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အတွက် စစ်အာဏာရှင်တွေကို ပြည်သူလူထုက နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

Zawgyi

႐ုပ္ရွင္ေလာကျပန္နိုးထမွာ မနာလိုမရႈဆိတ္သူမ်ားက ႐ုပ္ရွင္႐ုံျပန္ဖြင့္မႈကို ေႏွာင့္ယွက္ေနဟု စစ္ေကာင္စီဝန္ႀကီး ေျပာ

ျမန္မာ့႐ုပ္ရွင္အႏုပညာ ေလာကျပန္လည္ရွင္သန္နိုးထလာမွာကို မနာလိုမရႈဆိတ္တဲ့ ပုဂၢိဳလ္ေတြက ႐ုပ္ရွင္႐ုံေတြ ျပန္လည္ဖြင့္လွစ္တဲ့အေပၚ ေႏွာင့္ယွက္ဟန႔္တားေနတယ္လို႔ စစ္ေကာင္စီ ျပန္ၾကားေရးဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ေျပာၾကားလိုက္ပါတယ္။

႐ုပ္ရွင္႐ုံေတြ ျပန္လည္ဖြင့္လွစ္ျပသရာမွာ ေတြ႕ၾကဳံရတဲ့ အခက္အခဲေတြနဲ႔ ေပါင္းစပ္ ညႇိႏွိုင္းျခင္း အစည္းအေဝးကို ေမလ ၆ ရက္က ရန္ကုန္ၿမိဳ႕ ဗဟန္းၿမိဳ႕နယ္ရွိ ျပန္ၾကားေရးႏွင့္ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန ႐ုပ္ရွင္ျမႇင့္တင္ေရး အစည္းအေဝးခန္းမမွာ က်င္းပရာမွာ ေျပာဆိုခဲ့တာပါ။

႐ုပ္ရွင္႐ုံေတြ ျပန္လည္ဖြင့္လွစ္ျပသခြင့္ျပဳခဲ့တာဟာ ႐ုပ္ရွင္ေလာကသားေတြ စားဝတ္ေနေရး ေျပလည္ေစေရး၊ ၿပိဳလဲလု နီးပါးျဖစ္ခဲ့တဲ့ ႐ုပ္ရွင္အႏုပညာလုပ္ငန္းေတြ ပုံမွန္ ျပန္လည္လႈပ္ရွား သက္ဝင္ေစေရးနဲ႔ ႐ုပ္ရွင္ဇာတ္ကား ထုတ္လုပ္သူနဲ႔ ႐ုပ္ရွင္႐ုံပိုင္ရွင္ေတြလုပ္ငန္း ေတြ ျပန္လည္အဆင္ေျပေစဖို႔ ရည္ရြယ္ ေဆာင္ရြက္ခဲ့ေပမဲ့ အခက္အခဲနဲ႔ အဖ်က္အေမွာင့္ေတြ ၾကဳံေတြ႕ေနရလို႔ ေမၽွာ္မွန္းထားသေလာက္ ခရီး မေရာက္ေသးဘူးလို႔ အစည္းအေဝးမွာ စစ္ေကာင္စီဝန္ႀကီး ဦးေမာင္ေမာင္အုန္းက ဝန္ခံေျပာၾကားလိုက္ပါတယ္။

အခုအခ်ိန္ဟာ အာဏာသိမ္းစစ္ေကာင္စီရဲ့ ေဆာင္ရြက္ခ်က္ေတြကို နည္းလမ္းေပါင္းစုံနဲ႔ ဟန႔္တားေႏွာင့္ယွက္ေနၾကေၾကာင္းနဲ႔ အႏုပညာရွင္တခ်ိဳ႕ကို ၿခိမ္းေျခာက္ေတြ ျပဳလုပ္ေနတာကို ၾကားသိရလို႔ လြန္စြာစိတ္မေကာင္း ျဖစ္မိတယ္လို႔လည္း စစ္ေကာင္စီ ဝန္ႀကီးက ေျပာပါတယ္။

ကိုဗစ္-၁၉ ေရာဂါ ျမန္မာနိုင္ငံကို စတင္ပ်ံႏွံ့ခ်ိန္ကတည္းက ပိတ္ထားတဲ့ နိုင္ငံတဝန္းက ႐ုပ္ရွင္႐ုံေတြကို ၿပီးခဲ့တဲ့ ဧၿပီ ၁၇ ရက္ ျမန္မာႏွစ္ဆန္း ၁ ရက္ေန႔မွာ စစ္ေကာင္စီက အတင္းဖိအားေပးၿပီး ျပန္ဖြင့္ခဲ့ေပမဲ့ ၾကည့္ရႈသူ မရွိတဲ့ အတြက္ ႐ုပ္ရွင္႐ုံတခ်ိဳ႕ ျပန္ပိတ္ေနရတာ ျဖစ္ပါတယ္။

စစ္ေကာင္စီဟာ နိုင္ငံေတာ္ အာဏာကို တရားမဝင္ သိမ္းယူၿပီးေနာက္ ႐ုပ္ရွင္ေလာကသား ေတြအပါအဝင္ အႏုပညာရွင္ေတြကို မတရားဖမ္းဆီး ေထာင္ခ်၊ ျပည္သူေတြကို သတ္ျဖတ္ေနတဲ့ အတြက္ စစ္အာဏာရွင္ေတြကို ျပည္သူလူထုက နည္းလမ္းေပါင္းစုံနဲ႔ ဆန႔္က်င္ေနၾကတာ ျဖစ္ပါတယ္။