ၾကားသိသမွ်

စစ်ခေါင်းဆောင်၏ အင်းလျားလမ်းအိမ်ရောင်းချမှု ၄၈ နာရီမတိုင်မီ ဒေါ်လာ ၁ သန်း ရရှိ

စစ်ခေါင်းဆောင်၏ အင်းလျားလမ်းအိမ်ရောင်းချမှု ၄၈ နာရီမတိုင်မီ ဒေါ်လာ ၁ သန်း ရရှိ

ဧရာဝတီ၊ မေ ၇၊ ၂၀၂၂

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ အင်းလျားလမ်း ခြံအမှတ် ၁၄ ရှိ အာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိမ်နှင့်ခြံ အစုရှယ်ယာရောင်းချမှု စတင်ရောင်းချသည့် ၄၈ နာရီမပြည့်သေးခင်မှာပဲ ဒေါ်လာ ၁ သန်းဖိုး ရောင်းချနိုင်ခဲ့ပြီ ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။


“လက်ကျန် အစုရှယ်ယာ ၉ သောင်းအတွက် သတ်မှတ်ထားတဲ့ အချိန်တိုအတွင်းမှာ ဒေါ်လာ ၁၀ သန်း ပြည့်မီစေရန်အတွက် အရေးတော်ပုံအောင်စိတ်နဲ့ ဝယ်ယူအားပေးကြဖို့ တိုက်တွန်းမေတ္တာရပ်ခံလိုက်ရပါတယ်” ဟုလည်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က တိုက်တွန်းထားသည်။

စစ်ကောင်စီဥက္ကဋ္ဌက မတရားသဖြင့် ရယူထားသည့် အဆိုပါခြံသည် ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ကြေးရှိကြောင်း၊ ထိုသို့ တန်ကြေးရှိသော်လည်း ကာလတန်ဖိုး၏ ၃ ပုံ ၁ ပုံ တန်ဖိုးဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၀ သန်းအထိသာ တန်ဖိုးဖြတ်၍ အစုရှယ်ရာ စုစုပေါင်း ၁ သိန်းအထိ ရောင်းချသွားမည်ဖြစ်ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


အာဏာသိမ်းစစ်ခေါင်းဆောင်၏ခြံအား အစုရှယ်ယာများခွဲကာ ရောင်းချမည့်အစီအစဉ်ကို စင်ပြိုင်အစိုးရဖြစ်သည့် NUG က စစ်ကောင်စီဆန့်ကျင်သည့် တော်လှန်ရေးအတွက် ရန်ပုံငွေရှာရန်ရည်ရွယ်ကာ ဧပြီလကုန်ပိုင်းမှစတင်၍ ကြေညာမိတ်ဆက်လာခြင်း ဖြစ်သည်။


ပုံစာ – အာဏာသိမ်းစစ်ခေါင်းဆောင်သည် အင်းလျားလမ်း အိမ်အမှတ် ၁၄ ဖြင့်ပင် မတင်းတိမ်နိုင်ဘဲ ခြောက်မိုင်ခွဲ LOTTE Hotel အနီး မြက်ခင်းရိပ်သာလမ်းပေါ်ရှိ အိမ်ကိုလည်း တပ်မတော်ပိုင်မှ သူပိုင်အဖြစ် လက်ပြောင်းလက်လွှဲလုပ်ခဲ့သည်

စစ္ေခါင္းေဆာင္၏ အင္းလ်ားလမ္းအိမ္ေရာင္းခ်မႈ ၄၈ နာရီမတိုင္မီ ေဒၚလာ ၁ သန္း ရရွိ

ဧရာဝတီ၊ ေမ ၇၊ ၂၀၂၂

ရန္ကုန္တိုင္း၊ ကမာရြတ္ၿမိဳ႕နယ္၊ အင္းလ်ားလမ္း ၿခံအမွတ္ ၁၄ ရွိ အာဏာသိမ္းစစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္၏ အိမ္ႏွင့္ၿခံ အစုရွယ္ယာေရာင္းခ်မႈ စတင္ေရာင္းခ်သည့္ ၄၈ နာရီမျပည့္ေသးခင္မွာပဲ ေဒၚလာ ၁ သန္းဖိုး ေရာင္းခ်နိုင္ခဲ့ၿပီ ျဖစ္ေၾကာင္း အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာသည္။

“လက္က်န္ အစုရွယ္ယာ ၉ ေသာင္းအတြက္ သတ္မွတ္ထားတဲ့ အခ်ိန္တိုအတြင္းမွာ ေဒၚလာ ၁၀ သန္း ျပည့္မီေစရန္အတြက္ အေရးေတာ္ပုံေအာင္စိတ္နဲ႔ ဝယ္ယူအားေပးၾကဖို႔ တိုက္တြန္းေမတၱာရပ္ခံလိုက္ရပါတယ္” ဟုလည္း NUG စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈဝန္ႀကီး ဦးတင္ထြန္းနိုင္က တိုက္တြန္းထားသည္။

စစ္ေကာင္စီဥကၠ႒က မတရားသျဖင့္ ရယူထားသည့္ အဆိုပါၿခံသည္ ၁ ဒသမ ၈၆ ဧက က်ယ္ဝန္းၿပီး ကာလတန္ဖိုး အေမရိကန္ေဒၚလာ သန္း ၃၀ တန္ေၾကးရွိေၾကာင္း၊ ထိုသို႔ တန္ေၾကးရွိေသာ္လည္း ကာလတန္ဖိုး၏ ၃ ပုံ ၁ ပုံ တန္ဖိုးျဖစ္သည့္ အေမရိကန္ေဒၚလာ ၁၀ သန္းအထိသာ တန္ဖိုးျဖတ္၍ အစုရွယ္ရာ စုစုေပါင္း ၁ သိန္းအထိ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း NUG စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈ ဝန္ႀကီးဌာနက ထုတ္ျပန္ထားသည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္၏ၿခံအား အစုရွယ္ယာမ်ားခြဲကာ ေရာင္းခ်မည့္အစီအစဥ္ကို စင္ၿပိဳင္အစိုးရျဖစ္သည့္ NUG က စစ္ေကာင္စီဆန႔္က်င္သည့္ ေတာ္လွန္ေရးအတြက္ ရန္ပုံေငြရွာရန္ရည္ရြယ္ကာ ဧၿပီလကုန္ပိုင္းမွစတင္၍ ေၾကညာမိတ္ဆက္လာျခင္း ျဖစ္သည္။

ပုံစာ – အာဏာသိမ္းစစ္ေခါင္းေဆာင္သည္ အင္းလ်ားလမ္း အိမ္အမွတ္ ၁၄ ျဖင့္ပင္ မတင္းတိမ္နိုင္ဘဲ ေျခာက္မိုင္ခြဲ LOTTE Hotel အနီး ျမက္ခင္းရိပ္သာလမ္းေပၚရွိ အိမ္ကိုလည္း တပ္မေတာ္ပိုင္မွ သူပိုင္အျဖစ္ လက္ေျပာင္းလက္လႊဲလုပ္ခဲ့သည္