ၾကားသိသမွ်

ဒါရိုက်တာ မောင်သီအဖမ်းမခံရ၊ ရဲတပ်ဖွဲ့နာမည်မှားပြီး ထုတ်ပြန်

ဒါရိုက်တာ မောင်သီအဖမ်းမခံရ၊ ရဲတပ်ဖွဲ့နာမည်မှားပြီး ထုတ်ပြန်

ရန်ကုန်၊ မေ ၇

လက်ရှိ ပြည်ထဲရေးက ကြေညာပြီး ဖမ်းသွားသူဟာ ဒါရိုက်တာ မောင်သီမဟုတ်ဘဲ နာမည်ဆင်တူသူသာဖြစ်တယ်လို့ သိရပါတယ်။
ဒါရိုက်တာမောင်သီအနေနဲ့ ဖမ်းဆီးခံရတာမရှိဘဲ နေအိမ်မှာ အေးဆေးစွာရှိနေတယ်လို့ ဒါရိုက်တာမောင်သီနဲ့ နီးစပ်တဲ့ အနုပညာရှင်တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ မောင်သီလို့ နာမည်ဆင်တူနေတဲ့အပြင် အဲ့ဒီလို နာမည်ဆင်တူသူ မောင်သီက ရဲတပ်ဖွဲ့ကနေ သူ့ကို ဖမ်းဆီးလိုက်ချိန်မှာ သူကနေပြီး သူ့ကိုယ်သူ ဒါရိုက်တာလို့ ပြောခဲ့တဲ့အတွက် ရဲတပ်ဖွဲ့က ဒါရိုက်တာမောင်သီဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြလိုက်တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်က သန်းလွင် (ခ) ဒါရိုက်တာမောင်သီ ဟာ သူအသုံးပြုတဲ့ “U Thi” Facebook အကောင့်ကနေ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းကာ အမှုဖွင့်အရေးယူထားတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

မေလ ၆ ရက်က ဒါရိုက်တာ မောင်သီ အပါအဝင် May Mon Myat Thu Facebook အကောင့် အသုံးပြုတဲ့ ကမာရွတ်မြို့နယ်နေ မမေမွန်မြတ်သူ၊

Thar Dwe Facebook အကောင့် အသုံးပြုတဲ့ မအူပင်မြိုနယ်က ကိုသာဒွေး၊ Zaw Min Oo Facebook အကောင့် အသုံးပြုတဲ့ တောင်ဒဂုံမြို့နယ်နေ ကိုဇော်မင်းဦး အစရှိသူတို့ကို လူမှုကွန်ရက်ကတဆင့် နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားအောင် လုပ်ဆောင်တယ်လို့ဆိုကာ အရေးယူခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ ဖမ်းဆီးခံရသူရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ U Thi ဖြစ်တယ်လို့ ထုတ်ပြန်ထားတာဖြစ်ပြီး ဒါရိုက်တာမောင်သီ ကတော့ Maung Thi အမည်ရှိ ဖေ့စ်ဘွတ်အကောင့်ကို အသုံးပြုနေတာဖြစ်ပါတယ်။

ဒါရိုက္တာ ေမာင္သီအဖမ္းမခံရ၊ ရဲတပ္ဖြဲ႕နာမည္မွားၿပီး ထုတ္ျပန္

ရန္ကုန္၊ ေမ ၇

လက္ရွိ ျပည္ထဲေရးက ေၾကညာၿပီး ဖမ္းသြားသူဟာ ဒါရိုက္တာ ေမာင္သီမဟုတ္ဘဲ နာမည္ဆင္တူသူသာျဖစ္တယ္လို႔ သိရပါတယ္။
ဒါရိုက္တာေမာင္သီအေနနဲ႔ ဖမ္းဆီးခံရတာမရွိဘဲ ေနအိမ္မွာ ေအးေဆးစြာရွိေနတယ္လို႔ ဒါရိုက္တာေမာင္သီနဲ႔ နီးစပ္တဲ့ အႏုပညာရွင္တစ္ဦးက ေျပာပါတယ္။

ဖမ္းဆီးခံရသူဟာ ေမာင္သီလို႔ နာမည္ဆင္တူေနတဲ့အျပင္ အဲ့ဒီလို နာမည္ဆင္တူသူ ေမာင္သီက ရဲတပ္ဖြဲ႕ကေန သူ႔ကို ဖမ္းဆီးလိုက္ခ်ိန္မွာ သူကေနၿပီး သူ႔ကိုယ္သူ ဒါရိုက္တာလို႔ ေျပာခဲ့တဲ့အတြက္ ရဲတပ္ဖြဲ႕က ဒါရိုက္တာေမာင္သီဆိုၿပီး ထုတ္ျပန္ခ်က္မွာ ေဖာ္ျပလိုက္တာျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး စမ္းေခ်ာင္းၿမိဳ႕နယ္က သန္းလြင္ (ခ) ဒါရိုက္တာေမာင္သီ ဟာ သူအသုံးျပဳတဲ့ “U Thi” Facebook အေကာင့္ကေန နိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရးကို ပ်က္ျပားေစဖို႔ ရည္ရြယ္တဲ့အတြက္ ဖမ္းဆီးထိန္းသိမ္းကာ အမႈဖြင့္အေရးယူထားတာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

ေမလ ၆ ရက္က ဒါရိုက္တာ ေမာင္သီ အပါအဝင္ May Mon Myat Thu Facebook အေကာင့္ အသုံးျပဳတဲ့ ကမာရြတ္ၿမိဳ႕နယ္ေန မေမမြန္ျမတ္သူ၊

Thar Dwe Facebook အေကာင့္ အသုံးျပဳတဲ့ မအူပင္ၿမိဳနယ္က ကိုသာေဒြး၊ Zaw Min Oo Facebook အေကာင့္ အသုံးျပဳတဲ့ ေတာင္ဒဂုံၿမိဳ႕နယ္ေန ကိုေဇာ္မင္းဦး အစရွိသူတို႔ကို လူမႈကြန္ရက္ကတဆင့္ နိုင္ငံေတာ္တည္ၿငိမ္ေရးကို ပ်က္ျပားေအာင္ လုပ္ေဆာင္တယ္လို႔ဆိုကာ အေရးယူခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

လက္ရွိ ဖမ္းဆီးခံရသူရဲ့ ေဖ့စ္ဘြတ္အေကာင့္မွာ U Thi ျဖစ္တယ္လို႔ ထုတ္ျပန္ထားတာျဖစ္ၿပီး ဒါရိုက္တာေမာင္သီ ကေတာ့ Maung Thi အမည္ရွိ ေဖ့စ္ဘြတ္အေကာင့္ကို အသုံးျပဳေနတာျဖစ္ပါတယ္။