ၾကားသိသမွ်

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ တာဝန်ရှိသူနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တွေ့ဆုံဆွေးနွေး

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ တာဝန်ရှိသူနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တွေ့ဆုံဆွေးနွေး

မေ ၇ ၊ ၂၀၂၂

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ လက်ထောက်အထွေထွေ အတွင်းရေးမှူးနဲ့ အရေးပေါ်ကယ် ဆယ်ရေး ဒုတိယညှိနှိုင်းရေးမှူး မစ္စ ဂျွိုက်စူရာနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက် ထားရေးနဲ့ ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ မစ္စ ဂျွိုက်စူရာ ဦးဆောင်တဲ့အဖွဲ့က မေ ၆ ရက် (မနေ့)က တက်ရောက်ခဲ့တဲ့ အာဆီယံအစည်းအဝေး မှာ ဆွေးနွေးခဲတဲ့ အချက်အလက်တွေကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အဖွဲ့ကိုတွေ့ဆုံပြီး ပြန် လည်ရှင်းပြခဲ့ကြတာပါ။

ဒါအပြင် အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်စွာ ဖိနှိပ်မှုများကြောင့် ပေါ်ပေါက်လာရတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အရေးပေါ် အခြေအနေအတွက် အကူအညီများစွာ လိုအပ်လျက်ရှိနေတာတွေ၊ NUG အစိုးရ အနေနဲ့ ဒုက္ခ ရောက် နေတဲ့ ပြည်သူတွေထံရောက်ရှိအောင် နည်းလမ်းပေါင်းစုံနဲ့ အတတ်နိုင်ဆုံး ထောက်ပံ့ ကူညီပေး လျှက် ရှိနေတာတွေ၊ ကုလသမဂ္ဂ အပါအဝင် အာဆီယံနဲ့ နိုင်ငံတကာရဲ့ အကူအညီတွေ များစွာ လိုအပ်လျက် ရှိနေသေးတာတွေနဲ့ လက်ရှိအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာရဲ့ အကူအညီတွေကို ပေးအပ်ရာမှာ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ် နည်းနဲ့ ကျင့်ဝတ်တွေကို လိုက်နာပြီးစစ်ဘေးရှောင် ပြည်သူတွေလက်ဝယ် အမှန်တကယ်ရောက်ရှိနိုင်ရေးက အရေးကြီး တယ်ဆိုတာနဲ့ ပြည်သူလူထုကို အခြေပြုတဲ့ ချဥ်းကပ်မှုတွေနဲ့ လက်တွေ့ အ ကောင်အထည်ဖော်နိုင်တဲ့နည်းလမ်း မျိုးစုံကို ဆွေးနွေး ညှိနှိုင်းခဲ့ကြပါတယ်။

ဆွေးနွေးပွဲကို မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအ မတ်ကြီး ဦးကျော်မိုးထွန်း၊ အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်နဲ့ သြစတြေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာထွန်း အောင်ရွှေတို့လည်း တက်ရောက်ခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြ ထားတာ တွေ့ရပါတယ်။

#PVTV

ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားမႈေရးရာ တာဝန္ရွိသူနဲ႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးတို႔ ေတြ႕ဆုံေဆြးေႏြး

ေမ ၇ ၊ ၂၀၂၂

ကုလသမဂၢ လူသားခ်င္းစာနာေထာက္ထားမႈေရးရာ လက္ေထာက္အေထြေထြ အတြင္းေရးမႉးနဲ႔ အေရးေပၚကယ္ ဆယ္ေရး ဒုတိယညႇိႏွိုင္းေရးမႉး မစၥ ဂၽြိဳက္စူရာနဲ႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ၊ လူသားခ်င္း စာနာေထာက္ ထားေရးနဲ႔ ေဘးအႏၲ ရာယ္ဆိုင္ရာ စီမံခန႔္ခြဲေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးတို႔ ေတြ႕ ဆုံေဆြးေႏြးခဲ့ပါတယ္။

ေဆြးေႏြးပြဲမွာ မစၥ ဂၽြိဳက္စူရာ ဦးေဆာင္တဲ့အဖြဲ႕က ေမ ၆ ရက္ (မေန႔)က တက္ေရာက္ခဲ့တဲ့ အာဆီယံအစည္းအေဝး မွာ ေဆြးေႏြးခဲတဲ့ အခ်က္အလက္ေတြကို ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးႏွင့္ အဖြဲ႕ကိုေတြ႕ဆုံၿပီး ျပန္ လည္ရွင္းျပခဲ့ၾကတာပါ။

ဒါအျပင္ အၾကမ္းဖက္စစ္တပ္ရဲ့ ရက္စက္စြာ ဖိႏွိပ္မႈမ်ားေၾကာင့္ ေပၚေပါက္လာရတဲ့ လူသားခ်င္းစာနာ ေထာက္ထားမႈဆိုင္ရာ အေရးေပၚ အေျခအေနအတြက္ အကူအညီမ်ားစြာ လိုအပ္လ်က္ရွိေနတာေတြ၊ NUG အစိုးရ အေနနဲ႔ ဒုကၡ ေရာက္ ေနတဲ့ ျပည္သူေတြထံေရာက္ရွိေအာင္ နည္းလမ္းေပါင္းစုံနဲ႔ အတတ္နိုင္ဆုံး ေထာက္ပံ့ ကူညီေပး လၽွက္ ရွိေနတာေတြ၊ ကုလသမဂၢ အပါအဝင္ အာဆီယံနဲ႔ နိုင္ငံတကာရဲ့ အကူအညီေတြ မ်ားစြာ လိုအပ္လ်က္ ရွိေနေသးတာေတြနဲ႔ လက္ရွိအေျခအေနေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။

နိုင္ငံတကာရဲ့ အကူအညီေတြကို ေပးအပ္ရာမွာ နိုင္ငံတကာလူသားခ်င္းစာနာမႈဆိုင္ရာ ဥပေဒ၊ လုပ္ထုံးလုပ္ နည္းနဲ႔ က်င့္ဝတ္ေတြကို လိုက္နာၿပီးစစ္ေဘးေရွာင္ ျပည္သူေတြလက္ဝယ္ အမွန္တကယ္ေရာက္ရွိနိုင္ေရးက အေရးႀကီး တယ္ဆိုတာနဲ႔ ျပည္သူလူထုကို အေျချပဳတဲ့ ခ်ဥ္းကပ္မႈေတြနဲ႔ လက္ေတြ႕ အ ေကာင္အထည္ေဖာ္နိုင္တဲ့နည္းလမ္း မ်ိဳးစုံကို ေဆြးေႏြး ညႇိႏွိုင္းခဲ့ၾကပါတယ္။

ေဆြးေႏြးပြဲကို ျမန္မာနိုင္ငံရဲ့ ကုလသမဂၢဆိုင္ရာ အျမဲတမ္းကိုယ္စားလွယ္ သံအ မတ္ႀကီး ဦးေက်ာ္မိုးထြန္း၊ အာဆီယံဆိုင္ရာ သံအမတ္ႀကီး ဦးဘိုလွတင့္နဲ႔ ၾသစေၾတးလ်နိုင္ငံဆိုင္ရာ ကိုယ္စားလွယ္ ေဒါက္တာထြန္း ေအာင္ေရႊတို႔လည္း တက္ေရာက္ခဲ့ၿပီး အျပန္အလွန္ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၾကတယ္လို႔ ထုတ္ျပန္ခ်က္မွာေဖာ္ၿပ ထားတာ ေတြ႕ရပါတယ္။

#PVTV