ၾကားသိသမွ်

မြလိပ်တောင်တွင် မန္တလေးသပိတ်အဖွဲ့ဝင်များအဖမ်းခံရဟု စစ်ကောင်စီသတင်းမှားဖြန့်

မြလိပ်တောင်တွင် မန္တလေးသပိတ်အဖွဲ့ဝင်များအဖမ်းခံရဟု စစ်ကောင်စီသတင်းမှားဖြန့်

မန္တလေး၊ မေ ၇

လူငယ့်ခေတ်

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်၊ ဒုဋ္ဌဝတီ မြစ်ဘေးက မြလိပ်တောင်ထိပ်မှာ အာဏာရှင်ဆန့် ကျင်ကြောင်း ဗီနိုင်းချိတ်ဆွဲခဲ့သည့် သပိတ်ဝင်များ ဖမ်းဆီးပစ်သတ်ခံရသည်ဟု စစ်ကောင်စီဘက်မှ ပုံအတုများဖြင့် သ တင်းမှားများဖြန့်ဝေသော်လည်း အဆိုပါတောင်ထိပ်သို့သွားသည့် မန္တလေးသ ပိတ်အဖွဲ့ဝင်များအားလုံး အန္တ ရာယ်ကင်းရှင်းကြောင်း မန္တလေးသပိတ်ကော်မ တီက လူငယ့်ခေတ်သို့ အတည်ပြုသည်။

“သက်သက်မဲ့ ဝါဒဖြန့်တဲ့သတင်းပါ။ ပုံအတုနဲ့ဝါဒဖြန့်တာလို့ပဲ ပြောရမယ်ဗျ” ဟု မန္တလေးသပိတ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မေလ ၃ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဗီနိုင်းချိတ်ဆွဲခဲ့သည့်အတွက် မေလ ၅ ရက်တွင် စစ်ကောင်စီ အင်အား ၁၀၀ ခန့်ဖြင့် တောင်ခြေတွင် စစ်ကောင်စီတပ်များက တပ်ဆွဲခဲ့သည်။

ထို့နောက် ယနေ့ မေလ ၇ ရက်တွင် မြလိပ်တောင်ပေါ်တွင် ဗီနိုင်းချိတ်ဆွဲသူများမှ နှစ်ဦးကို အသေဖမ်းမိပြီး အမျိုးသမီး တစ်ဦးအပါအဝင် လေးဦးဖမ်းမိကြောင်း စစ်ကောင်စီဘက်က သတင်းအမှားများ ထုတ်ပြန်ထားခြင်းဖြစ် သည်။

“ဒီကောင်တွေ တော်တော်ကျပ်မပြည့်တာဗျ ကျွန်တော်တို့ကတောင် ပြန်ရောက်ပြီးမှ ပုံတင်တာ။ သူတို့က အခု ဖမ်းမိနေတာ။ ပုံကိုဂတုံးနဲ့ လူတောင်ရှာရိုက်ထားသေးတယ် “ဟု မြလိပ်တောင်တွင် အာဏာရှင်ဆန့်ကျင်ရေး ဗီနိုင်းချိတ်ဆွဲခဲ့သည့် သပိတ်အဖွဲ့ဝင်တစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီဘက်မှ အမျိုးသားနှစ်ဦး သေနတ်ဒဏ်ရာနှင့် သေဆုံးနေသည့်ပုံကို သပိတ်အဖွဲ့များ ချိတ်ဆွဲထားသည့် အာဏာရှင်ဆန့်ကျင်ရေးဗီနိုင်းအား တောင်အောက်သို့ ပြန်လည်သယ်ယူလာပြီး ရိုက်ထားသောပုံနှင့် ဝါဒ ဖြန့်ထားခြင်းဖြစ်သည်။

ယခုလက်ရှိတွင် မန္တလေးသပိတ်အဖွဲ့ဝင် အားလုံးဘေးကင်းကြောင်း သိရပြီး မန္တလေးမြို့တွင်းတွင် စစ်ကောင်စီက ပိတ်ဆို့စစ်ဆေးနေသည်ဟု ဒေသခံများထံမှ သိရသည်။


ပုံစာ- စစ်ကောင်စီဘက်မှ သတင်းမှားဖြန့်ဝေသည့် ပုံအားတွေ့ရစဉ်။

ျမလိပ္ေတာင္တြင္ မႏၲေလးသပိတ္အဖြဲ႕ဝင္မ်ားအဖမ္းခံရဟု စစ္ေကာင္စီသတင္းမွားျဖန႔္

မႏၲေလး၊ ေမ ၇

လူငယ့္ေခတ္

မႏၲေလးတိုင္း၊ ေက်ာက္ဆည္ခရိုင္၊ စဥ့္ကိုင္ၿမိဳ႕နယ္၊ ဒု႒ဝတီ ျမစ္ေဘးက ျမလိပ္ေတာင္ထိပ္မွာ အာဏာရွင္ဆန႔္ က်င္ေၾကာင္း ဗီနိုင္းခ်ိတ္ဆြဲခဲ့သည့္ သပိတ္ဝင္မ်ား ဖမ္းဆီးပစ္သတ္ခံရသည္ဟု စစ္ေကာင္စီဘက္မွ ပုံအတုမ်ားျဖင့္ သ တင္းမွားမ်ားျဖန႔္ေဝေသာ္လည္း အဆိုပါေတာင္ထိပ္သို႔သြားသည့္ မႏၲေလးသ ပိတ္အဖြဲ႕ဝင္မ်ားအားလုံး အႏၲ ရာယ္ကင္းရွင္းေၾကာင္း မႏၲေလးသပိတ္ေကာ္မ တီက လူငယ့္ေခတ္သို႔ အတည္ျပဳသည္။

“သက္သက္မဲ့ ဝါဒျဖန႔္တဲ့သတင္းပါ။ ပုံအတုနဲ႔ဝါဒျဖန႔္တာလို႔ပဲ ေျပာရမယ္ဗ်” ဟု မႏၲေလးသပိတ္ေကာ္မတီမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေမလ ၃ ရက္က စစ္အာဏာရွင္ဆန္႔က်င္ေရး ဗီနိုင္းခ်ိတ္ဆြဲခဲ့သည့္အတြက္ ေမလ ၅ ရက္တြင္ စစ္ေကာင္စီ အင္အား ၁၀၀ ခန႔္ျဖင့္ ေတာင္ေျခတြင္ စစ္ေကာင္စီတပ္မ်ားက တပ္ဆြဲခဲ့သည္။

ထို႔ေနာက္ ယေန႔ ေမလ ၇ ရက္တြင္ ျမလိပ္ေတာင္ေပၚတြင္ ဗီနိုင္းခ်ိတ္ဆြဲသူမ်ားမွ ႏွစ္ဦးကို အေသဖမ္းမိၿပီး အမ်ိဳးသမီး တစ္ဦးအပါအဝင္ ေလးဦးဖမ္းမိေၾကာင္း စစ္ေကာင္စီဘက္က သတင္းအမွားမ်ား ထုတ္ျပန္ထားျခင္းျဖစ္ သည္။

“ဒီေကာင္ေတြ ေတာ္ေတာ္က်ပ္မျပည့္တာဗ် ကၽြန္ေတာ္တို႔ကေတာင္ ျပန္ေရာက္ၿပီးမွ ပုံတင္တာ။ သူတို႔က အခု ဖမ္းမိေနတာ။ ပုံကိုဂတုံးနဲ႔ လူေတာင္ရွာရိုက္ထားေသးတယ္ “ဟု ျမလိပ္ေတာင္တြင္ အာဏာရွင္ဆန႔္က်င္ေရး ဗီနိုင္းခ်ိတ္ဆြဲခဲ့သည့္ သပိတ္အဖြဲ႕ဝင္တစ္ဦးကလည္း ေျပာသည္။

စစ္ေကာင္စီဘက္မွ အမ်ိဳးသားႏွစ္ဦး ေသနတ္ဒဏ္ရာႏွင့္ ေသဆုံးေနသည့္ပုံကို သပိတ္အဖြဲ႕မ်ား ခ်ိတ္ဆြဲထားသည့္ အာဏာရွင္ဆန႔္က်င္ေရးဗီနိုင္းအား ေတာင္ေအာက္သို႔ ျပန္လည္သယ္ယူလာၿပီး ရိုက္ထားေသာပုံႏွင့္ ဝါဒ ျဖန႔္ထားျခင္းျဖစ္သည္။

ယခုလက္ရွိတြင္ မႏၲေလးသပိတ္အဖြဲ႕ဝင္ အားလုံးေဘးကင္းေၾကာင္း သိရၿပီး မႏၲေလးၿမိဳ႕တြင္းတြင္ စစ္ေကာင္စီက ပိတ္ဆို႔စစ္ေဆးေနသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

ပုံစာ- စစ္ေကာင္စီဘက္မွ သတင္းမွားျဖန႔္ေဝသည့္ ပုံအားေတြ႕ရစဥ္။