ၾကားသိသမွ်

အင်ပင်ထီးကျေးရွာတွင် စခန်းချထားသော ပျူစောထီးနှင့် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို တာဝေးပစ်ရှော့တိုက်ဒုံး ၃၂ လုံးနှင့် ပစ်ခတ်တိုက်ခိုက်

အင်ပင်ထီးကျေးရွာတွင် စခန်းချထားသော ပျူစောထီးနှင့် အကြမ်းဖက်စစ် ကောင်စီတပ်သားများကို တာဝေးပစ်ရှော့တိုက်ဒုံး ၃၂ လုံးနှင့် ပစ်ခတ်တိုက်ခိုက်

ပုလဲ၊ မေ ၇

လူငယ့်ခေတ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်ပင်ထီးကျေးရွာတွင် စခန်းချထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျုစောထီးများကို ယမန်နေ့(မေ၆ရက်) ညပိုင်းက ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက တာ ဝေးပစ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း ကျားသစ်နက်ပြောက် ကျားတပ်ဖွဲ့မှ သိရသည်။

“ လက်လုပ် တာဝေးပစ် ရှော့တိုက်ဒုန်း (၃၂) လုံးနဲ့ပစ်ခဲ့တာပါ။ ထိခိုက်မှုအနည်းအများတော့ရှိတယ်။ ဘယ်လောက်ကျဆုံးလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး” ဟု ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ် သို့ပြောသည်။

အဆိုပါ ရွာတွင် ပျုစောထီးအယောက် (၁၀၀)ဝန်းကျင်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးခန့်တပ်စွဲထားပြီး ပစ်ခတ်တိုက်ခိုက်မှုပြီးနောက် အော်သံများ ဆူညံနေပြီး အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ အများအပြားသေဆုံးနိုင်ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ က ယနေ့ ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ ၊ PRA ခွဲ ၂၃ ၊ ပုလဲမြေပြန့်လွင်ပြင်ကာကွယ်ရေးအင်အားစု၊ ပုလဲဂျော်ကာအဖွဲ့၊ မြေပြင်သိန်းဌက်အဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုမစ်ရှင်အတွက် ကုန် ကျစရိတ် ကျပ်သိန်း(၃၀)ဝန်းကျင်ထိ သုံးစွဲခဲ့ရကြောင်းလည်း ထုတ်ပြန်ထားသည်။

အင္ပင္ထီးေက်းရြာတြင္ စခန္းခ်ထားေသာ ပ်ဴေစာထီးႏွင့္ အၾကမ္းဖက္စစ္ ေကာင္စီတပ္သားမ်ားကို တာေဝးပစ္ေရွာ့တိုက္ဒုံး ၃၂ လုံးႏွင့္ ပစ္ခတ္တိုက္ခိုက္

ပုလဲ၊ ေမ ၇

လူငယ့္ေခတ္

စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္ အင္ပင္ထီးေက်းရြာတြင္ စခန္းခ်ထားသည့္ အၾကမ္းဖက္စစ္ေကာင္စီတပ္သားမ်ားႏွင့္ ပ်ဳေစာထီးမ်ားကို ယမန္ေန႔(ေမ၆ရက္) ညပိုင္းက ေဒသခံေတာ္လွန္ေရးတပ္ဖြဲ႕မ်ားက တာ ေဝးပစ္ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ ခိုက္ခဲ့ေၾကာင္း က်ားသစ္နက္ေျပာက္ က်ားတပ္ဖြဲ႕မွ သိရသည္။

“ လက္လုပ္ တာေဝးပစ္ ေရွာ့တိုက္ဒုန္း (၃၂) လုံးနဲ႔ပစ္ခဲ့တာပါ။ ထိခိုက္မႈအနည္းအမ်ားေတာ့ရွိတယ္။ ဘယ္ေလာက္က်ဆုံးလဲဆိုတာေတာ့ အတိအက်မသိရေသးပါဘူး” ဟု က်ားသစ္နက္ေျပာက္က်ားတပ္ဖြဲ႕ မွ တာဝန္ရွိသူတစ္ဦးက လူငယ့္ေခတ္ သို႔ေျပာသည္။

အဆိုပါ ရြာတြင္ ပ်ဳေစာထီးအေယာက္ (၁၀၀)ဝန္းက်င္ႏွင့္ အၾကမ္းဖက္စစ္ေကာင္စီတပ္သား ၇ ဦးခန႔္တပ္စြဲထားၿပီး ပစ္ခတ္တိုက္ခိုက္မႈၿပီးေနာက္ ေအာ္သံမ်ား ဆူညံေနၿပီး အၾကမ္းဖက္စစ္ေကာင္စီလက္ပါးေစ အမ်ားအျပားေသဆုံးနိုင္ေၾကာင္း က်ားသစ္နက္ေျပာက္က်ားတပ္ဖြဲ႕ က ယေန႔ ထုတ္ျပန္ထားသည္။

အဆိုပါတိုက္ခိုက္မႈကို က်ားသစ္နက္ေျပာက္က်ားတပ္ဖြဲ႕ ၊ PRA ခြဲ ၂၃ ၊ ပုလဲေျမျပန႔္လြင္ျပင္ကာကြယ္ေရးအင္အားစု၊ ပုလဲေဂ်ာ္ကာအဖြဲ႕၊ ေျမျပင္သိန္းဌက္အဖြဲ႕ တို႔ ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရ သည္။

အဆိုပါ တိုက္ခိုက္မႈမစ္ရွင္အတြက္ ကုန္ က်စရိတ္ က်ပ္သိန္း(၃၀)ဝန္းက်င္ထိ သုံးစြဲခဲ့ရေၾကာင္းလည္း ထုတ္ျပန္ထားသည္။