ၾကားသိသမွ်

ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ မြန်မာ့အရေး အစည်းအဝေး

ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ မြန်မာ့အရေး အစည်းအဝေး
————————-

မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့အတွက် အာဆီယံခေါင်းဆောင်တွေဟာ ကမ္ဘောဒီယားနိုင်ငံ ၊ ဖနွမ်းပင်မြို့မှာ အစည်းအဝေး ကျင်းပခဲ့ပါတယ် ။

မေလ ၆ ရက် ၊ သောကြာနေ့မှာ ကျင်းပခဲ့တာပါ ။ ဒီအစည်းအဝေးကို အာဆီယံခေါင်းဆောင်တွေ ၊ ပြင်ပမိတ်ဖက်အဖွဲ့အစည်းတွေ ၊ ကုလသမဂ္ဂ အထူးပြုအေဂျင်စီတွေနဲ့ အခြားသော နိုင်ငံတကာအဖွဲ အစည်းတွေ တက်ရောက်ခဲ့ပါတယ် ။ အချို့က အွန်လိုင်းကနေ ပါဝင်ခဲ့ပါတယ် ။

အစည်းအဝေးကနေ ဘယ်လိုသဘောတူညီချက်တွေ ရရှိတယ်ဆိုတာ မထုတ်ပြန်ပါဘူး ။ အာဆီယံကိုယ်စားပြု မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပတ်ဆိုခွန်းက တိုးတက်မှု့တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ် ။

ဒီအစည်းအဝေးဟာ မနှစ်က သဘောတူထားတဲ့ သဘောတူညီမှု့ ၅ ချက်ကို ပြန်လည်အသက်သွင်းဖို့ပါ ။ အကြမ်းဖက်မှု့တွေ ရပ်တန့်နိုင်ဖို့ ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ဆွေးနွေးနိုင်ဖို့ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု့ အကူအညီတွေ ပေးဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးနိုင်ဖို့အတွက် အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို လာမယ့်သီတင်းပတ်မှာ လာရောက်ဖို့ရှိပါတယ် ။


မနှစ်က သဘောတူညီမှု့တွေကို မလိုက်နာခဲ့တဲ့ စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေကနေ ပယ်ထုတ်ထားတာပါ ။ အကြမ်းဖက်မှု့တွေ ရပ်တန့်ဖိုကို မြန်မာစစ်တပ်ကိုယ်တိုင်က မလိုက်နာခဲ့တဲ့အတွက် စစ်အုပ်ချုပ်ရေးကို လက်နက်ကိုင်ခုခံမှု့တွေ နိုင်ငံအနှံ့အပြားမှာ မြင့်တက်ခဲ့ပါတယ် ။ မြန်မာစစ်တပ်ဟာ နိုင်ငံအနှံ့အပြား လေကြောင်းတိုက်ခိုက်မှု့တွေ လုပ်နေတဲ့အတွက် နေအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ အများအပြား ရှိနေပါတယ် ။

လက်နက်ကိုင်သူတွေကို နှိမ်နင်းနိုင်ဖို့ ကြိုးပမ်းရာမှာ မြန်မာစစ်တပ်ရဲ့ နည်းဗျူဟာက ရွာတွေကို မီးရှို့တာပါ ။ အချို့ လက်နက်ကိုင် ခုခံမှု့တိုက်ပွဲ ပြင်းထန်တဲ့ ဒေသတွေကို စားနပ်ရိက္ခာနဲ့ ထောက်ပံ့ရေးပစစည်းတွေ မဝင်နိုင်အောင် ကန့်သတ်ထားပါတယ် ။ အိုးမဲ့အိမ်မဲ့ ဖြစ်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီတွေကို မြန်မာစစ်တပ်က ပိတ်ပင်ထားပါသေးတယ် ။

မြန်မာစစ်တပ်ကိုဝေဖန်သူတွေကတော့ အချက် ၅ ချက်ကို အကောင်အထည်ဖော်တာဟာ အချိန်ဆွဲနေတာလို့ ဆိုကြပါတယ် ။

” အာဆီယံရဲ့ ယုံကြည်ကိုးစားမှု့က မြန်မာရဲ့ အခြေအနေအမှန်အတိုင်း လုပ်ဆောင်နိုင်မှု့အပေါ်မှာ မူတည်ပါတယ် ။ အာဆီယံအနေနဲ့ ဒီအချက် ၅ ချက်ကို မြန်မာစစ်တပ်က လိုက်နာလိမ့်မယ်ဆိုတာကို မျှော်လင့်လို့မရပါဘူး ။ ကိုယ့်နိုင်ငံသားတွေကို ရက်ရက်စက်စက် ကြမ်းကြုတ်ရက်စက်နေပြီး စုတ်ပြတ်သတ်သွားမယ့် နိုင်ငံဖြစ်အောင်လုပ်နေတဲ့ မြန်မာစစ်တပ်ကို အမှန်တကယ် ဖိအားပေးနိုင်တဲ့ အစီအစဉ်တွေကို အာဆီယံအနေနဲ့ လုပ်ဆောင်ဖို့လိုပါတယ် ”

လို့ ဘက်မလိုက်သော အာဆီယံလွတ်တော်အမတ်များအဖွဲ့က အာဆီယံဥက္ကဋ္ဌထံကို ပြီးခဲ့တဲ့တစ်ပတ်က တင်ပြခဲ့ပါတယ် ။
အကြံပြုချက်မှာ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်မှ ဆိုင်းငံ့ထားဖို့ ၊ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်တွေကို ခရီးသွားခွင့် ပိတ်ပင်ဖို့ ၊ စီးပွားရေးပိတ်ပင်ဖို့နဲ့ မြန်မာစစ်တပ်ကို ကူညီမှု့တွေ ရပ်တန့်ထားဖို့တွေ ပါဝင်ပါတယ် ။

အကျပ်အတည်းကို အမှန်တကယ် ဖြေရှင်းမယ်ဆိုရင် ပြည်သူကိုကိုယ်စားပြုတဲ့ NUG ကို ဖိတ်ခေါ်မှသာ အမှန်တကယ် ဖြေရှင်းနိုင်လိမ့်မယ်လို့ ဆိုပါတယ် ။ NUG ကို မြန်မာစစ်တပ်က အကြမ်းဖက်သူတွေလို့ ပြောနေပေမဲ့ ၊ ပြည်သူတွေရဲ့ ထောက်ခံမှု့ကို ရာနှုန်းပြည့် ရရှိထားပါတယ် ။

( ဒါကတော့ နိုင်ငံတကာ သတင်းဌာနတွေပေါ်က မြန်မာ့အရေးအတွက် ကမ္ဘောဒီးယားမှာ ကျင်းပတဲ့ အစည်းအဝေးကို သုံးသပ်မှု့နဲ့ ကိုယ်ပိုင်အာဘော် ၊ ပြင်ဆင်မှု့မပါပဲ အနီးကပ်ဆုံး ထုတ်နှုတ် တင်ပြလိုက်ပါတယ် ။ အာဆီယံ အထူးကိုယ်စားလှယ်ကို လက်ခံတာ ၊ လက်မခံတာကို NUG ကသာ ဦးဆောင်နိုင်တာမို့ စာရေးသူက မှတ်ချက်တစ်စုံတစ်ရာမပေးချင်သလို ၊ စာဖတ်သူတွေအနေနဲ့လည်း သတင်းတစ်ခုကို အသိပေးတယ်လို့သာ နားလည်စေချင်ပါတယ် ။ )

ဘကြီးအောင် LA
6 May, 2022

Zawgyi

ကေမၻာဒီးယားမွာ က်င္းပတဲ့ ျမန္မာ့အေရး အစည္းအေဝး
————————-

ျမန္မာ့အေရး ေျဖရွင္းနိုင္ဖို႔အတြက္ အာဆီယံေခါင္းေဆာင္ေတြဟာ ကေမၻာဒီယားနိုင္ငံ ၊ ဖႏြမ္းပင္ၿမိဳ႕မွာ အစည္း

အေဝး က်င္းပခဲ့ပါတယ္ ။ ေမလ ၆ ရက္ ၊ ေသာၾကာေန႔မွာ က်င္းပခဲ့တာပါ ။ ဒီအစည္းအေဝးကို အာဆီယံေခါင္းေဆာင္ေတြ ၊ ျပင္ပမိတ္ဖက္အဖြဲ႕အစည္းေတြ ၊ ကုလသမဂၢ အထူးျပဳေအဂ်င္စီေတြနဲ႔ အျခားေသာ နိုင္ငံတကာအဖြဲ အစည္းေတြ တက္ေရာက္ခဲ့ပါတယ္ ။ အခ်ိဳ႕က အြန္လိုင္းကေန ပါဝင္ခဲ့ပါတယ္ ။

အစည္းအေဝးကေန ဘယ္လိုသေဘာတူညီခ်က္ေတြ ရရွိတယ္ဆိုတာ မထုတ္ျပန္ပါဘူး ။ အာဆီယံကိုယ္စားျပဳ ျမန္မာနိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ျဖစ္သူ ကေမၻာဒီးယား နိုင္ငံျခားေရးဝန္ႀကီး ပတ္ဆိုခြန္းက တိုးတက္မႈ႔ေတြကို သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္ ။

ဒီအစည္းအေဝးဟာ မႏွစ္က သေဘာတူထားတဲ့ သေဘာတူညီမႈ႔ ၅ ခ်က္ကို ျပန္လည္အသက္သြင္းဖို႔ပါ ။ အၾကမ္းဖက္မႈ႔ေတြ ရပ္တန္႔နိုင္ဖို႔ ၊ သက္ဆိုင္ရာအဖြဲ႕အစည္းေတြ ေဆြးေႏြးနိုင္ဖို႔ လူသားခ်င္းဆိုင္ရာ စာနာေထာက္ထားမႈ႔ အကူအညီေတြ ေပးဖို႔အတြက္ သက္ဆိုင္သူအားလုံးနဲ႔ ေဆြးေႏြးနိုင္ဖို႔အတြက္ အထူးကိုယ္စားလွယ္ဟာ ျမန္မာနိုင္ငံကို လာမယ့္သီတင္းပတ္မွာ လာေရာက္ဖို႔ရွိပါတယ္ ။

မႏွစ္က သေဘာတူညီမႈ႔ေတြကို မလိုက္နာခဲ့တဲ့ စစ္ေကာင္စီကို အာဆီယံအစည္းအေဝးေတြကေန ပယ္ထုတ္ထားတာပါ ။ အၾကမ္းဖက္မႈ႔ေတြ ရပ္တန္႔ဖိုကို ျမန္မာစစ္တပ္ကိုယ္တိုင္က မလိုက္နာခဲ့တဲ့အတြက္ စစ္အုပ္ခ်ဳပ္ေရးကို လက္နက္ကိုင္ခုခံမႈ႔ေတြ နိုင္ငံအႏွံ့အျပားမွာ ျမင့္တက္ခဲ့ပါတယ္ ။ ျမန္မာစစ္တပ္ဟာ နိုင္ငံအႏွံ့အျပား ေလေၾကာင္းတိုက္ခိုက္မႈ႔ေတြ လုပ္ေနတဲ့အတြက္ ေနအိမ္စြန္႔ခြာ ထြက္ေျပးရတဲ့ ဒုကၡသည္ေတြ အမ်ားအျပား ရွိေနပါတယ္ ။

လက္နက္ကိုင္သူေတြကို ႏွိမ္နင္းနိုင္ဖို႔ ႀကိဳးပမ္းရာမွာ ျမန္မာစစ္တပ္ရဲ့ နည္းဗ်ဴဟာက ရြာေတြကို မီးရွို႔တာပါ ။ အခ်ိဳ႕ လက္နက္ကိုင္ ခုခံမႈ႔တိုက္ပြဲ ျပင္းထန္တဲ့ ေဒသေတြကို စားနပ္ရိကၡာနဲ႔ ေထာက္ပံ့ေရးပစစည္းေတြ မဝင္နိုင္ေအာင္ ကန္႔သတ္ထားပါတယ္ ။ အိုးမဲ့အိမ္မဲ့ ျဖစ္သူေတြအတြက္ လူသားခ်င္းစာနာေထာက္ထားေရးဆိုင္ရာ အကူအညီေတြကို ျမန္မာစစ္တပ္က ပိတ္ပင္ထားပါေသးတယ္ ။

ျမန္မာစစ္တပ္ကိုေဝဖန္သူေတြကေတာ့ အခ်က္ ၅ ခ်က္ကို အေကာင္အထည္ေဖာ္တာဟာ အခ်ိန္ဆြဲေနတာလို႔ ဆိုၾကပါတယ္ ။

” အာဆီယံရဲ့ ယုံၾကည္ကိုးစားမႈ႔က ျမန္မာရဲ့ အေျခအေနအမွန္အတိုင္း လုပ္ေဆာင္နိုင္မႈ႔အေပၚမွာ မူတည္ပါတယ္ ။ အာဆီယံအေနနဲ႔ ဒီအခ်က္ ၅ ခ်က္ကို ျမန္မာစစ္တပ္က လိုက္နာလိမ့္မယ္ဆိုတာကို ေမၽွာ္လင့္လို႔မရပါဘူး ။ ကိုယ့္နိုင္ငံသားေတြကို ရက္ရက္စက္စက္ ၾကမ္းၾကဳတ္ရက္စက္ေနၿပီး စုတ္ျပတ္သတ္သြားမယ့္ နိုင္ငံျဖစ္ေအာင္လုပ္ေနတဲ့ ျမန္မာစစ္တပ္ကို အမွန္တကယ္ ဖိအားေပးနိုင္တဲ့ အစီအစဥ္ေတြကို အာဆီယံအေနနဲ႔ လုပ္ေဆာင္ဖို႔လိုပါတယ္ ”

လို႔ ဘက္မလိုက္ေသာ အာဆီယံလြတ္ေတာ္အမတ္မ်ားအဖြဲ႕က အာဆီယံဥကၠ႒ထံကို ၿပီးခဲ့တဲ့တစ္ပတ္က တင္ျပခဲ့ပါတယ္ ။

အႀကံျပဳခ်က္မွာ ျမန္မာနိုင္ငံကို အာဆီယံအဖြဲ႕ဝင္အျဖစ္မွ ဆိုင္းငံ့ထားဖို႔ ၊ အာဏာသိမ္းေခါင္းေဆာင္ မင္းေအာင္လွိုင္နဲ႔ အဖြဲ႕ဝင္ေတြကို ခရီးသြားခြင့္ ပိတ္ပင္ဖို႔ ၊ စီးပြားေရးပိတ္ပင္ဖို႔နဲ႔ ျမန္မာစစ္တပ္ကို ကူညီမႈ႔ေတြ ရပ္တန္႔ထားဖို႔ေတြ ပါဝင္ပါတယ္ ။

အက်ပ္အတည္းကို အမွန္တကယ္ ေျဖရွင္းမယ္ဆိုရင္ ျပည္သူကိုကိုယ္စားျပဳတဲ့ NUG ကို ဖိတ္ေခၚမွသာ အမွန္တကယ္ ေျဖရွင္းနိုင္လိမ့္မယ္လို႔ ဆိုပါတယ္ ။ NUG ကို ျမန္မာစစ္တပ္က အၾကမ္းဖက္သူေတြလို႔ ေျပာေနေပမဲ့ ၊ ျပည္သူေတြရဲ့ ေထာက္ခံမႈ႔ကို ရာႏႈန္းျပည့္ ရရွိထားပါတယ္ ။

( ဒါကေတာ့ နိုင္ငံတကာ သတင္းဌာနေတြေပၚက ျမန္မာ့အေရးအတြက္ ကေမၻာဒီးယားမွာ က်င္းပတဲ့ အစည္းအေဝးကို သုံးသပ္မႈ႔နဲ႔ ကိုယ္ပိုင္အာေဘာ္ ၊ ျပင္ဆင္မႈ႔မပါပဲ အနီးကပ္ဆုံး ထုတ္ႏႈတ္ တင္ျပလိုက္ပါတယ္ ။ အာဆီယံ အထူးကိုယ္စားလွယ္ကို လက္ခံတာ ၊ လက္မခံတာကို NUG ကသာ ဦးေဆာင္နိုင္တာမို႔ စာေရးသူက မွတ္ခ်က္တစ္စုံတစ္ရာမေပးခ်င္သလို ၊ စာဖတ္သူေတြအေနနဲ႔လည္း သတင္းတစ္ခုကို အသိေပးတယ္လို႔သာ နားလည္ေစခ်င္ပါတယ္ ။ )

ဘႀကီးေအာင္ LA
6 May, 2022