ၾကားသိသမွ်

မင်းအောင်လှိုင်အိမ်နဲ့ခြံ အစုရှယ်ယာ ၂၄နာရီအတွင်း ဒေါ်လာခုနှစ်သိန်းဖိုးရောင်းရ

မင်းအောင်လှိုင်အိမ်နဲ့ခြံ အစုရှယ်ယာ ၂၄နာရီအတွင်း ဒေါ်လာခုနှစ်သိန်းဖိုးရောင်းရ

မေ၆၊၂၀၂၂

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အိမ်အမှတ်၁၄ အင်းလျားလမ်း နေအိမ်နဲ့ခြံ အစုရှယ်ယာတွေကို NUG အစိုးရ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက မနေ့က စတင်ရောင်းချခဲ့ပြီး စရောင်းတဲ့နေ့ ၂၄နာရီအတွင်းမှာ ဒေါ်လာ(၇)သိန်းဖိုးရောင်းချခဲ့ရတယ်လို့ NUG ဘဏ္ဍာရေး ဦးတင်ထွန်းနိုင်က သူ့ဖေ့စ်ဘုခ်စာမျက်နှာက ထုတ်ပြောပါတယ်။

“ပထမဆုံးခြေလှမ်းအဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူသိမ်းပိုက်ထားတဲ့ ၁၄ အင်းလျား အိမ်နဲ့ခြံကို ကြိုတင်ရောင်းချခဲ့တယ်။ စတင်ရောင်းချလို့ ၂၄ နာရီ ပြည့်တဲ့အချိန်မှာ အစုရှယ်ယာပေါင်း ၇၂၂၈ ရောင်းချနိုင်ခဲ့တယ်။ ရှယ်ယာ တစ်စုကို အမေရိကန်ဒေါ်လာ ၁၀၀ ဆိုတော့ စုစုပေါင်း ဒေါ်လာ ခုနှစ်သိန်းကျော်ဖိုး ရောင်းချနိုင်ခဲ့တာပဲ။” လို့ ဦးတင်ထွန်းနိုင်ငံက ပြောပါတယ်။

NUGအစိုးရက ကြိုပွိုင့်အဖြစ်ရှယ်ယာတွေ ရောင်းချနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့အင်းယားလမ်း ခြံနံပါတ် (၁၄) မြေအကျယ်အဝန်းက ၂ ဧက နီးပါးရှိပြီး အိမ်နဲ့ခြံ ကာလပေါက်ဈေးက အမေရိကန် ဒေါ်လာ သန်း ၃ဝ ခန့် တန်ဖိုးရှိတယ်လို့သိရပါတယ်။

ရန်ကုန်တိုင်းတခုတည်းမှာတင် NUG ကကြိုတင် ရောင်းချမယ့် အာဏာသိမ်းအဖွဲ့က စစ်ဗိုလ်ချုပ်တွေပိုင် မြေယာဧက စုစုပေါင်း ၄ဝဝ ခန့်နဲ့ ခြံမြေအဆောက်အဦး ၄ဝ ခန့်ရှိတယ်လို့ ဦးတင်ထွန်းနိုင်ငံက အင်တာဗျုးတစ်ခုမှာ ပြောထားပါတယ်။

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကောင်စီဘက်ကလည်း သူတို့ချိတ်ပိတ်ထားတဲ့ လူတစ်ချို့ရဲ့နေ အိမ်တွေကို လေလံတင်ရောင်းချတာတွေစလုပ်နေပြီဆိုတာ မီဒီယာတစ်ချို့က ဖော်ပြချက်တွေ အရသိရပါတယ်။#BVJ

မင္းေအာင္လွိုင္အိမ္နဲ႔ၿခံ အစုရွယ္ယာ ၂၄နာရီအတြင္း ေဒၚလာခုႏွစ္သိန္းဖိုးေရာင္းရ

ေမ၆၊၂၀၂၂

အာဏာသိမ္းစစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ရဲ့ အိမ္အမွတ္၁၄ အင္းလ်ားလမ္း ေနအိမ္နဲ႔ၿခံ အစုရွယ္ယာေတြကို NUG အစိုးရ စီမံကိန္း၊ဘ႑ာေရးနဲ႔ ရင္းႏွီးျမဳပ္ႏွံမႈဝန္ႀကီးဌာနက မေန႔က စတင္ေရာင္းခ်ခဲ့ၿပီး စေရာင္းတဲ့ေန႔ ၂၄နာရီအတြင္းမွာ ေဒၚလာ(၇)သိန္းဖိုးေရာင္းခ်ခဲ့ရတယ္လို႔ NUG ဘ႑ာေရး ဦးတင္ထြန္းနိုင္က သူ႔ေဖ့စ္ဘုခ္စာမ်က္ႏွာက ထုတ္ေျပာပါတယ္။

“ပထမဆုံးေျခလွမ္းအျဖစ္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ မတရားသျဖင့္ ရယူသိမ္းပိုက္ထားတဲ့ ၁၄ အင္းလ်ား အိမ္နဲ႔ၿခံကို ႀကိဳတင္ေရာင္းခ်ခဲ့တယ္။ စတင္ေရာင္းခ်လို႔ ၂၄ နာရီ ျပည့္တဲ့အခ်ိန္မွာ အစုရွယ္ယာေပါင္း ၇၂၂၈ ေရာင္းခ်နိုင္ခဲ့တယ္။ ရွယ္ယာ တစ္စုကို အေမရိကန္ေဒၚလာ ၁၀၀ ဆိုေတာ့ စုစုေပါင္း ေဒၚလာ ခုႏွစ္သိန္းေက်ာ္ဖိုး ေရာင္းခ်နိုင္ခဲ့တာပဲ။” လို႔ ဦးတင္ထြန္းနိုင္ငံက ေျပာပါတယ္။

NUGအစိုးရက ႀကိဳပြိဳင့္အျဖစ္ရွယ္ယာေတြ ေရာင္းခ်ေနတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ ရဲ့အင္းယားလမ္း ၿခံနံပါတ္ (၁၄) ေျမအက်ယ္အဝန္းက ၂ ဧက နီးပါးရွိၿပီး အိမ္နဲ႔ၿခံ ကာလေပါက္ေဈးက အေမရိကန္ ေဒၚလာ သန္း ၃ဝ ခန႔္ တန္ဖိုးရွိတယ္လို႔သိရပါတယ္။

ရန္ကုန္တိုင္းတခုတည္းမွာတင္ NUG ကႀကိဳတင္ ေရာင္းခ်မယ့္ အာဏာသိမ္းအဖြဲ႕က စစ္ဗိုလ္ခ်ဳပ္ေတြပိုင္ ေျမယာဧက စုစုေပါင္း ၄ဝဝ ခန႔္နဲ႔ ၿခံေျမအေဆာက္အဦး ၄ဝ ခန႔္ရွိတယ္လို႔ ဦးတင္ထြန္းနိုင္ငံက အင္တာဗ်ဳးတစ္ခုမွာ ေျပာထားပါတယ္။

မင္းေအာင္လွိုင္ေခါင္းေဆာင္တဲ့ စစ္ေကာင္စီဘက္ကလည္း သူတို႔ခ်ိတ္ပိတ္ထားတဲ့ လူတစ္ခ်ိဳ႕ရဲ့ေန အိမ္ေတြကို ေလလံတင္ေရာင္းခ်တာေတြစလုပ္ေနၿပီဆိုတာ မီဒီယာတစ္ခ်ိဳ႕က ေဖာ္ျပခ်က္ေတြ အရသိရပါတယ္။#BVJ