ၾကားသိသမွ်

စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်အား လက်မခံသည့် KNU၏သဘောထား အပြောင်းအလဲမရှိ ဟုပဒိုစောတောနီး ပြော

စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်အား လက်မခံသည့် KNU၏သဘောထား အပြောင်းအလဲမရှိ

သက်ဝေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင်က တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ချက်အပေါ် လက်မခံသည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ သဘောထားမှာ အပြောင်းအလဲမရှိကြောင်း KNU ပြောရေးဆိုခွင့်ရှိ သူ ပဒိုစောတောနီးက ယနေ့ ပြောကြားသည်။

ဧပြီ ၂၂ရက်က မင်းအောင်လှိုင်ကမ်းလှမ်းချက်အပြီး နာရီပိုင်းတွင် KNUပြောရေးဆိုခွင့်ရှိသူ တစ်ဦးအနေဖြင့် သဘောထား တုံ့ပြန်ချက်များကို မီဒီယာများအား ဖြေဆိုထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ကျွန်​တော်ကိုယ်တိုင် KNU ​ပြော​ရေးဆိုခွင့်ရှိသူတစ်ယောက်အနေနဲ့တုံ့ပြန်ချက်အတိုင်း ဘာမှအပြောင်း အလဲမရှိဘဲအတည်ဖြစ်ပါတယ်”ဟု ပဒိုစောတောနီးက ပြောသည်။

ထိုစဉ်က ပဒိုစောတောနီးဖြေကြားခဲ့သည်မှာ စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးလိုပါက စစ်တပ်သည် နိုင်ငံရေးကထွက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ကို လက်တွေ့အကောင်အထည်ဖော်ရန်နှင့် စစ်ကောင်စီက ပြည်သူ လူထုအပေါ် အကြမ်းဖက်သတ်ဖြတ်ခဲ့မှုများနှင့်ပတ်သက်ပြီး အသွင်ကူးပြောင်းရေးကာလဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေးကို လက်ခံရန်နှင့် နိုင်ငံ တကာပါဝင်ပတ်သက်မှုကို လက်ခံရန် အချက်များကို လိုအပ်သည်ဟုဆိုသည်။ ယင်းအချက်များ လက်မခံပါက မင်းအောင်လှိုင်ကိုယ်တိုင် လူလုံးထွက်ပြလည်း ဘာမှ ထူးမည်မဟုတ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

ထို့ပြင် ပြည်သူလူထုများအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ထိုးစစ်ဆင်နေသည့် လုပ်ရပ်များ ပြောင်းလဲရန်လိုအပ်သည်ဟု ၎င်းက ပြောသည်။
“ဖိတ်ခေါ်တာ တောက်လျှောက်ပဲ။ ဒါပေမဲ့သူ့(မင်းအောင်လှိုင်)လုပ်ရပ်တွေကဘာမှ မပြောင်းဘူးလေ။ အဲဒါကြောင့်ကျွန်တော်တို့က လက်ခံနိုင်စရာအကြောင်းတော့မရှိဘူး”ဟု ပဒိုစောတောနီးက ပြောသည်။

KNU အနေဖြင့် အဓိကရည်မှန်းချက်ဖြစ်သည့် စစ်အာဏာရှင် ပြုတ်ကျရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ပဒိုစောတောနီးက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်ကို လက်မခံကြောင်း တရားဝင်ထုတ်ပြန်ပြောဆိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ရှိလာပြီး KNU၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တို့ ဖြစ်သည်။

စစ္ေကာင္စီေခါင္းေဆာင္၏ ဖိတ္ေခၚခ်က္အား လက္မခံသည့္ KNU၏သေဘာထား အေျပာင္းအလဲမရွိ

သက္ေဝ/People’s Spring

အာဏာသိမ္းစစ္ေကာင္စီ ေခါင္းေဆာင္က တိုင္းရင္း သားလက္နက္ကိုင္ေခါင္းေဆာင္မ်ားႏွင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးလိုေၾကာင္း ဖိတ္ေခၚခ်က္အေပၚ လက္မခံသည့္ ကရင္အမ်ိဳးသားအစည္းအ႐ုံး(KNU)၏ သေဘာထားမွာ အေျပာင္းအလဲမရွိေၾကာင္း KNU ေျပာေရးဆိုခြင့္ရွိ သူ ပဒိုေစာေတာနီးက ယေန႔ ေျပာၾကားသည္။

ဧၿပီ ၂၂ရက္က မင္းေအာင္လွိုင္ကမ္းလွမ္းခ်က္အၿပီး နာရီပိုင္းတြင္ KNUေျပာေရးဆိုခြင့္ရွိသူ တစ္ဦးအေနျဖင့္ သေဘာထား တုံ႔ျပန္ခ်က္မ်ားကို မီဒီယာမ်ားအား ေျဖဆိုထားၿပီးျဖစ္သည္ဟု ၎က ဆိုသည္။

“ကၽြန္​ေတာ္ကိုယ္တိုင္ KNU ​ေျပာ​ေရးဆိုခြင့္ရွိသူတစ္ေယာက္အေနနဲ႔တုံ႔ျပန္ခ်က္အတိုင္း ဘာမွအေျပာင္း အလဲမရွိဘဲအတည္ျဖစ္ပါတယ္”ဟု ပဒိုေစာေတာနီးက ေျပာသည္။

ထိုစဥ္က ပဒိုေစာေတာနီးေျဖၾကားခဲ့သည္မွာ စစ္ေကာင္စီအေနျဖင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးလိုပါက စစ္တပ္သည္ နိုင္ငံေရးကထြက္ၿပီး ဖက္ဒရယ္ဒီမိုကေရစီ ကို လက္ေတြ႕အေကာင္အထည္ေဖာ္ရန္ႏွင့္ စစ္ေကာင္စီက ျပည္သူ လူထုအေပၚ အၾကမ္းဖက္သတ္ျဖတ္ခဲ့မႈမ်ားႏွင့္ပတ္သက္ၿပီး အသြင္ကူးေျပာင္းေရးကာလဆိုင္ရာ တရားမၽွတမႈ ေဖာ္ေဆာင္ေရးကို လက္ခံရန္ႏွင့္ နိုင္ငံ တကာပါဝင္ပတ္သက္မႈကို လက္ခံရန္ အခ်က္မ်ားကို လိုအပ္သည္ဟုဆိုသည္။ ယင္းအခ်က္မ်ား လက္မခံပါက မင္းေအာင္လွိုင္ကိုယ္တိုင္ လူလုံးထြက္ျပလည္း ဘာမွ ထူးမည္မဟုတ္ေၾကာင္း ပဒိုေစာေတာနီးက ေျပာသည္။

ထို႔ျပင္ ျပည္သူလူထုမ်ားအား ဖမ္းဆီးႏွိပ္စက္ သတ္ျဖတ္ထိုးစစ္ဆင္ေနသည့္ လုပ္ရပ္မ်ား ေျပာင္းလဲရန္လိုအပ္သည္ဟု ၎က ေျပာသည္။
“ဖိတ္ေခၚတာ ေတာက္ေလၽွာက္ပဲ။ ဒါေပမဲ့သူ႔(မင္းေအာင္လွိုင္)လုပ္ရပ္ေတြကဘာမွ မေျပာင္းဘူးေလ။ အဲဒါေၾကာင့္ကၽြန္ေတာ္တို႔က လက္ခံနိုင္စရာအေၾကာင္းေတာ့မရွိဘူး”ဟု ပဒိုေစာေတာနီးက ေျပာသည္။

KNU အေနျဖင့္ အဓိကရည္မွန္းခ်က္ျဖစ္သည့္ စစ္အာဏာရွင္ ျပဳတ္က်ေရးကို ဆက္လက္လုပ္ေဆာင္သြားမည္ဟု ပဒိုေစာေတာနီးက ေျပာသည္။

ထို႔ေၾကာင့္ စစ္ေကာင္စီေခါင္းေဆာင္၏ ဖိတ္ေခၚခ်က္ကို လက္မခံေၾကာင္း တရားဝင္ထုတ္ျပန္ေျပာဆိုသည့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၃ဖြဲ႕ရွိလာၿပီး KNU၊ ကခ်င္လြတ္လပ္ေရးအဖြဲ႕(KIO/KIA)ႏွင့္ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ(KNPP)တို႔ ျဖစ္သည္။