ၾကားသိသမွ်

ဘင်္ဂလားပင်လယ်အော်တွင် ၄၈ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံသို့လည်းသက်ရောက်နိုင်

ဘင်္ဂလားပင်လယ်အော်က မုန်တိုင်းငယ် မြန်မာနိုင်ငံသို့ သက်ရောက်နိုင်
——

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ၎င်းနှင့် ဆက်စပ်နေသည့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းများတွင် လေဖိအားနည်းရပ်ဝန်း တစ်ခု ဖြစ်ပေါ်နေသည်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ၆ ရက်နေ့က သတင်းအရ သိရပါသည်။ ထိုလေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက်(၄၈) နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာနိုင်ကြောင်း ခန့်မှန်းထာသည်ဟု China Media Group မှ သတင်းအရ သိရပါသည်။

မုန်တိုင်းငယ်၏ အခြေအနေကို မေလ ၉ ရက်နေ့ ဝန်းကျင်တွင် အတိအကျသိရမည်ဟု မိုးလေဝသစောင့်ကြည့် ပညာရှင်များက ဆိုကြပြီး မြန်မာနိုင်ငံအနှံ့တွင် နေရာကျဲကျဲနှင့် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာမှုများ ဆက်လက်ဖြစ်ပေါ်နေဦးမည်ဟု သိရပါသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် နောက် ၂၄ နာရီအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပြီး တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဟု ဆိုပါသည်။

ဖြစ်ပေါ်လာနိုင်ခြေရှိသည့် မုန်တိုင်းအရှိန်ကြောင့် မကွေးတိုင်းနှင့် ရခိုင်ရိုးမပေါ်တွင် မိုးကြီးနိုင်ပြီး မကွေးတိုင်းအနောက်ပိုင်း ဧရာဝတီမြစ်အတွင်း စီးဝင်သောမြစ်ချောင်းများမှာ စိုက်ပျိုး ထားသောသီးနှံများ ပျက်စီးနိုင်ခြင်းကြောင့် မေလ ၉ ရက်နေ့မတိုင်မီ အပြီးရိတ်သိမ်းပြီး လုံခြုံသည့် အမိုးအကာအောက်ကို ရောက်ရှိအောင် လုပ်ဆောင်ထားရန် မိုးလေဝသပညာရှင်တစ်ဦးဖြစ်သည့် ဒေါ်စုစုစံက အကြံပြုထားပါသည်။credit

ဘဂၤလားပင္လယ္ေအာ္က မုန္တိုင္းငယ္ ျမန္မာနိုင္ငံသို႔ သက္ေရာက္နိုင္
——

ကပၸလီပင္လယ္ျပင္ ေတာင္ပိုင္းႏွင့္ ၎ႏွင့္ ဆက္စပ္ေနသည့္ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းမ်ားတြင္ ေလဖိအားနည္းရပ္ဝန္း တစ္ခု ျဖစ္ေပၚေနသည္ဟု မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈဦးစီးဌာနမွ ၆ ရက္ေန႔က သတင္းအရ သိရပါသည္။ ထိုေလဖိအားနည္းရပ္ဝန္းသည္ အေနာက္ေျမာက္ဘက္သို႔ ေရြ႕လ်ားနိုင္ၿပီး၊ ေနာက္(၄၈) နာရီအတြင္း မုန္တိုင္းငယ္အျဖစ္သို႔ အားေကာင္းလာနိုင္ေၾကာင္း ခန႔္မွန္းထာသည္ဟု China Media Group မွ သတင္းအရ သိရပါသည္။

မုန္တိုင္းငယ္၏ အေျခအေနကို ေမလ ၉ ရက္ေန႔ ဝန္းက်င္တြင္ အတိအက်သိရမည္ဟု မိုးေလဝသေစာင့္ၾကည့္ ပညာရွင္မ်ားက ဆိုၾကၿပီး ျမန္မာနိုင္ငံအႏွံ့တြင္ ေနရာက်ဲက်ဲႏွင့္ ေနရာအႏွံ့အျပား မိုးထစ္ခ်ဳန္း ရြာမႈမ်ား ဆက္လက္ျဖစ္ေပၚေနဦးမည္ဟု သိရပါသည္။

မိုးေလဝသႏွင့္ ဇလေဗဒ ညႊန္ၾကားမႈဦးစီးဌာန၏ ခန႔္မွန္းခ်က္အရ ရခိုင္ကမ္းရိုးတန္း တစ္ေလၽွာက္တြင္ ေနာက္ ၂၄ နာရီအတြင္း ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာနိုင္ၿပီး တနသၤာရီ ကမ္းရိုးတန္းတစ္ေလၽွာက္တြင္ ေနရာစိပ္စိပ္ မိုးထစ္ခ်ဳန္းရြာမည္ဟု ဆိုပါသည္။

ျဖစ္ေပၚလာနိုင္ေျခရွိသည့္ မုန္တိုင္းအရွိန္ေၾကာင့္ မေကြးတိုင္းႏွင့္ ရခိုင္ရိုးမေပၚတြင္ မိုးႀကီးနိုင္ၿပီး မေကြးတိုင္းအေနာက္ပိုင္း ဧရာဝတီျမစ္အတြင္း စီးဝင္ေသာျမစ္ေခ်ာင္းမ်ားမွာ စိုက္ပ်ိဳး ထားေသာသီးႏွံမ်ား ပ်က္စီးနိုင္ျခင္းေၾကာင့္ ေမလ ၉ ရက္ေန႔မတိုင္မီ အၿပီးရိတ္သိမ္းၿပီး လုံျခဳံသည့္ အမိုးအကာေအာက္ကို ေရာက္ရွိေအာင္ လုပ္ေဆာင္ထားရန္ မိုးေလဝသပညာရွင္တစ္ဦးျဖစ္သည့္ ေဒၚစုစုစံက အႀကံျပဳထားပါသည္။ credit