ၾကားသိသမွ်

ပြည်သူများ၏ လက်မှတ် ၅ သိန်းကျော်ကြောင့် NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် နယူးဇီလန်လွှတ်တော်က ကြားနာ

ပြည်သူများ၏ လက်မှတ် ၅ သိန်းကျော်ကြောင့် NUG ကို တရားဝင်မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုရန် နယူးဇီလန်လွှတ်တော်က ကြားနာ၊ Democracy For Myanmar Groupနှင့် နယူးဇီးလန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ

ရန်ကုန်၊ မေ ၆

အင်တာနက်မှတစ်ဆင့် မြန်မာပြည်သူများ လက်မှတ်ရေးထိုးတောင်းဆိုလိုက်သည့် လက်မှတ်ပေါင်း ၅ သိန်းကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နယူးဇီလန်နိုင်ငံက တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် နယူးဇီလန် လွှတ်တော်တွင် ကြားနာပွဲများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း နယူးဇီလန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများထံမှ သိရှိရသည်။

နယူးဇီလန်အစိုးရက NUG ကို မြန်မာပြည်၏တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုရန် တောင်းဆိုသော မြန်မာပြည်သူများ၏ လက်မှတ်စုစုပေါင်း ၅ သိန်း ကျော်ကြောင့် မေလ ၅ ရက်နေ့ နယူးဇီလန်လွှတ်တော်တွင် တရားဝင်ကြားနာပွဲကိုပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

NUGကို တရားဝင် မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုရေး နယူးဇီလန်လွှတ်တော်၏ မေလ ၅ ရက်နေ့ ကြားနာပွဲသို့ Democracy For Myanmar Group တင်​ထောင်သူတစ်ဦးဖြစ်သူ မတင်မမဦးက onlineဖြင့်တက်​ရောက်ခဲ့ပြီး နယူးဇီလန် ပါလီမန်နိုင်ငံခြား​ရေး၊ကုန်သွယ်​ရေး၊ ကာကွယ်ရေးရာကော်မတီထံသို့ မြန်မာ့အရေးနှင့်ပတ်သက်၍ အသေးစိတ် တင်ပြမှုများ လုပ်ဆောင်ခဲ့သည်။

အဆိုပါ တင်ပြချက်ကို မြန်မာ့ ဒီမိုက​ရေစီ​ရေးမှာ နစ်​ပေါင်း၃၀​ကျော်တစ်စိုက်မတ်မတ်ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပြီး နယူးဇီလန်အလုပ်သမား သမဂများအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဟောင်း Mr. Ross Wilson ကထောက်ခံတင်ပြခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် Democracy For Myanmar Group က နယူးဇီးလန်နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း ယမန်နှစ်တွင် တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအခြေအနေများ ရှင်းပြခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- နယူးဇီလန်လွှတ်တော်မြင်ကွင်း။

ျပည္သူမ်ား၏ လက္မွတ္ ၅ သိန္းေက်ာ္ေၾကာင့္ NUG ကို တရားဝင္ျမန္မာအစိုးရအျဖစ္ အသိအမွတ္ျပဳရန္ နယူးဇီလန္လႊတ္ေတာ္က ၾကားနာ၊ Democracy For Myanmar Groupႏွင့္ နယူးဇီးလန္နိုင္ငံျခားေရးဝန္ႀကီးေတြ႕ဆုံ

ရန္ကုန္၊ ေမ ၆

အင္တာနက္မွတစ္ဆင့္ ျမန္မာျပည္သူမ်ား လက္မွတ္ေရးထိုးေတာင္းဆိုလိုက္သည့္ လက္မွတ္ေပါင္း ၅ သိန္းေၾကာင့္ အမ်ိဳးသားညီညြတ္ေရးအစိုးရ NUG ကို နယူးဇီလန္နိုင္ငံက တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳရန္ နယူးဇီလန္ လႊတ္ေတာ္တြင္ ၾကားနာပြဲမ်ား စတင္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း နယူးဇီလန္ေရာက္ ျမန္မာ့အေရးလႈပ္ရွားသူမ်ားထံမွ သိရွိရသည္။

နယူးဇီလန္အစိုးရက NUG ကို ျမန္မာျပည္၏တရားဝင္အစိုးရအျဖစ္ အသိအမွတ္ျပဳရန္ ေတာင္းဆိုေသာ ျမန္မာျပည္သူမ်ား၏ လက္မွတ္စုစုေပါင္း ၅ သိန္း ေက်ာ္ေၾကာင့္ ေမလ ၅ ရက္ေန႔ နယူးဇီလန္လႊတ္ေတာ္တြင္ တရားဝင္ၾကားနာပြဲကိုျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

NUGကို တရားဝင္ ျမန္မာအစိုးရအျဖစ္ အသိအမွတ္ျပဳေရး နယူးဇီလန္လႊတ္ေတာ္၏ ေမလ ၅ ရက္ေန႔ ၾကားနာပြဲသို႔ Democracy For Myanmar Group တင္​ေထာင္သူတစ္ဦးျဖစ္သူ မတင္မမဦးက onlineျဖင့္တက္​ေရာက္ခဲ့ၿပီး နယူးဇီလန္ ပါလီမန္နိုင္ငံျခား​ေရး၊ကုန္သြယ္​ေရး၊ ကာကြယ္ေရးရာေကာ္မတီထံသို႔ ျမန္မာ့အေရးႏွင့္ပတ္သက္၍ အေသးစိတ္ တင္ျပမႈမ်ား လုပ္ေဆာင္ခဲ့သည္။

အဆိုပါ တင္ျပခ်က္ကို ျမန္မာ့ ဒီမိုက​ေရစီ​ေရးမွာ နစ္​ေပါင္း၃၀​ေက်ာ္တစ္စိုက္မတ္မတ္ပါဝင္ခဲ့သူတစ္ဦး ျဖစ္ၿပီး နယူးဇီလန္အလုပ္သမား သမဂမ်ားအဖြဲ႕ခ်ဳပ္၏ ဥကၠ႒ေဟာင္း Mr. Ross Wilson ကေထာက္ခံတင္ျပခဲ့ေၾကာင္း သိရွိရသည္။

ထို႔ျပင္ Democracy For Myanmar Group က နယူးဇီးလန္နိုင္ငံျခားေရးဝန္ႀကီးႏွင့္လည္း ယမန္ႏွစ္တြင္ ေတြ႕ဆုံခဲ့ၿပီး ျမန္မာ့အေရးအေျခအေနမ်ား ရွင္းျပခဲ့ၾကေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- နယူးဇီလန္လႊတ္ေတာ္ျမင္ကြင္း။