ၾကားသိသမွ်

တပ်ရင်းတပ်ဖွဲ့များတွင် ပရိတ်၊ ပဋ္ဌာန်းများကို ညွှန်ကြားသည့်နေ့တွင် မဖြစ်မနေ ရွတ်ရန်နှင့် ဝန်ထမ်းများအနေဖြင့် စစ်တပ်ကို မဝေဖန်ရန်နှင့် နိုင်ငံရေး အကြောင်း မပြောရန် စစ်ကောင်စီ အမိန့်ထုတ်

တပ်ရင်းတပ်ဖွဲ့များတွင် ပရိတ်၊ ပဋ္ဌာန်းများကို ညွှန်ကြားသည့်နေ့တွင် မဖြစ်မနေ ရွတ်ရန်နှင့် ဝန်ထမ်းများအနေဖြင့် စစ်တပ်ကို မဝေဖန်ရန်နှင့် နိုင်ငံရေး အကြောင်း မပြောရန် စစ်ကောင်စီ အမိန့်ထုတ်

ရန်ကုန်၊ မေ ၆

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း တပ်ရင်းတပ်ဖွဲ့များတွင် ပရိတ်၊ ပဋ္ဌာန်းများ သတ်မှတ်သည့်နေ့တွင် ရွတ်ဖတ် ပူဇော်ကြရန် အမိန့်ထုတ်ပြန် ညွှန်ကြားထားကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

တပ်ရင်း၊ တပ်ဖွဲ့များအနေဖြင့် တပ်တွင်းဓမ္မာရုံများတွင် ပရိတ်၊ ပဋ္ဌာန်းများကို သတ်မှတ်သည့်ရက်များတွင် ရွတ် ဖတ် ပူဇော်သွားရန် စစ်ကောင်စီက အဆင့် ဆင့် ညွှန်ကြားထားကြောင်း၊ မေလ ၁ ရက်နေ့နှင့် မေလ ၁၆ ရက်နေ့တို့တွင် မပျက်မကွက် ရွတ်ဖတ်ပူဇော်ရေး အလေးထားဆောင်ရွက်ရန်၊ ဆောင် ရွက်ပြီးစီးမှု မှတ်တမ်း ဓာတ်ပုံများကို ဆောင်ရွက်သည့်နေ့ နံနက် ၉ နာရီ အရောက် တင်ပြရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကောင်စီလက်အောက်ရှိ ဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် စစ်တပ်ကို ဝေဖန်ခြင်းမပြုရန်နှင့် နိုင်ငံရေးအကြောင်း ဝေဖန်သုံးသပ်ပြောဆိုမှုများ မပြုလုပ်ရန် မေလ ၁ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားသည်။

“စစ်တပ်ကို ဝေဖန်တာ၊ နိုင်ငံရေးမှာ လက်ရှိအခြေအနေက မကောင်းဘူး ဆိုတာမျိုးတွေက ဝန်ထမ်းတွေကို CDM ဖြစ်စေအောင် တွန်းအားဖြစ်စေတယ်။ ဒါကြောင့် မပြောရဘူးလို့ အမိန့် ထုတ်လာတာ” ဟု နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။

ထို့ပြင် ဝန်ထမ်းများအနေဖြင့် သွားလာရေး ဂရုစိုက်ပြီး မိမိ၏ လုံခြုံရေးကို မိမိသတိပြုကြရန်၊ လိုင်းခန်းနေစဉ်နှင့် ပြင်ပသို့ သွာလာရာတွင် လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် နေထိုင်‌ကြရန်၊ ဌာနအလိုက် အသိပေး ပြောကြားရန်ဟု ညွှန်ကြားလာသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်စေရေး ကြပ်မတ် ဆောင်ရွက်ရန် စစ်ကောင်စီက ဝန်ကြီးများ အပါအဝင် အရာရှိကြီးများကို အမိန့်ထုတ် ညွှန်ကြားထားကြောင်း သိရှိရသည်။

တပ္ရင္းတပ္ဖြဲ႕မ်ားတြင္ ပရိတ္၊ ပ႒ာန္းမ်ားကို ညႊန္ၾကားသည့္ေန႔တြင္ မျဖစ္မေန ရြတ္ရန္ႏွင့္ ဝန္ထမ္းမ်ားအေနျဖင့္ စစ္တပ္ကို မေဝဖန္ရန္ႏွင့္ နိုင္ငံေရး အေၾကာင္း မေျပာရန္ စစ္ေကာင္စီ အမိန႔္ထုတ္

ရန္ကုန္၊ ေမ ၆

အၾကမ္းဖက္စစ္ေကာင္စီက နိုင္ငံတစ္ဝန္း တပ္ရင္းတပ္ဖြဲ႕မ်ားတြင္ ပရိတ္၊ ပ႒ာန္းမ်ား သတ္မွတ္သည့္ေန႔တြင္ ရြတ္ဖတ္ ပူေဇာ္ၾကရန္ အမိန႔္ထုတ္ျပန္ ညႊန္ၾကားထားေၾကာင္း စစ္တပ္သတင္းရင္းျမစ္မ်ားထံမွ သိရွိရသည္။

တပ္ရင္း၊ တပ္ဖြဲ႕မ်ားအေနျဖင့္ တပ္တြင္းဓမၼာ႐ုံမ်ားတြင္ ပရိတ္၊ ပ႒ာန္းမ်ားကို သတ္မွတ္သည့္ရက္မ်ားတြင္ ရြတ္ ဖတ္ ပူေဇာ္သြားရန္ စစ္ေကာင္စီက အဆင့္ ဆင့္ ညႊန္ၾကားထားေၾကာင္း၊ ေမလ ၁ ရက္ေန႔ႏွင့္ ေမလ ၁၆ ရက္ေန႔တို႔တြင္ မပ်က္မကြက္ ရြတ္ဖတ္ပူေဇာ္ေရး အေလးထားေဆာင္ရြက္ရန္၊ ေဆာင္ ရြက္ၿပီးစီးမႈ မွတ္တမ္း ဓာတ္ပုံမ်ားကို ေဆာင္ရြက္သည့္ေန႔ နံနက္ ၉ နာရီ အေရာက္ တင္ျပရန္ ညႊန္ၾကားထားျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ထို႔ျပင္ စစ္ေကာင္စီလက္ေအာက္ရွိ ဝန္ႀကီးဌာနမ်ားတြင္ တာဝန္ထမ္းေဆာင္ေနေသာ ဝန္ထမ္းမ်ားအေနျဖင့္ စစ္တပ္ကို ေဝဖန္ျခင္းမျပဳရန္ႏွင့္ နိုင္ငံေရးအေၾကာင္း ေဝဖန္သုံးသပ္ေျပာဆိုမႈမ်ား မျပဳလုပ္ရန္ ေမလ ၁ ရက္ေန႔ ရက္စြဲျဖင့္ စစ္ေကာင္စီက အမိန႔္ထုတ္ျပန္ထားသည္။

“စစ္တပ္ကို ေဝဖန္တာ၊ နိုင္ငံေရးမွာ လက္ရွိအေျခအေနက မေကာင္းဘူး ဆိုတာမ်ိဳးေတြက ဝန္ထမ္းေတြကို CDM ျဖစ္ေစေအာင္ တြန္းအားျဖစ္ေစတယ္။ ဒါေၾကာင့္ မေျပာရဘူးလို႔ အမိန႔္ ထုတ္လာတာ” ဟု ေနျပည္ေတာ္သတင္းရင္းျမစ္က ေျပာသည္။

ထို႔ျပင္ ဝန္ထမ္းမ်ားအေနျဖင့္ သြားလာေရး ဂ႐ုစိုက္ၿပီး မိမိ၏ လုံျခဳံေရးကို မိမိသတိျပဳၾကရန္၊ လိုင္းခန္းေနစဥ္ႏွင့္ ျပင္ပသို႔ သြာလာရာတြင္ လုံျခဳံေရးအသိ၊ လုံျခဳံေရး သတိျဖင့္ ေနထိုင္‌ၾကရန္၊ ဌာနအလိုက္ အသိေပး ေျပာၾကားရန္ဟု ညႊန္ၾကားလာသည့္ ညႊန္ၾကားခ်က္မ်ားအတိုင္း လိုက္နာေဆာင္ရြက္ေစေရး ၾကပ္မတ္ ေဆာင္ရြက္ရန္ စစ္ေကာင္စီက ဝန္ႀကီးမ်ား အပါအဝင္ အရာရွိႀကီးမ်ားကို အမိန႔္ထုတ္ ညႊန္ၾကားထားေၾကာင္း သိရွိရသည္။