ၾကားသိသမွ်

စစ်ကောင်စီ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးထင်လင်းဦးကို AA စစ်ဦးစီးချုပ် သတိပေး

စစ်ကောင်စီ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးကို AA စစ်ဦးစီးချုပ် သတိပေး
==========

ရက္ခိုင့်တပ်တော် AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာရုံနောက်အောင်ပြုလုပ်လာလျှင် ငြိမ်းချမ်းရေးကို ဂရုစိုက်နေမည်မဟုတ်ပဲ စစ်ကောင်စီခန့် အနောက်ပိုင်းတိုင်းမှူး နေထိုင်ရာနေရာထိ တိုက်ခိုက်မည်ဖြစ်ကြောင်း ၎င်း၏ တွစ်တာမှ တဆင့် ယနေ့ မေလ ၆ ရက်နေ့ နံနက်ပိုင်းတွင် သတိပေးပြောကြားလိုက်သည်။

“ကိုထင်လင်းဦး သိပ်လျှောက်မလုပ်နဲ့ အာရုံနောက်နေပြီ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး
မင်းနေတဲ့နေရာထိတက်ကြိတ်ပလိုက်မှာနော်” ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရေးသားထားခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် လာမည့်မေလ၉ရက်နေ့နောက်ဆုံးထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေဖြင့် စာရင်းပေးကြရန် စစ်ခေါင်းဆောင်ကိုယ်တိုင်ဖိတ်ခေါ်ထားသည်။

လက်ရှိအချိန်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်နယ်တွင် စစ်ရေးအရတင်းမာနေဆဲဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းတွင်လည်း AAနှင့် စစ်ကောင်စီတို့အကြား လွန်ဆွဲနေဆဲဖြစ်သည်။

ယင်းအပြင် ပြီးခဲ့သည့် ဧပြီလနှောင်းပိုင်းက စတင်ပြီး ရခိုင်မြောက်ပိုင်း မြို့နယ်တချို့က ကျေးရွာများကို အင်အား ၅၀ ဝန်းကျင် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မကြာခဏ ဝင်ရောက်စစ်ဆေးမှု များပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

စစ္ေကာင္စီ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉးကို AA စစ္ဦးစီးခ်ဳပ္ သတိေပး
==========

ရကၡိဳင့္တပ္ေတာ္ AAစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္နိုင္က အာ႐ုံေနာက္ေအာင္ျပဳလုပ္လာလၽွင္ ၿငိမ္းခ်မ္းေရးကို ဂ႐ုစိုက္ေနမည္မဟုတ္ပဲ စစ္ေကာင္စီခန႔္ အေနာက္ပိုင္းတိုင္းမႉး ေနထိုင္ရာေနရာထိ တိုက္ခိုက္မည္ျဖစ္ေၾကာင္း ၎၏ တြစ္တာမွ တဆင့္ ယေန႔ ေမလ ၆ ရက္ေန႔ နံနက္ပိုင္းတြင္ သတိေပးေျပာၾကားလိုက္သည္။

“ကိုထင္လင္းဦး သိပ္ေလၽွာက္မလုပ္နဲ႔ အာ႐ုံေနာက္ေနၿပီ ၿငိမ္းခ်မ္းေရးဘာညာ ေသာက္ဂ႐ုစိုက္ေနမွာ မဟုတ္ဘူး
မင္းေနတဲ့ေနရာထိတက္ႀကိတ္ပလိုက္မွာေနာ္” ဟု AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္နိုင္က ေရးသားထားျခင္းျဖစ္သည္။

စစ္ေကာင္စီအေနျဖင့္ လာမည့္ေမလ၉ရက္ေန႔ေနာက္ဆုံးထားၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားေဆာင္ရြက္ရန္အတြက္ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕မ်ားအေနျဖင့္ စာရင္းေပးၾကရန္ စစ္ေခါင္းေဆာင္ကိုယ္တိုင္ဖိတ္ေခၚထားသည္။

လက္ရွိအခ်ိန္တြင္ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တည္ရွိရာ ရခိုင္ျပည္နယ္တြင္ စစ္ေရးအရတင္းမာေနဆဲျဖစ္ၿပီး အုပ္ခ်ဳပ္ေရးပိုင္းတြင္လည္း AAႏွင့္ စစ္ေကာင္စီတို႔အၾကား လြန္ဆြဲေနဆဲျဖစ္သည္။

ယင္းအျပင္ ၿပီးခဲ့သည့္ ဧၿပီလေႏွာင္းပိုင္းက စတင္ၿပီး ရခိုင္ေျမာက္ပိုင္း ၿမိဳ႕နယ္တခ်ိဳ႕က ေက်းရြာမ်ားကို အင္အား ၅၀ ဝန္းက်င္ ပါဝင္သည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက မၾကာခဏ ဝင္ေရာက္စစ္ေဆးမႈ မ်ားျပဳလုပ္ေနေၾကာင္း ေဒသခံမ်ားက ေျပာသည္။