ၾကားသိသမွ်

ဝင်မနားရဲစခန်းကို PDFများဝင်ရောက်ရှင်းလင်း

အကြမ်းဖက်စစ်ကောင်စီတပ်စွန့်ခွာထွက်ပြေးသွားသည့် ဝင်မနားရဲစခန်းကို PDFများဝင်ရောက်ရှင်းလင်း

ရဲခေါင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဝင်မနားရဲစခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်စွန့်ခွာထွက်ပြေးခဲ့ပြီးနောက် PDFများ ဝင်ရောက်ရှင်းလင်းနေသည့်မှတ်တမ်းကို Myanmar Defense Force(MDF) က ယနေ့(မေ ၆ ရက်) ထုတ်ပြန်သည်။

“ဝင်မနားရဲစခန်း တစ်ယောက်ထွက်လာ တစ်ယောက်ပစ်။ရိက္ခာလာပို့ ပို့တဲ့သူပစ် ။နောက်ဆုံးတော့ဝင်မနားစခန်းမှခွေးများ စခန်းစွန့်ခွာထွက်ပြေးခဲ့ရ”ဟု MDF က ပြောသည်။

ဝင်မနားရဲစခန်းကို မေလ၄ ရက်က MDF-PDF၊ KPDFနှင့် မဟာမိတ် PDFတပ်ရင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

နယ်မြေရှင်းလင်းရေးကို MDF-PDF နှင့် KPDF မှလုပ်ဆောင်ခဲ့ပြီး စစ်ကောင်စီတပ်များ ထောင်ထားခဲ့သောမြေပြင်မိုင်းငါးလုံး ပေါက်ကွဲခဲ့သည်။ PDF များနယ်မြေရှင်းလင်းရေး မပြုလုပ်မီ စခန်းအတွင်းသို့ဝင်ရောက်ခဲ့သော ပြည်သူနှစ်ဦး ခြေထောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အကျဆုံးအထိခိုက် တစုံတရာမရှိခဲ့ကြောင်း အသိပေးသည်။

ထို့အပြင် အဆိုပါစခန်းကို MDF-PDF နှင့် KPDFမှ စစ်ကောင်စီတပ်များထပ်မံတပ်မစွဲနိုင်တော့အောင် ပြာပုံအဖြစ်သို့ပြောင်းလဲခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အၾကမ္းဖက္စစ္ေကာင္စီတပ္စြန္႔ခြာထြက္ေျပးသြားသည့္ ဝင္မနားရဲစခန္းကို PDFမ်ားဝင္ေရာက္ရွင္းလင္း

ရဲေခါင္/People’s Spring

စစ္ကိုင္းတိုင္း၊ ကနီၿမိဳ႕နယ္ရွိ ဝင္မနားရဲစခန္းကို အၾကမ္းဖက္စစ္ေကာင္စီတပ္စြန္႔ခြာထြက္ေျပးခဲ့ၿပီးေနာက္ PDFမ်ား ဝင္ေရာက္ရွင္းလင္းေနသည့္မွတ္တမ္းကို Myanmar Defense Force(MDF) က ယေန႔(ေမ ၆ ရက္) ထုတ္ျပန္သည္။

“ဝင္မနားရဲစခန္း တစ္ေယာက္ထြက္လာ တစ္ေယာက္ပစ္။ရိကၡာလာပို႔ ပို႔တဲ့သူပစ္ ။ေနာက္ဆုံးေတာ့ဝင္မနားစခန္းမွေခြးမ်ား စခန္းစြန္႔ခြာထြက္ေျပးခဲ့ရ”ဟု MDF က ေျပာသည္။

ဝင္မနားရဲစခန္းကို ေမလ၄ ရက္က MDF-PDF၊ KPDFႏွင့္ မဟာမိတ္ PDFတပ္ရင္းတပ္ဖြဲ႕မ်ား ဝင္ေရာက္စီးနင္းခဲ့ၿပီးေနာက္ စစ္ေကာင္စီတပ္သားမ်ား ထြက္ေျပးသြားခဲ့ျခင္းျဖစ္သည္။

နယ္ေျမရွင္းလင္းေရးကို MDF-PDF ႏွင့္ KPDF မွလုပ္ေဆာင္ခဲ့ၿပီး စစ္ေကာင္စီတပ္မ်ား ေထာင္ထားခဲ့ေသာေျမျပင္မိုင္းငါးလုံး ေပါက္ကြဲခဲ့သည္။ PDF မ်ားနယ္ေျမရွင္းလင္းေရး မျပဳလုပ္မီ စခန္းအတြင္းသို႔ဝင္ေရာက္ခဲ့ေသာ ျပည္သူႏွစ္ဦး ေျခေထာက္ ထိခိုက္ဒဏ္ရာရရွိခဲ့သည္။

ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ား အက်ဆုံးအထိခိုက္ တစုံတရာမရွိခဲ့ေၾကာင္း အသိေပးသည္။

ထို႔အျပင္ အဆိုပါစခန္းကို MDF-PDF ႏွင့္ KPDFမွ စစ္ေကာင္စီတပ္မ်ားထပ္မံတပ္မစြဲနိုင္ေတာ့ေအာင္ ျပာပုံအျဖစ္သို႔ေျပာင္းလဲခဲ့သည္ဟု ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။