ၾကားသိသမွ်

စစ်ကိုင်းတိုင်းတွင် ဆက်သွယ်ရေးတာဝါတိုင်များအတွက် ဆီဖြည့်ရန်လာသည့် ကားနှင့် ဆီများကို PDF အဖွဲ့ သိမ်းဆည်း

စစ်ကိုင်းတိုင်းတွင် ဆက်သွယ်ရေးတာဝါတိုင်များအတွက် ဆီဖြည့်ရန်လာသည့် ကားနှင့် ဆီများကို PDF အဖွဲ့ သိမ်းဆည်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်ရှိ အော်ရီဒူး ဆက်သွယ်ရေး တာဝါတိုင်တွေကို စက်သုံးဆီသွားဖြည့်တဲ့ ဆီပေပါတင် ကားတစီးကို PDF ပူးပေါင်းအဖွဲ့က မေ ၅ ရက် မနက် ၈ နာရီလောက်မှာ ဖမ်းဆီး သိမ်းဆည်းလိုက်ခဲ့ပါတယ်။

မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း ၅ မိုင်တိုးဂိတ်အနီးမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို လုပ်ဆောင်ခဲ့တဲ့အဖွဲ့ဟာ ‘ချိုမိုင်မိုင်’ ယင်းမာပင် ကနီ တပ်ပေါင်းစုအဖွဲ့နဲ့ အမိမြေ တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပိတ်ပင်ထားတဲ့ လမ်းပိုင်းပေါ် အသုံးပြုတာ၊ ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီအဖွဲ့ စေခိုင်းတဲ့အတိုင်း အင်တာနက်လိုင်းတွေ ဖြတ်တောက်တာ၊ သုံးစွဲသူ ပြည်သူတွေအပေါ် ဖုန်းဘေ အခွန်တိုးကောက်နေတာတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ PDF အဖွဲ့ နှစ်ဖွဲ့က ပူးတွဲထုတ်ပြန်ကြေညာထားပါတယ်။

ဆီလာဖြည့်တဲ့ ဝန်ထမ်း ၄ ဦးဟာ ကား ၂ စီးနဲ့ လာတာဖြစ်ပြီး ကားတစီးက ပြည်သူပိုင်ဖြစ်တာကြောင့် အော်ရီဒူးရုံးပိုင်ကားတစီးနဲ့ ဆီပေပါ ၄ လုံး (ဂါလံ ၁၅၀ ခန့်) ကိုသာ သိမ်းဆည်းပြီး ဝန်ထမ်း ၄ ဦးနဲ့ ပြည်သူပိုင်ကားတစီးကိုတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။

ကားနဲ့ ပစ္စည်းတွေ ပြန်လည်ရယူလိုပါက မေ ၅ ရက်ကစပြီး တလအတွင်း ဖုန်းလိုင်း အင်တာနက်လိုင်းတွေ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဝန်ဆောင်မှု အပြည့်အဝ ပြန်လည်ပေးဆောင်ဖို့ ပြောဆိုထားပြီး လက်ရှိအချိန်ထိတော့ အော်ရီဒူးရုံးဘက်က တစုံတရာ ပြန်တာမရှိသေးဘူးလို့ PDF ခေါင်းဆောင်တဦးက ပြောပါတယ်။

စစ္ကိုင္းတိုင္းတြင္ ဆက္သြယ္ေရးတာဝါတိုင္မ်ားအတြက္ ဆီျဖည့္ရန္လာသည့္ ကားႏွင့္ ဆီမ်ားကို PDF အဖြဲ႕ သိမ္းဆည္း

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္နဲ႔ ကနီၿမိဳ႕နယ္ရွိ ေအာ္ရီဒူး ဆက္သြယ္ေရး တာဝါတိုင္ေတြကို စက္သုံးဆီသြားျဖည့္တဲ့ ဆီေပပါတင္ ကားတစီးကို PDF ပူးေပါင္းအဖြဲ႕က ေမ ၅ ရက္ မနက္ ၈ နာရီေလာက္မွာ ဖမ္းဆီး သိမ္းဆည္းလိုက္ခဲ့ပါတယ္။

မုံရြာ-ယာႀကီး-ကေလးဝ လမ္းပိုင္း ၅ မိုင္တိုးဂိတ္အနီးမွာ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရတာ ျဖစ္တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အခုလို လုပ္ေဆာင္ခဲ့တဲ့အဖြဲ႕ဟာ ‘ခ်ိဳမိုင္မိုင္’ ယင္းမာပင္ ကနီ တပ္ေပါင္းစုအဖြဲ႕နဲ႔ အမိေၿမ ေတာ္လွန္ေရးတပ္ဖြဲ႕တို႔ ပူးေပါင္းလုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ပိတ္ပင္ထားတဲ့ လမ္းပိုင္းေပၚ အသုံးျပဳတာ၊ ဆက္သြယ္ေရးကုမၸဏီေတြအေနနဲ႔ စစ္ေကာင္စီအဖြဲ႕ ေစခိုင္းတဲ့အတိုင္း အင္တာနက္လိုင္းေတြ ျဖတ္ေတာက္တာ၊ သုံးစြဲသူ ျပည္သူေတြအေပၚ ဖုန္းေဘ အခြန္တိုးေကာက္ေနတာေတြေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခဲ့တာလို႔ PDF အဖြဲ႕ ႏွစ္ဖြဲ႕က ပူးတြဲထုတ္ျပန္ေၾကညာထားပါတယ္။

ဆီလာျဖည့္တဲ့ ဝန္ထမ္း ၄ ဦးဟာ ကား ၂ စီးနဲ႔ လာတာျဖစ္ၿပီး ကားတစီးက ျပည္သူပိုင္ျဖစ္တာေၾကာင့္ ေအာ္ရီဒူး႐ုံးပိုင္ကားတစီးနဲ႔ ဆီေပပါ ၄ လုံး (ဂါလံ ၁၅၀ ခန႔္) ကိုသာ သိမ္းဆည္းၿပီး ဝန္ထမ္း ၄ ဦးနဲ႔ ျပည္သူပိုင္ကားတစီးကိုေတာ့ ျပန္လႊတ္ေပးလိုက္ပါတယ္။

ကားနဲ႔ ပစၥည္းေတြ ျပန္လည္ရယူလိုပါက ေမ ၅ ရက္ကစၿပီး တလအတြင္း ဖုန္းလိုင္း အင္တာနက္လိုင္းေတြ တနိုင္ငံလုံး အတိုင္းအတာနဲ႔ ဝန္ေဆာင္မႈ အျပည့္အဝ ျပန္လည္ေပးေဆာင္ဖို႔ ေျပာဆိုထားၿပီး လက္ရွိအခ်ိန္ထိေတာ့ ေအာ္ရီဒူး႐ုံးဘက္က တစုံတရာ ျပန္တာမရွိေသးဘူးလို႔ PDF ေခါင္းေဆာင္တဦးက ေျပာပါတယ္။