ၾကားသိသမွ်

တောင်ငူခရိုင်တွင် စစ်တပ်က PDF စခန်း ၂ ခုကို ဝင်ရောက်စီးနင်း

တောင်ငူခရိုင်တွင် စစ်တပ်က PDF စခန်း ၂ ခုကို ဝင်ရောက်စီးနင်း

ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ၊ တပ်မဟာ ၂ နယ်မြေ၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် KNLA တပ်ရင်း ၆ နယ်မြေမှာ မေ ၄ ရက်က KNLA ၊ PDF စခန်း ၂ ခုကို စစ်ကောင်စီတပ်က သာလွန်အင်အားတွေနဲ့ ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် စခန်းတွေကို စွန့်ခွာခဲ့ရတယ်လို့ ကေအန်ယူသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးအခြေစိုက် ခလရ ၇၃ တပ်ဖွဲ့ဝင်တွေက KNLA/PDF လှည်းဘွဲကြီးစခန်းနဲ့ ထန်တပင်မြို့နယ် PDF စခန်းတွေကို ဝင်ရောက်စီးနင်းခဲ့တဲ့အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် သံတောင်ကြီးမြို့နယ်၊ အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကိုယ်စားလှယ် ဒေါက်တာအားကာမိုး(ခ)နော်ခရစ္စထွန်းရဲ့ အမျိုးသားဖြစ်သူ ဦးစိုင်းမောင်အံ (CDM ခိုလုံသူ) ကျဆုံးပြီး PDF တပ်ဖွဲ့ဝင်တဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ကေအန်ယူသတင်းရင်းမြစ်က “စကစ က ဒရုန်းနဲ့ကြိုတင် ကင်းထောက်လှမ်းပြီး မနက်စောစောမှာ စခန်း ၂ ခုလုံးကိုဝင်စီးတာ။ လက်နက်ငယ် လက်နက်ကြီး ဖိပစ်ပြီးဝင်လာတာ။ လွှတ်တော်ကိုယ်စားလှယ်ရဲ့ အမျိုးသားက ထိမှန်သေဆုံးပြီး အမျိုးသမီးကတော့ လွတ်သွားတယ်။ စခန်းက လက်နက်တချို့ လည်း ပါသွားတယ်” လို့ ပြောပါတယ်။

မေ ၂ ရက်က ရှားစေးဘို၊ ရေလျံတပ်စခန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကား ၂ စီးနဲ့ အင်အားဖြည့်တင်းလာပြီးနောက် မေ ၃ ရက် မနက် ၃ နာရီလောက်က လယ်ကူးရွာ ၊ခူထီးလို (ချောင်း) ကတဆင့် ကစယ်ဒိုတောင်ခြေအထိ နယ်မြေကျော်ဝင်ရောက်လာပြီး ညအချိန် ဒရုန်းနဲ့ ကင်းလှည့်ထောက်လှမ်းခဲ့ပြီးနောက် စခန်း ၂ ခုစလုံးကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

မေ ၅ ရက် မနက် ၁၀ နာရီလောက်က ဇရပ်ကြီးရဲစခန်းမှူး မျိုးထွန်းဝင်းဟာ အရပ်ဝတ်နဲ့ ဇရပ်ကြီးဈေးအတွင်းက လက်ဖက်ရည်ဆိုင်မှာထိုင်နေစဉ် သေနတ် ၆ ချက်ပစ်ခတ်ခံရပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။

ပစ်သတ်ခံခဲ့ရတဲ့ စခန်းမှူးဟာ ဇရပ်ကြီးဒေသခံ အပြစ်မဲ့လူငယ်တွေကို PDF စွပ်စွဲပြီး ဖမ်းဆီးတာတွေ လုပ်ဆောင်နေသူလို့ ဒေသခံတွေဆီက သိရပါတယ်။#DVB

ေတာင္ငူခရိုင္တြင္ စစ္တပ္က PDF စခန္း ၂ ခုကို ဝင္ေရာက္စီးနင္း

ကရင္အမ်ိဳးသားအစည္းအ႐ုံး၊ ေကအန္ယူ၊ တပ္မဟာ ၂ နယ္ေျမ၊ ေတာင္ငူခရိုင္၊ ထန္းတပင္ၿမိဳ႕နယ္ KNLA တပ္ရင္း ၆ နယ္ေျမမွာ ေမ ၄ ရက္က KNLA ၊ PDF စခန္း ၂ ခုကို စစ္ေကာင္စီတပ္က သာလြန္အင္အားေတြနဲ႔ ဝင္ေရာက္စီးနင္းခဲ့တဲ့အတြက္ စခန္းေတြကို စြန႔္ခြာခဲ့ရတယ္လို႔ ေကအန္ယူသတင္းရင္းျမစ္ဆီကေန သိရပါတယ္။

ထန္းတပင္ၿမိဳ႕နယ္၊ ဇရပ္ႀကီးအေျခစိုက္ ခလရ ၇၃ တပ္ဖြဲ႕ဝင္ေတြက KNLA/PDF လွည္းဘြဲႀကီးစခန္းနဲ႔ ထန္တပင္ၿမိဳ႕နယ္ PDF စခန္းေတြကို ဝင္ေရာက္စီးနင္းခဲ့တဲ့အတြက္ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြားခဲ့ရာ စစ္ေကာင္စီက လက္နက္ႀကီးေတြနဲ႔ ရမ္းသမ္းပစ္ခတ္ခဲ့တယ္လို႔ ဆိုပါတယ္။

အဆိုပါတိုက္ပြဲအတြင္း စစ္ေကာင္စီက လက္နက္ႀကီးရမ္းသမ္းပစ္ခတ္ခဲ့တဲ့အတြက္ သံေတာင္ႀကီးၿမိဳ႕နယ္၊ အမ်ိဳးသာဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)ကိုယ္စားလွယ္ ေဒါက္တာအားကာမိုး(ခ)ေနာ္ခရစၥထြန္းရဲ့ အမ်ိဳးသားျဖစ္သူ ဦးစိုင္းေမာင္အံ (CDM ခိုလုံသူ) က်ဆုံးၿပီး PDF တပ္ဖြဲ႕ဝင္တဦး က်ည္ထိမွန္ဒဏ္ရာရရွိခဲ့ပါတယ္။

ေကအန္ယူသတင္းရင္းျမစ္က “စကစ က ဒ႐ုန္းနဲ႔ႀကိဳတင္ ကင္းေထာက္လွမ္းၿပီး မနက္ေစာေစာမွာ စခန္း ၂ ခုလုံးကိုဝင္စီးတာ။ လက္နက္ငယ္ လက္နက္ႀကီး ဖိပစ္ၿပီးဝင္လာတာ။ လႊတ္ေတာ္ကိုယ္စားလွယ္ရဲ့ အမ်ိဳးသားက ထိမွန္ေသဆုံးၿပီး အမ်ိဳးသမီးကေတာ့ လြတ္သြားတယ္။ စခန္းက လက္နက္တခ်ိဳ႕ လည္း ပါသြားတယ္” လို႔ ေျပာပါတယ္။

ေမ ၂ ရက္က ရွားေစးဘို၊ ေရလ်ံတပ္စခန္းေတြကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ စစ္ကား ၂ စီးနဲ႔ အင္အားျဖည့္တင္းလာၿပီးေနာက္ ေမ ၃ ရက္ မနက္ ၃ နာရီေလာက္က လယ္ကူးရြာ ၊ခူထီးလို (ေခ်ာင္း) ကတဆင့္ ကစယ္ဒိုေတာင္ေျခအထိ နယ္ေျမေက်ာ္ဝင္ေရာက္လာၿပီး ညအခ်ိန္ ဒ႐ုန္းနဲ႔ ကင္းလွည့္ေထာက္လွမ္းခဲ့ၿပီးေနာက္ စခန္း ၂ ခုစလုံးကို ဝင္ေရာက္တိုက္ခိုက္ခဲ့တာပါ။

ေမ ၅ ရက္ မနက္ ၁၀ နာရီေလာက္က ဇရပ္ႀကီးရဲစခန္းမႉး မ်ိဳးထြန္းဝင္းဟာ အရပ္ဝတ္နဲ႔ ဇရပ္ႀကီးေဈးအတြင္းက လက္ဖက္ရည္ဆိုင္မွာထိုင္ေနစဥ္ ေသနတ္ ၆ ခ်က္ပစ္ခတ္ခံရၿပီး အခင္းျဖစ္ေနရာမွာ ေသဆုံးခဲ့ပါတယ္။

ပစ္သတ္ခံခဲ့ရတဲ့ စခန္းမႉးဟာ ဇရပ္ႀကီးေဒသခံ အျပစ္မဲ့လူငယ္ေတြကို PDF စြပ္စြဲၿပီး ဖမ္းဆီးတာေတြ လုပ္ေဆာင္ေနသူလို႔ ေဒသခံေတြဆီက သိရပါတယ္။#DVB