ၾကားသိသမွ်

မန္တလေးက ပြောက်ကျားအဖွဲ့ (၂) ဖွဲ့ မြို့ကိုစွန့်ခွာပြီလို့ကြေညာ၊ ရန်ကုန်ကို ကူညီမယ်လို့ဆို

မန္တလေးက ပြောက်ကျားအဖွဲ့ (၂) ဖွဲ့ မြို့ကိုစွန့်ခွာပြီလို့ကြေညာ၊ ရန်ကုန်ကို ကူညီမယ်လို့ဆို

မေ ၅၊ ၂၀၂၂

မန္တလေးက မြို့ပြပြောက်ကျားအဖွဲ့တွေဟာ မြို့ကို စွန့်ခွာသွားပြီလို့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကြေညာချက်တွေ ထုတ်ပြန်လာပါတယ်။

ဒီနေ့မှာ မန္တလေး အနက်ရောင်သေမင်း ပြောက်ကျားအဖွဲ့နဲ့ Myanmar Revolution Rangers Force တို့က မြို့ကိုစွန့်ခွာသွားပြီလို့ ကြေညာထားတာပါ။

MRRF UG(mandalay)
=================


” ကျွန်တော်တို့ Myanmar Revolution Rangers Forceအနေဖြင့် ရဲဘော်များ၏ လုံခြုံရေး တော်လှန်ရေး ရေရှည်တည်မြဲစွာဖြင့်တိုက်ပွဲဝင်နိုင်ရေးအတွက် မန္တလေးမြို့ကြီးအား စွန့်ခွာခဲ့လေပြီ ” လို့ ဖော်ပြထားပါတယ်။

သွေးကြောင်၍မဟုတ် ကြောက်၍မဟုတ် တော်လှန်ရေးရဲဘော်တွေနဲ့ ပူးပေါင်းပါဝင်မှုအားနည်းလှတဲ့အတွက် မန္တလေးမြို့ကြီးမှာဆက်လက်၍တော်လှန်နေလည်းမထူးတော့တာကြောင့် စွန့်ခွာရတာဖြစ်တယ်လို့လည်း MRRF UG(MDY) မြန်မာတော်လှန်ရေးရိန်းဂျားများအဖွဲ့ကဆိုပါတယ်။

အနက်ရောင်သေမင်း
===============


မန္တလေးသို့/ ကျွန်ုပ်တို့ အနက်ရောင်သေမင်းအဖွဲ့မှ ဒီမြို့ကိုစွန့်ခွာခဲ့ပါပြီ။ ခင်ဗျားတို့ပျော်အောင်နေကြပါ။ အရက်ဆိုင်/ဘီယာဆိုင်/ ဘား/ကြိုက်ရာလုပ်နိုင်ပြီဖြစ်ပါသည်။ မငဲ့ပါနဲ့ ဘာဖြစ်လဲ ကိုယ်ပါသာပျော်တာပဲ ဟုတ်တယ်မို့လား” လို့ အနက်ရောင်သေမင်းအဖွဲ့က ပြောပါတယ်။

မန္တလေးကိုစွန့်ခွာလာတဲ့ ပြောက်ကျားအဖွဲ့တွေက ရန်ကုန်ကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ရန်ကုန်ကပြောက်ကျားအဖွဲ့တွေကို ကူညီသွားမယ်လို့လည်း ဆိုပါတယ်။ #TNV

မႏၲေလးက ေျပာက္က်ားအဖြဲ႕ (၂) ဖြဲ႕ ၿမိဳ႕ကိုစြန႔္ခြာၿပီလို႔ေၾကညာ၊ ရန္ကုန္ကို ကူညီမယ္လို႔ဆို

ေမ ၅၊ ၂၀၂၂

မႏၲေလးက ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ေတြဟာ ၿမိဳ႕ကို စြန႔္ခြာသြားၿပီလို႔ တစ္ဖြဲ႕ၿပီးတစ္ဖြဲ႕ ေၾကညာခ်က္ေတြ ထုတ္ျပန္လာပါတယ္။

ဒီေန႔မွာ မႏၲေလး အနက္ေရာင္ေသမင္း ေျပာက္က်ားအဖြဲ႕နဲ႔ Myanmar Revolution Rangers Force တို႔က ၿမိဳ႕ကိုစြန႔္ခြာသြားၿပီလို႔ ေၾကညာထားတာပါ။

MRRF UG(mandalay)
=================

” ကၽြန္ေတာ္တို႔ Myanmar Revolution Rangers Forceအေနျဖင့္ ရဲေဘာ္မ်ား၏ လုံျခဳံေရး ေတာ္လွန္ေရး ေရရွည္တည္ျမဲစြာျဖင့္တိုက္ပြဲဝင္နိုင္ေရးအတြက္ မႏၲေလးၿမိဳ႕ႀကီးအား စြန႔္ခြာခဲ့ေလၿပီ ” လို႔ ေဖာ္ျပထားပါတယ္။

ေသြးေၾကာင္၍မဟုတ္ ေၾကာက္၍မဟုတ္ ေတာ္လွန္ေရးရဲေဘာ္ေတြနဲ႔ ပူးေပါင္းပါဝင္မႈအားနည္းလွတဲ့အတြက္ မႏၲေလးၿမိဳ႕ႀကီးမွာဆက္လက္၍ေတာ္လွန္ေနလည္းမထူးေတာ့တာေၾကာင့္ စြန႔္ခြာရတာျဖစ္တယ္လို႔လည္း MRRF UG(MDY) ျမန္မာေတာ္လွန္ေရးရိန္းဂ်ားမ်ားအဖြဲ႕ကဆိုပါတယ္။

အနက္ေရာင္ေသမင္း
===============

မႏၲေလးသို႔/ ကၽြန္ုပ္တို႔ အနက္ေရာင္ေသမင္းအဖြဲ႕မွ ဒီၿမိဳ႕ကိုစြန႔္ခြာခဲ့ပါၿပီ။ ခင္ဗ်ားတို႔ေပ်ာ္ေအာင္ေနၾကပါ။ အရက္ဆိုင္/ဘီယာဆိုင္/ ဘား/ႀကိဳက္ရာလုပ္နိုင္ၿပီျဖစ္ပါသည္။ မငဲ့ပါနဲ႔ ဘာျဖစ္လဲ ကိုယ္ပါသာေပ်ာ္တာပဲ ဟုတ္တယ္မို႔လား” လို႔ အနက္ေရာင္ေသမင္းအဖြဲ႕က ေျပာပါတယ္။

မႏၲေလးကိုစြန႔္ခြာလာတဲ့ ေျပာက္က်ားအဖြဲ႕ေတြက ရန္ကုန္ကိုေျပာင္းေရႊ႕လာခဲ့တာျဖစ္ၿပီး ရန္ကုန္ကေျပာက္က်ားအဖြဲ႕ေတြကို ကူညီသြားမယ္လို႔လည္း ဆိုပါတယ္။ #TNV