ၾကားသိသမွ်

အမိန့်နာခံမှု အားကောင်းတဲ့ PDF တပ်ရင်း ၂၅၀ ကျော်ကို ဖွဲ့စည်းပြီးပြီလို့ NUG ထုတ်ပြန်

အမိန့်နာခံမှု အားကောင်းတဲ့ PDF တပ်ရင်း ၂၅၀ ကျော်ကို ဖွဲ့စည်းပြီးပြီလို့ NUG ထုတ်ပြန်

ပြည်သူ့ကာကွယ်ရေးတပ်မတာ်၊တပ်ရင်း ၂၅၀ ကျော်ကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီလို့ NUG ကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် တည်ထောင်တဲ့ တစ်နှစ်ပြည့်ဖြစ်တဲ့ ဒီနေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက အဲဒီလိုထုတ်ပြန်ခဲ့တာပါ။

PDF တစ်နှစ်မြောက်အချိန်မှာ စစ်ဘက်ဆိုင်ရာကျင့်ဝတ်နဲ့ စည်းကမ်းတွေကို တိကျစွာလေးစားလိုက်နာပြီး အမိန့်နာခံမှု အားကောင်းကာ ပြည်သူကိုမျက်နှာမူတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့ပေါင်း (၂၅၇) ရင်းကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီးတဲ့အပြင် မြို့နယ်အခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကို မြို့နယ်ပေါင်း (၂၅၀) မှာ စနစ်တကျ ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ကြောင်း ဒါ့အပြင်
ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့နဲ့ မြို့ပြပြောက်ကျား အဖွဲ့ (၄၀၀) ကျော်နဲ့လည်း ဟန်ချက်ညီစွာ တိုက်ပွဲဖော်ဆောင်နိုင်ခဲ့ပြီလို့လည်း ဆိုပါတယ်။

မိမိကိုယ်ကိုယ် ခုခံကာကွယ်နိုင်ဖို့နဲ့ အကြမ်းဖက်စစ်တပ်ကို ပြန်လည်တွန်းလှန်တိုက်ခိုက်နိုင်ဖို့ PDF ဖွဲ့စည်းတည်ထောင်ကြောင်း မကြေညာမီ အစောပိုင်းကာလတွေ ကတည်းကပင် လူငယ်တွေဟာ လွတ်မြောက်နယ်မြေတွေမှာ စစ်ပညာကို စနစ်တကျဆည်းပူး သင်ယူကာ လေ့ကျင့်ပြင်ဆင်နေခဲ့ကြပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိစုဖွဲ့ထားရှိပြီးတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေအပြင် ပြည်သူ့ခုခံ တွန်းလှန်စစ်မှာ ပါဝင်ဆင်နွှဲနိုင်ဖို့ စစ်ပညာကို အပတ်တကုတ် ဆည်းပူး ပြင်ဆင်နေကြသူ အများအပြားရှိနေတယ်လို့လည်း ဆိုပါတယ်။ #DNA

အမိန႔္နာခံမႈ အားေကာင္းတဲ့ PDF တပ္ရင္း ၂၅၀ ေက်ာ္ကို ဖြဲ႕စည္းၿပီးၿပီလို႔ NUG ထုတ္ျပန္

ျပည္သူ႔ကာကြယ္ေရးတပ္မတာ္၊တပ္ရင္း ၂၅၀ ေက်ာ္ကို ဖြဲ႕စည္းတည္ေထာင္နိုင္ခဲ့ၿပီလို႔ NUG ကာကြယ္ေရးဝန္ႀကီး ဌာနက ထုတ္ျပန္ပါတယ္။

ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ တည္ေထာင္တဲ့ တစ္ႏွစ္ျပည့္ျဖစ္တဲ့ ဒီေန႔မွာ ကာကြယ္ေရးဝန္ႀကီးဌာနက အဲဒီလိုထုတ္ျပန္ခဲ့တာပါ။

PDF တစ္ႏွစ္ေျမာက္အခ်ိန္မွာ စစ္ဘက္ဆိုင္ရာက်င့္ဝတ္နဲ႔ စည္းကမ္းေတြကို တိက်စြာေလးစားလိုက္နာၿပီး အမိန္႔နာခံမႈ အားေကာင္းကာ ျပည္သူကိုမ်က္ႏွာမူတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ တပ္ရင္း၊ တပ္ဖြဲ႕ေပါင္း (၂၅၇) ရင္းကို ဖြဲ႕စည္းတည္ေထာင္နိုင္ခဲ့ၿပီးတဲ့အျပင္ ၿမိဳ႕နယ္အေျချပဳ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ (ပကဖ) ေတြကို ၿမိဳ႕နယ္ေပါင္း (၂၅၀) မွာ စနစ္တက် ဖြဲ႕စည္းနိုင္ခဲ့ၿပီးျဖစ္ေၾကာင္း ဒါ့အျပင္

ေဒသအေျခစိုက္ကာကြယ္ေရးအဖြဲ႕နဲ႔ ၿမိဳ႕ျပေျပာက္က်ား အဖြဲ႕ (၄၀၀) ေက်ာ္နဲ႔လည္း ဟန္ခ်က္ညီစြာ တိုက္ပြဲေဖာ္ေဆာင္နိုင္ခဲ့ၿပီလို႔လည္း ဆိုပါတယ္။

မိမိကိုယ္ကိုယ္ ခုခံကာကြယ္နိုင္ဖို႔နဲ႔ အၾကမ္းဖက္စစ္တပ္ကို ျပန္လည္တြန္းလွန္တိုက္ခိုက္နိုင္ဖို႔ PDF ဖြဲ႕စည္းတည္ေထာင္ေၾကာင္း မေၾကညာမီ အေစာပိုင္းကာလေတြ ကတည္းကပင္ လူငယ္ေတြဟာ လြတ္ေျမာက္နယ္ေျမေတြမွာ စစ္ပညာကို စနစ္တက်ဆည္းပူး သင္ယူကာ ေလ့က်င့္ျပင္ဆင္ေနခဲ့ၾကၿပီးျဖစ္တယ္လို႔လည္း ဆိုပါတယ္။

လက္ရွိစုဖြဲ႕ထားရွိၿပီးတဲ့ ျပည္သူ႔ကာကြယ္ေရး တပ္မေတာ္ တပ္ရင္း၊ တပ္ဖြဲ႕ေတြအျပင္ ျပည္သူ႔ခုခံ တြန္းလွန္စစ္မွာ ပါဝင္ဆင္ႏႊဲနိုင္ဖို႔ စစ္ပညာကို အပတ္တကုတ္ ဆည္းပူး ျပင္ဆင္ေနၾကသူ အမ်ားအျပားရွိေနတယ္လို႔လည္း ဆိုပါတယ္။ #DNA