ၾကားသိသမွ်

PDF တစ်နှစ်ပြည့်အဖြစ် မန္တလေးမြို့ခံတစ်ဦိးက NUG ကို လက်စွပ်လှူဒါန်း

PDF တစ်နှစ်ပြည့်အဖြစ် မန္တလေးမြို့ခံတစ်ဦိးက NUG ကို လက်စွပ်လှူဒါန်း

MFP ၊ မေ – ၅

စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တည်ထောင်ကြောင်း ကြေညာခြင်း တစ်နှစ်ပြည့်အဖြစ် မန္တလေးမြို့ခံတစ်ဦးက လက်စွပ် လှူဒါန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကာကွယ်ရေးဆိုင်ရာအသုံးစရိတ်တွေမှာ ထည့်သွင်းအသုံးပြုဖို့ လှူဒါန်းခဲ့ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပြီး အဲဒီလှူဒါန်းမှုအပေါ် ကျေးဇူးတင်တဲ့အကြောင်း ပြည်သူတွေက မှတ်ချက်ပြုနေကြပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန(NUG) လူမှုကွန်ရက် စာမျက်နှာမှာ ဖေါ်ပြထားတဲ့ ပုံအရ တန်ဖိုးမြင့် လက်စွပ်တစ်ကွင်း ဖြစ်နိုင်တယ်လို့ ကျောက်မျက်ကျွမ်းကျင်သူ တစ်ဦး က သုံးသပ်ပါတယ်။

“ ပြည်သူက တာဝန်ကျေတယ်။ ပြည်သူဆိုတဲ့အထဲမှာ စစ်အာဏာရှင်အုပ်စိုးမှုကို လုံးဝ လက်မခံကြောင်း ကိုယ်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်အကိုင်ကို စွန့်လွှတ်ပြီး အာဏာဖီဆန်ခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်း တွေပါတယ်။အာဏာသိမ်းတာတစ်နှစ်ကျော်ကြာပေမယ့် ဇွဲနဘဲမလျော့ပဲ လမ်းမပေါ်ထွက်ပြီး အသက်စွန့် ဆန္ဒပြနေတဲ့လူငယ်တွေ၊ အမျိုးသမီးတွေပါတယ်။စစ်ကောင်စီရဲ့အကျဉ်းစခန်းတွေထဲမှာ အချုပ်အနှောင် ခံရ၊ ညှင်းပန်းနှိပ်စက်ခံနေရတဲ့ ရဲဘော်တွေ ပါတယ်။စစ်ကောင်စီတပ်ရဲ့လူသတ်၊ မီးရှို့၊ အကြမ်းဖက်မှုကို နေ့စဉ်ရက်ဆက်ခံနေရပေမယ့် PDFနဲ့တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု မပျက်တဲ့ ကျေးလက်နေ တိုင်းရင်းသားပြည်သူတွေ ပါတယ် “ လို့ PDF တစ်နှစ်ပြည့် အမှာစကားအဖြစ် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း ပြောဆိုပါတယ်။

ပြည်သူတွေ တာဝန်ကျေချိန်မှာ တော်လှန်ရေးအောင်ပွဲခံတဲ့အထိ တိုက်ပွဲဝင်ကြဖို့က PDF ရဲ့ တာဝန်ဖြစ်လာတယ်လို့လည်း ဝန်ကြီးက ပြောဆိုထားပါတယ်။

PDF တစ္ႏွစ္ျပည့္အျဖစ္ မႏၲေလးၿမိဳ႕ခံတစ္ဦိးက NUG ကို လက္စြပ္လႉဒါန္း

MFP ၊ ေမ – ၅

စစ္အာဏာရွင္ဆန႔္က်င္ေရး ေႏြဦးေတာ္လွန္ေရးနဲ႔အတူ ေပါက္ဖြားလာတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ (PDF) တည္ေထာင္ေၾကာင္း ေၾကညာျခင္း တစ္ႏွစ္ျပည့္အျဖစ္ မႏၲေလးၿမိဳ႕ခံတစ္ဦးက လက္စြပ္ လႉဒါန္းခဲ့တယ္လို႔ အမ်ိဳးသားညီညြတ္ေရးအစိုးရ (NUG) ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ကာကြယ္ေရးဆိုင္ရာအသုံးစရိတ္ေတြမွာ ထည့္သြင္းအသုံးျပဳဖို႔ လႉဒါန္းခဲ့ျခင္း ျဖစ္တယ္လို႔ ေဖာ္ျပထားၿပီး အဲဒီလႉဒါန္းမႈအေပၚ ေက်းဇူးတင္တဲ့အေၾကာင္း ျပည္သူေတြက မွတ္ခ်က္ျပဳေနၾကပါတယ္။

ကာကြယ္ေရးဝန္ႀကီးဌာန(NUG) လူမႈကြန္ရက္ စာမ်က္ႏွာမွာ ေဖၚျပထားတဲ့ ပုံအရ တန္ဖိုးျမင့္ လက္စြပ္တစ္ကြင္း ျဖစ္နိုင္တယ္လို႔ ေက်ာက္မ်က္ကၽြမ္းက်င္သူ တစ္ဦး က သုံးသပ္ပါတယ္။

“ ျပည္သူက တာဝန္ေက်တယ္။ ျပည္သူဆိုတဲ့အထဲမွာ စစ္အာဏာရွင္အုပ္စိုးမႈကို လုံးဝ လက္မခံေၾကာင္း ကိုယ္ရဲ့အသက္ေမြးဝမ္းေက်ာင္းအလုပ္အကိုင္ကို စြန႔္လႊတ္ၿပီး အာဏာဖီဆန္ခဲ့ၾကတဲ့ ျပည္သူ႔ဝန္ထမ္း ေတြပါတယ္။အာဏာသိမ္းတာတစ္ႏွစ္ေက်ာ္ၾကာေပမယ့္ ဇြဲနဘဲမေလ်ာ့ပဲ လမ္းမေပၚထြက္ၿပီး အသက္စြန႔္ ဆႏၵျပေနတဲ့လူငယ္ေတြ၊ အမ်ိဳးသမီးေတြပါတယ္။စစ္ေကာင္စီရဲ့အက်ဥ္းစခန္းေတြထဲမွာ အခ်ဳပ္အေႏွာင္ ခံရ၊ ညႇင္းပန္းႏွိပ္စက္ခံေနရတဲ့ ရဲေဘာ္ေတြ ပါတယ္။စစ္ေကာင္စီတပ္ရဲ့လူသတ္၊ မီးရွို႔၊ အၾကမ္းဖက္မႈကို ေန႔စဥ္ရက္ဆက္ခံေနရေပမယ့္ PDFနဲ႔ေတာ္လွန္ေရးအေပၚ အားေပးေထာက္ခံမႈ မပ်က္တဲ့ ေက်းလက္ေန တိုင္းရင္းသားျပည္သူေတြ ပါတယ္ “ လို႔ PDF တစ္ႏွစ္ျပည့္ အမွာစကားအျဖစ္ ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္ကလည္း ေျပာဆိုပါတယ္။

ျပည္သူေတြ တာဝန္ေက်ခ်ိန္မွာ ေတာ္လွန္ေရးေအာင္ပြဲခံတဲ့အထိ တိုက္ပြဲဝင္ၾကဖို႔က PDF ရဲ့ တာဝန္ျဖစ္လာတယ္လို႔လည္း ဝန္ႀကီးက ေျပာဆိုထားပါတယ္။