ၾကားသိသမွ်

“ဒို့ … နွေဦးသူရဲကောင်းများအတွက် ငွေတိုက်စာချုပ်”

“ဒို့ … နွေဦးသူရဲကောင်းများအတွက် ငွေတိုက်စာချုပ်”

ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန(MOPFI) နှင့် Public Voice Television(PVTV) တို့ ပူးပေါင်းပြီး ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ကြီးမြတ်စွာ အသက်ပေးခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေကို ဂုဏ်ပြုမှတ်တမ်းတင်ဖို့နဲ့ ကျန်ရစ်သူမိသားစုတွေရဲ့ အစားထိုး မရတဲ့ ဆုံးရှုံးမှုအတွက် တစ်စုံတစ်ရာ ဖြေသိမ့်ပေးနိုင်ဖို့အတွက် “ဒို့ … နွေဦးသူရဲ့ကောင်းများအတွက် ငွေတိုက်စာချုပ်” အစီအစဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့စည်းခြင်း တစ်နှစ်ပြည့်နေ့ဖြစ်တဲ့ ၂၀၂၂ ခုနှစ် မေလ ၅ ရက်နေ့မှာ စတင်လိုက်ပါတယ်။

အကြမ်းဖက်စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းမယ့် နွေဦးတော်လှန်ရေးရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်းမှာ ရင်သွေးတစ်ဦး၊ လင်ယောင်္ကျား(သို့)ဇနီးမယားတစ်ဦး၊ ဖခင်(သို့) မိခင်တစ်ဦး၊ ဆွေမျိုးသားချင်းတစ်ဦး စသဖြင့် ဆုံးရှုံးလိုက်ရတဲ့ မိသားစုတစ်စုရဲ့ ဆုံးရှုံးမှုဟာ ဘာနဲ့မှ အစားထိုးလို့မရ၊ ဖြေသိမ့်ပေးလို့မရနိုင်ပေမယ့် ကျန်ရစ်သူမိသားစုတွေရဲ့ ဘဝနောင်ရေးအတွက် စောင့်ရှောက်မှု တစ်စုံတစ်ရာပေးနိုင်ဖို့ ရင်းနှီးပေးဆပ်ခဲ့သူတို့ရဲ့ ကိုယ်စား အသက်ရှင်ကျန်ရစ်နေကြသူတွေ အားလုံးမှာ တာဝန်ရှိတယ်လို့ ခံယူပါတယ်။ ကျဆုံးခဲ့တဲ့ PDF တွေရဲ့ ကျန်ရစ်သူမိသားစုတွေကို ဝိုင်းဝန်းစောင့်ရှောက်ကြရမှာက အသက်ရှင်ကျန်ရစ်ကြသူအားလုံးရဲ့တာဝန်ပါ။


ဒီခံယူချက်အတိုင်း နွေဦးတော်လှန်ရေးရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ကြီးမြတ်စွာအသက်ပေးခဲ့ကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအတွက် PVTV ရဲ့ Youtube Channel ဖြစ်တဲ့ youtube.com/c/pvtvmyanmar ကို ပြည်သူတွေ ကြည့်ရှုကြရာကရရှိတဲ့ ဝင်ငွေတွေထဲကနေ NUG Bond တွေကို တစ်လလျှင် (၃) ဦးနှုန်းဝယ်ယူပေးသွားမှာဖြစ်ပါတယ်။ တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ PDF တွေရဲ့ ကျန်ရစ်သူ မိသားစုတွေအတွက် Bond ဝယ်ယူပေးချင်သူတွေ ရှိပါကလဲ PVTV ကိုဆက်သွယ်နိုင်ပြီး PVTV က ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနတို့နဲ့ ချိတ်ဆက်ကာ ဝယ်ယူပေးသွားမှာဖြစ်ပြီး ဝယ်ယူပေးချင်ကြသူတွေရှိပါက https://facebook.com/ourspringheroes Facebook Page ၏ Messenger မှတဆင့် ဆက်သွယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။

ကျဆုံးခဲ့တဲ့ နွေဦးသူရဲကောင်းရဲ့ တော်လှန်ရေးအမည်ပါဝင်တဲ့ Bond စာချုပ်ကို အလှူရှင်ထံ ပေးပို့ပေးသွားမှာဖြစ်ပြီး NUG က Bond ငွေတွေ ပြန်လည်ထုတ်ပေးတဲ့အခါမှာတော့ ကျဆုံးခဲ့ကြရတဲ့ PDF တွေရဲ့ ကျန်ရစ်သူမိသားစုတွေဆီကို ဒီငွေတွေ ရောက်ရှိအောင် MOD, MOPFI နဲ့ PVTV တို့က တာဝန်ယူ ပေးပို့ ပေးသွားမှာပါ။ ကျန်ရစ်သူမိသားစုတွေနဲ့ ချိတ်ဆက်လို့မရတာမျိုး၊ ဆက်ခံမယ့် ကျန်ရစ်သူ မရှိတာမျိုးတွေ ဖြစ်ခဲ့မယ်ဆိုရင်လဲ အဆိုပါ ငွေကို “ကျဆုံး သူရဲကောင်း” တွေနဲ့ သက်ဆိုင်တဲ့ဆောင်ရွက်မှုတစ်ခုခုမှာ ထည့်သွင်းအသုံးပြုသွားမှာဖြစ်ပါတယ်။


တော်လှန်ရေးအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းတွေကို ဂုဏ်ပြုရာလည်းရောက်၊ သူရဲကောင်းတို့ရဲ့ ကျန်ရစ်သူ မိသားစုတွေကိုလည်း တစ်စုံတစ်ရာ စောင့်ရှောက်မှုပေးရာလည်းရောက်၊ NUG Bond ဝယ်ပြီး တော်လှန်ရေးအောင်မြင်ဖို့ တစ်တပ်တစ်အား ပါဝင်အားဖြည့်ရာလည်းရောက်တဲ့ “ဒို့ … နွေဦးသူရဲကောင်းများ အတွက် ငွေတိုက်စာချုပ်” အစီအစဉ်မှာ တတ်အားသရွေ့ပါဝင်ပေးကြဖို့ ဖိတ်ခေါ်ပါရစေ။ #PVTV

Zawgyi

“ဒို႔ … ေႏြဦးသူရဲေကာင္းမ်ားအတြက္ ေငြတိုက္စာခ်ဳပ္”

ကာကြယ္ေရးဝန္ႀကီးဌာန(MOD)၊ စီမံကိန္း၊ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈဝန္ႀကီးဌာန(MOPFI) ႏွင့္ Public Voice Television(PVTV) တို႔ ပူးေပါင္းၿပီး ျပည္သူ႔ခုခံတြန္းလွန္စစ္အတြင္း ႀကီးျမတ္စြာ အသက္ေပးခဲ့ၾကတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္သားေတြကို ဂုဏ္ျပဳမွတ္တမ္းတင္ဖို႔နဲ႔ က်န္ရစ္သူမိသားစုေတြရဲ့ အစားထိုး မရတဲ့ ဆုံးရႈံးမႈအတြက္ တစ္စုံတစ္ရာ ေျဖသိမ့္ေပးနိုင္ဖို႔အတြက္ “ဒို႔ … ေႏြဦးသူရဲ့ေကာင္းမ်ားအတြက္ ေငြတိုက္စာခ်ဳပ္” အစီအစဥ္ကို ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ဖြဲ႕စည္းျခင္း တစ္ႏွစ္ျပည့္ေန႔ျဖစ္တဲ့ ၂၀၂၂ ခုႏွစ္ ေမလ ၅ ရက္ေန႔မွာ စတင္လိုက္ပါတယ္။

အၾကမ္းဖက္စစ္အာဏာရွင္ကို အျမစ္ျဖတ္ေခ်မႈန္းမယ့္ ေႏြဦးေတာ္လွန္ေရးရဲ့ ျပည္သူ႔ခုခံတြန္းလွန္စစ္အတြင္းမွာ ရင္ေသြးတစ္ဦး၊ လင္ေယာကၤ်ား(သို႔)ဇနီးမယားတစ္ဦး၊ ဖခင္(သို႔) မိခင္တစ္ဦး၊ ေဆြမ်ိဳးသားခ်င္းတစ္ဦး စသျဖင့္ ဆုံးရႈံးလိုက္ရတဲ့ မိသားစုတစ္စုရဲ့ ဆုံးရႈံးမႈဟာ ဘာနဲ႔မွ အစားထိုးလို႔မရ၊ ေျဖသိမ့္ေပးလို႔မရနိုင္ေပမယ့္ က်န္ရစ္သူမိသားစုေတြရဲ့ ဘဝေနာင္ေရးအတြက္ ေစာင့္ေရွာက္မႈ တစ္စုံတစ္ရာေပးနိုင္ဖို႔ ရင္းႏွီးေပးဆပ္ခဲ့သူတို႔ရဲ့ ကိုယ္စား အသက္ရွင္က်န္ရစ္ေနၾကသူေတြ အားလုံးမွာ တာဝန္ရွိတယ္လို႔ ခံယူပါတယ္။ က်ဆုံးခဲ့တဲ့ PDF ေတြရဲ့ က်န္ရစ္သူမိသားစုေတြကို ဝိုင္းဝန္းေစာင့္ေရွာက္ၾကရမွာက အသက္ရွင္က်န္ရစ္ၾကသူအားလုံးရဲ့တာဝန္ပါ။

ဒီခံယူခ်က္အတိုင္း ေႏြဦးေတာ္လွန္ေရးရဲ့ ျပည္သူ႔ခုခံတြန္းလွန္စစ္အတြင္း ႀကီးျမတ္စြာအသက္ေပးခဲ့ၾကတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္သားေတြအတြက္ PVTV ရဲ့ Youtube Channel ျဖစ္တဲ့ youtube.com/c/pvtvmyanmar ကို ျပည္သူေတြ ၾကည့္ရႈၾကရာကရရွိတဲ့ ဝင္ေငြေတြထဲကေန NUG Bond ေတြကို တစ္လလၽွင္ (၃) ဦးႏႈန္းဝယ္ယူေပးသြားမွာျဖစ္ပါတယ္။ ေတာ္လွန္ေရးအတြက္ အသက္ေပးခဲ့ၾကတဲ့ PDF ေတြရဲ့ က်န္ရစ္သူ မိသားစုေတြအတြက္ Bond ဝယ္ယူေပးခ်င္သူေတြ ရွိပါကလဲ PVTV ကိုဆက္သြယ္နိုင္ၿပီး PVTV က ကာကြယ္ေရးဝန္ႀကီးဌာန၊ စီမံကိန္း၊ ဘ႑ာေရးႏွင့္ ရင္းႏွီးျမႇုပ္ႏွံမႈ ဝန္ႀကီးဌာနတို႔နဲ႔ ခ်ိတ္ဆက္ကာ ဝယ္ယူေပးသြားမွာျဖစ္ၿပီး ဝယ္ယူေပးခ်င္ၾကသူေတြရွိပါက https://facebook.com/ourspringheroes Facebook Page ၏ Messenger မွတဆင့္ ဆက္သြယ္ဝယ္ယူနိုင္မွာျဖစ္ပါတယ္။

က်ဆုံးခဲ့တဲ့ ေႏြဦးသူရဲေကာင္းရဲ့ ေတာ္လွန္ေရးအမည္ပါဝင္တဲ့ Bond စာခ်ဳပ္ကို အလႉရွင္ထံ ေပးပို႔ေပးသြားမွာျဖစ္ၿပီး NUG က Bond ေငြေတြ ျပန္လည္ထုတ္ေပးတဲ့အခါမွာေတာ့ က်ဆုံးခဲ့ၾကရတဲ့ PDF ေတြရဲ့ က်န္ရစ္သူမိသားစုေတြဆီကို ဒီေငြေတြ ေရာက္ရွိေအာင္ MOD, MOPFI နဲ႔ PVTV တို႔က တာဝန္ယူ ေပးပို႔ ေပးသြားမွာပါ။ က်န္ရစ္သူမိသားစုေတြနဲ႔ ခ်ိတ္ဆက္လို႔မရတာမ်ိဳး၊ ဆက္ခံမယ့္ က်န္ရစ္သူ မရွိတာမ်ိဳးေတြ ျဖစ္ခဲ့မယ္ဆိုရင္လဲ အဆိုပါ ေငြကို “က်ဆုံး သူရဲေကာင္း” ေတြနဲ႔ သက္ဆိုင္တဲ့ေဆာင္ရြက္မႈတစ္ခုခုမွာ ထည့္သြင္းအသုံးျပဳသြားမွာျဖစ္ပါတယ္။

ေတာ္လွန္ေရးအတြက္ အသက္ေပးခဲ့ၾကတဲ့ သူရဲေကာင္းေတြကို ဂုဏ္ျပဳရာလည္းေရာက္၊ သူရဲေကာင္းတို႔ရဲ့ က်န္ရစ္သူ မိသားစုေတြကိုလည္း တစ္စုံတစ္ရာ ေစာင့္ေရွာက္မႈေပးရာလည္းေရာက္၊ NUG Bond ဝယ္ၿပီး ေတာ္လွန္ေရးေအာင္ျမင္ဖို႔ တစ္တပ္တစ္အား ပါဝင္အားျဖည့္ရာလည္းေရာက္တဲ့ “ဒို႔ … ေႏြဦးသူရဲေကာင္းမ်ား အတြက္ ေငြတိုက္စာခ်ဳပ္” အစီအစဥ္မွာ တတ္အားသေရြ႕ပါဝင္ေပးၾကဖို႔ ဖိတ္ေခၚပါရေစ။ #PVTV