ၾကားသိသမွ်

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်နှစ်ဦးပါဝင်သည့် သစ်ခိုးထုတ်မှုကို YDF(ထီးလင်း)ဖမ်းဆီးရမိခဲ့ပြီး

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်နှစ်ဦးပါဝင်သည့် သစ်ခိုးထုတ်မှုကို YDF(ထီးလင်း)ဖမ်းဆီးရမိခဲ့ပြီး

ရဲခေါင်/People’s Spring

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် နှစ်ဦးပါဝင်သည့် သစ်ခိုးထုတ်မှုကိုဖမ်းဆီးရမိခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရ(NUG)ထံသို့ တင်ပြထားကြောင်း YDF(ထီးလင်း) တာဝန်ရှိသူက People’s Springသို့ ပြောသည်။

သစ်ခိုးထုတ်မှုအား ဖမ်းဆီးရရှိမှုဖြစ်စဥ်မှာ မေလ ၂ရက် ညနေ ၆နာရီခွဲခန့်တွင် ပြည်သူများ၏ တိုင်ကြားချက်မှတစ်ဆင့် ထီးလင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာတွင် ထီးလင်းမြို့နယ်လျှော်ဖြူပင်ရွာ၌ ခြောက်ဘီးကား နှစ်စီး၊ သစ်(၉)တန်ခန့်နှင့် သစ်ခိုးထုတ် သူရှစ်ဦးအား ဖမ်းဆီးရမိခဲ့သည်။


ထို့နောက် ဖမ်းဆီးရမိသူရှစ်ဦးအား စစ်ဆေးရာ၌ ​ခြောက်ဦးမှာ ပေါက်မြို့နယ်အတွင်းမှဖြစ်ပြီး နှစ်ဦးမှာ ထီးလင်းမြို့နယ်ရှိပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တစ်ခုမှ ဖွဲ့စည်းပေးထားသော ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)အဖွဲ့ဝင်များဖြစ်နေသည်။

“ပကဖ အဖွဲ့ဆိုတာသူတို့ နှစ်ဦးရဲ့ ထွက်ဆိုချက်တင်မဟုတ်ဘဲ သူတို့ တည်ရှိရာနေရာကိုပါ ကျွန်တော်တို့ ဆက်သွယ်အတည်ပြုခဲ့ပါတယ်။ ဒီဖြစ်စဥ်ကို ဖမ်းမိပြီး နောက်ရက်(မေ ၃ ရက်)မှာ NUGထံ တင်ပြခဲ့တယ်”ဟု အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

အာဏာရှင်စနစ်တိုက်ဖျက်နေသော ယခုကာလအတွင်း နိုင်ငံတော်သယံဇာတနှင့် ပြည်သူပိုင်ပစ္စည်းများကို မည်သည် အကြောင်းပြချက်နှင့်မျှ တရားမဝင် မလုပ် ကိုင်သင့်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုသည်။


ပကဖနှစ်ဦး၏ ထွက်ဆိုချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၏ ခေါင်းဆောင်ပိုင်းတစ်ဦးနှင့် လွှတ်တော်အမတ်တစ်ဦးထံ ကျပ်သိန်း ၃၀ပေးသွင်း၍ ၎င်းတို့၏ခွင့်ပြုချက်ဖြင့် ထီးလင်းမြို့နယ်သို့လာရောက်သစ်ခိုးထုတ်ယူခဲ့သည်ဟု YDF(ထီးလင်း)က ဆိုသည်။

NUG၏ ပြန်လည်ညွှန်ကြားချက်ကို စောင့်ဆိုင်းနေပြီး ဖမ်းဆီးရမိသူ ရှစ်ဦးကိုမူ လူ့ဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းထားဆဲဖြစ်ကြောင်း YDF(ထီးလင်း)က အသိပေးသည်။

ယခုဖြစ်စဥ်အပါအဝင် သစ်ခိုးထုတ်မှုများကို ပြည်သူ့ ရဲတပ်ဖွဲ့(YDF ထီးလင်း)မှ စုစုပေါင်း (၄)မှုကိုဖမ်းဆီးထားခဲ့သည်ဟုဆိုသည်။

ျပည္သူ႔ကာကြယ္​ေရးတပ္ဖြဲ႕ဝင္ႏွစ္ဦးပါဝင္သည့္ သစ္ခိုးထုတ္မႈကို YDF(ထီးလင္း)ဖမ္းဆီးရမိခဲ့ၿပီး

ရဲေခါင္/People’s Spring

ျပည္သူ႔ကာကြယ္​ေရးတပ္ဖြဲ႕ဝင္ ႏွစ္ဦးပါဝင္သည့္ သစ္ခိုးထုတ္မႈကိုဖမ္းဆီးရမိခဲ့ၿပီး အမ်ိဳးသားညီညြတ္ေရး အစိုးရ(NUG)ထံသို႔ တင္ျပထားေၾကာင္း YDF(ထီးလင္း) တာဝန္ရွိသူက People’s Springသို႔ ေျပာသည္။

သစ္ခိုးထုတ္မႈအား ဖမ္းဆီးရရွိမႈျဖစ္စဥ္မွာ ေမလ ၂ရက္ ညေန ၆နာရီခြဲခန္႔တြင္ ျပည္သူမ်ား၏ တိုင္ၾကားခ်က္မွတစ္ဆင့္ ထီးလင္းၿမိဳ႕နယ္ျပည္သူ႔ရဲတပ္ဖြဲ႕မွ သြားေရာက္စစ္ေဆးခဲ့ရာတြင္ ထီးလင္းၿမိဳ႕နယ္ေလၽွာ္ျဖဴပင္ရြာ၌ ေျခာက္ဘီးကား ႏွစ္စီး၊ သစ္(၉)တန္ခန္႔ႏွင့္ သစ္ခိုးထုတ္ သူရွစ္ဦးအား ဖမ္းဆီးရမိခဲ့သည္။

ထို႔ေနာက္ ဖမ္းဆီးရမိသူရွစ္ဦးအား စစ္ေဆးရာ၌ ​ေျခာက္ဦးမွာ ေပါက္ၿမိဳ႕နယ္အတြင္းမွျဖစ္ၿပီး ႏွစ္ဦးမွာ ထီးလင္းၿမိဳ႕နယ္ရွိျပည္သူ႔ကာကြယ္ ေရးတပ္ဖြဲ႕တစ္ခုမွ ဖြဲ႕စည္းေပးထားေသာ ပကဖ(ျပည္သူ႔ကာကြယ္ေရးအဖြဲ႕)အဖြဲ႕ဝင္မ်ားျဖစ္ေနသည္။

“ပကဖ အဖြဲ႕ဆိုတာသူတို႔ ႏွစ္ဦးရဲ့ ထြက္ဆိုခ်က္တင္မဟုတ္ဘဲ သူတို႔ တည္ရွိရာေနရာကိုပါ ကၽြန္ေတာ္တို႔ ဆက္သြယ္အတည္ျပဳခဲ့ပါတယ္။ ဒီျဖစ္စဥ္ကို ဖမ္းမိၿပီး ေနာက္ရက္(ေမ ၃ ရက္)မွာ NUGထံ တင္ျပခဲ့တယ္”ဟု အထက္ပါတာဝန္ရွိသူက ရွင္းျပသည္။

အာဏာရွင္စနစ္တိုက္ဖ်က္ေနေသာ ယခုကာလအတြင္း နိုင္ငံေတာ္သယံဇာတႏွင့္ ျပည္သူပိုင္ပစၥည္းမ်ားကို မည္သည္ အေၾကာင္းျပခ်က္ႏွင့္မၽွ တရားမဝင္ မလုပ္ ကိုင္သင့္ေၾကာင္းလည္း ၎က မွတ္ခ်က္ျပဳသည္။

ပကဖႏွစ္ဦး၏ ထြက္ဆိုခ်က္အရ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕(PDF)၏ ေခါင္းေဆာင္ပိုင္းတစ္ဦးႏွင့္ လႊတ္ေတာ္အမတ္တစ္ဦးထံ က်ပ္သိန္း ၃၀ေပးသြင္း၍ ၎တို႔၏ခြင့္ျပဳခ်က္ျဖင့္ ထီးလင္းၿမိဳ႕နယ္သို႔လာေရာက္သစ္ခိုးထုတ္ယူခဲ့သည္ဟု YDF(ထီးလင္း)က ဆိုသည္။

NUG၏ ျပန္လည္ညႊန္ၾကားခ်က္ကို ေစာင့္ဆိုင္းေနၿပီး ဖမ္းဆီးရမိသူ ရွစ္ဦးကိုမူ လူ႔ဂုဏ္သိကၡာႏွင့္အညီ ထိန္းသိမ္းထားဆဲျဖစ္ေၾကာင္း YDF(ထီးလင္း)က အသိေပးသည္။

ယခုျဖစ္စဥ္အပါအဝင္ သစ္ခိုးထုတ္မႈမ်ားကို ျပည္သူ႔ ရဲတပ္ဖြဲ႕(YDF ထီးလင္း)မွ စုစုေပါင္း (၄)မႈကိုဖမ္းဆီးထားခဲ့သည္ဟုဆိုသည္။