ၾကားသိသမွ်

ဗထူးတပ်မြို့တွင် ၁၈ နှစ်ပြည့်ထားသည့် တပ်မိသားစုဝင် အမျိုးသား၊ အမျိုးသမီးများ စစ်တပ်ထဲသို့ မဖြစ်မနေဝင်ရ

ဗထူးတပ်မြို့တွင် ၁၈ နှစ်ပြည့်ထားသည့် တပ်မိသားစုဝင်များ စစ်တပ်ထဲသို့ မဖြစ်မနေဝင်ရ

မဲခေါင်၊ မေ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗထူးတပ်မြို့တွင် ၁၈ နှစ်ပြည့်ထားသည့် တပ်မိသားစုဝင်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်များထဲသို့ မဖြစ်မနေဝင်ရောက်တာဝန်ထမ်းဆောင်နေရကြောင်း စစ်တပ်တွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

တပ်မြို့အဖြစ်တည်ဆောက်ထားသည့် ဗထူးတပ်မြို့တွင် စစ်တပ်မိသားစုဝင်များသာ အများဆုံးနေထိုင်လျက်ရှိပြီး စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် တစ်နှစ်ကျော်အကြာတွင် ၁၈နှစ်ပြည့်ပြီး တပ်မိသားစုဝင် အမျိုးသား၊ အမျိုးသမီးတိုင်း တပ်ထဲသို့ ဝင်ရောက်တာဝန်ထမ်း‌ဆောင်ခိုင်းထားသည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“မိန်းကလေးတွေကတော့ မဝင်ချင်ကြဘူး၊ မိသားစုဝင်တွေကလည်း ပေးမဝင်ချင်ကြပေမယ့် မဝင်မနေရဆိုတော့ ဝင်နေရတာပေါ့။ တပ်ထဲမှာပဲ နေကြတာဆိုတော့ တပ်နဲ့ယဉ်ပါးနေပေမယ့် ယောင်္ကျားလေးတွေက ပြဿနာမရှိဘူး။ ၁၈၊ ၁၉ နှစ်အရွယ် မိန်းကလေးတွေကြတော့ ဝတ်ချင်စားချင်လှချင်ကြတာပေါ့။ ဒီလိုအခြေအဆိုးကြီးထဲမှာ ဘယ်သူကဝင်ချင်ကြမလဲ” ဟု ၎င်းကပြောသည်။

ထို့အပြင် တပ်သားမှစ၍ အရာရှိအထိ ဇနီးဖြစ်သူများကို အပြင်ထွက်သွားလာခွင့်ပိတ်ပင်ထားပြီး အစိုးရဝန်ထမ်းဖြစ်ပါက နေအိမ်မှသာ အလုပ်လုပ်ကိုင်စေရန် ဌာနဆိုင်များထံ အသိပေးထားပြီး ပြင်ပအလုပ်အကိုင်လုပ်ကိုင်သူများဖြစ်ပါက အလုပ်မှယာယီရပ်နားကာ တပ်ဝန်းအတွင်း၌သာ နေထိုင်စေလျက်ရှိကြောင်း အဆိုပါသတင်းရင်းမြစ်က ဆက်ပြောသည်။

မြန်မာ့သမိုင်းတွင်လူမျိုးနှင့် နိုင်ငံလွတ်လပ်ရေးအတွက် ကိုယ်ကျိုးမငဲ့ဘဲ ဇွဲသတ္တိဖြင့် တိုက်ခိုက်ဆောင်ရွက်ခဲ့သော ကွယ်လွန်သူ ဗိုလ်မှူးကြီး ဗထူးအား ချီးကျူးဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းရပ်စောက်မြို့၏ မြောက်ဘက် တစ်မိုင်ကွာခန့်တွင် ဗထူးတပ်မြို့ဟု အမည်ပေးထားသော တပ်မြို့တစ်မြို့ တည်ဆောက်ထားခြင်းဖြစ်သည်။

အဆိုပါဗထူးတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း တည်ရှိသလို တပ်သင်တန်းကျောင်းများနှင့် ခြေလျင် တိုက်ခိုက်ရေးတပ်များ၊ လက်ရုံး ဝန်ထမ်းတပ်များ အခြေစိုက်သည့် ဒေသတစ်ခုလည်း ဖြစ်သည်။

ဗထူးတပ္ၿမိဳ႕တြင္ ၁၈ ႏွစ္ျပည့္ထားသည့္ တပ္မိသားစုဝင္မ်ား စစ္တပ္ထဲသို႔ မျဖစ္မေနဝင္ရ

မဲေခါင္၊ ေမ ၅

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဗထူးတပ္ၿမိဳ႕တြင္ ၁၈ ႏွစ္ျပည့္ထားသည့္ တပ္မိသားစုဝင္မ်ားအေနျဖင့္ အာဏာသိမ္းစစ္ေကာင္စီလက္ေအာက္ခံ တပ္မ်ားထဲသို႔ မျဖစ္မေနဝင္ေရာက္တာဝန္ထမ္းေဆာင္ေနရေၾကာင္း စစ္တပ္တြင္းသတင္းရင္းျမစ္မ်ားထံမွ သိရသည္။

တပ္ၿမိဳ႕အျဖစ္တည္ေဆာက္ထားသည့္ ဗထူးတပ္ၿမိဳ႕တြင္ စစ္တပ္မိသားစုဝင္မ်ားသာ အမ်ားဆုံးေနထိုင္လ်က္ရွိၿပီး စစ္တပ္မွ နိုင္ငံေတာ္အာဏာသိမ္းယူၿပီးေနာက္ တစ္ႏွစ္ေက်ာ္အၾကာတြင္ ၁၈ႏွစ္ျပည့္ၿပီး တပ္မိသားစုဝင္ အမ်ိဳးသား၊ အမ်ိဳးသမီးတိုင္း တပ္ထဲသို႔ ဝင္ေရာက္တာဝန္ထမ္း‌ေဆာင္ခိုင္းထားသည္ဟု သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“မိန္းကေလးေတြကေတာ့ မဝင္ခ်င္ၾကဘူး၊ မိသားစုဝင္ေတြကလည္း ေပးမဝင္ခ်င္ၾကေပမယ့္ မဝင္မေနရဆိုေတာ့ ဝင္ေနရတာေပါ့။ တပ္ထဲမွာပဲ ေနၾကတာဆိုေတာ့ တပ္နဲ႔ယဥ္ပါးေနေပမယ့္ ေယာကၤ်ားေလးေတြက ျပႆနာမရွိဘူး။ ၁၈၊ ၁၉ ႏွစ္အရြယ္ မိန္းကေလးေတြၾကေတာ့ ဝတ္ခ်င္စားခ်င္လွခ်င္ၾကတာေပါ့။ ဒီလိုအေျခအဆိုးႀကီးထဲမွာ ဘယ္သူကဝင္ခ်င္ၾကမလဲ” ဟု ၎ကေျပာသည္။

ထို႔အျပင္ တပ္သားမွစ၍ အရာရွိအထိ ဇနီးျဖစ္သူမ်ားကို အျပင္ထြက္သြားလာခြင့္ပိတ္ပင္ထားၿပီး အစိုးရဝန္ထမ္းျဖစ္ပါက ေနအိမ္မွသာ အလုပ္လုပ္ကိုင္ေစရန္ ဌာနဆိုင္မ်ားထံ အသိေပးထားၿပီး ျပင္ပအလုပ္အကိုင္လုပ္ကိုင္သူမ်ားျဖစ္ပါက အလုပ္မွယာယီရပ္နားကာ တပ္ဝန္းအတြင္း၌သာ ေနထိုင္ေစလ်က္ရွိေၾကာင္း အဆိုပါသတင္းရင္းျမစ္က ဆက္ေျပာသည္။

ျမန္မာ့သမိုင္းတြင္လူမ်ိဳးႏွင့္ နိုင္ငံလြတ္လပ္ေရးအတြက္ ကိုယ္က်ိဳးမငဲ့ဘဲ ဇြဲသတၱိျဖင့္ တိုက္ခိုက္ေဆာင္ရြက္ခဲ့ေသာ ကြယ္လြန္သူ ဗိုလ္မႉးႀကီး ဗထူးအား ခ်ီးက်ဴးဂုဏ္ျပဳေသာအားျဖင့္ ရွမ္းျပည္နယ္ ေတာင္ပိုင္းရပ္ေစာက္ၿမိဳ႕၏ ေျမာက္ဘက္ တစ္မိုင္ကြာခန႔္တြင္ ဗထူးတပ္ၿမိဳ႕ဟု အမည္ေပးထားေသာ တပ္ၿမိဳ႕တစ္ၿမိဳ႕ တည္ေဆာက္ထားျခင္းျဖစ္သည္။

အဆိုပါဗထူးတပ္ၿမိဳ႕တြင္ အာဏာသိမ္းစစ္ေကာင္စီ၏ တပ္မေတာ္(ၾကည္း)ဗိုလ္သင္တန္းေက်ာင္း တည္ရွိသလို တပ္သင္တန္းေက်ာင္းမ်ားႏွင့္ ေျခလ်င္ တိုက္ခိုက္ေရးတပ္မ်ား၊ လက္႐ုံး ဝန္ထမ္းတပ္မ်ား အေျခစိုက္သည့္ ေဒသတစ္ခုလည္း ျဖစ္သည္။