ၾကားသိသမွ်

စစ်ကောင်စီ ထိုးစစ်အရှိန်မြှင့်လာသော တနင်္သာရီတိုင်း၌ KNDOနှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့ ပူးပေါင်း

စစ်ကောင်စီ ထိုးစစ်အရှိန်မြှင့်လာသော တနင်္သာရီတိုင်း၌ KNDOနှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့ ပူးပေါင်း

ရဲခေါင်/People’s Spring

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်အရှိန်မြှင့်တင်လာသော တနင်္သာရီတိုင်း၌ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးတို့ ပူးပေါင်းလိုက်ကြောင်း ထုတ်ပြန်သည်။

“ပူးပေါင်းလိုက်တာက ကျွန်တော်တို့တွေ ပိုပြီးခိုင်မာတောင့်တင်းလာမယ်။ပြီးတော့ ဒီမိုကရေစီ ပြန်ရဖို့ကိုပဲ ဦးတည် တိုက်ခိုက်သွားမှာဖြစ်တယ်”ဟု ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက ပြောသည်။

လက်ရှိစစ်ရေးအခြေအနေအရ ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် ထားဝယ်-ထီးခီး လမ်းပိုင်းကို ည ၇ နာရီမှ နံနက် ၄ နာရီအတွင်းလုံးဝဖြတ်သန်းသွားလာ အသုံးမပြုရန်လည်း အသိပေးထားသည်။

သတ်မှတ်အချိန်အတွင်း ဖြတ်သွားလာကြစဥ် အကြမ်းဖက်စစ်​ကောင်စီနှင့် ပက်သက်မှုတစ်စုံ တစ်ရာ​သော်လည်း​ကောင်း၊ ​ စစ်​ဆေးခြင်းနှင့် ထုတ်ပြန်ချက်များကို လိုက်နာမှု မရှိခြင်း​သော် လည်း​ကောင်း ​တွေ့ရှိပါက ထိခိုက်မှု တစ်စုံ တစ်ရာအတွက် (လုံးဝ) တာဝန်ယူမည်မဟုတ်ပဲ မသင်္ကာဖွယ်ရာအားလုံးကို ကျွန်ုပ်တို့ “ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်​ရေးတပ်ဦး” နှင့် မဟာ မိတ်ပူး​ပေါင်းအဖွဲ့ဖြစ်​​သော “KNDO Special တပ်ရင်း” တို့မှရှင်းလင်းပစ်မည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဧပြီ ၁၈ ရက်ကစ၍ တနင်္သာရီတိုင်း အတွင်း စစ်ကြောင်းလေးခုဖြင့် စစ်ထိုးရန်နှင့် ရွာသူ၊ရွာသားများကို လိုအပ်ပါက အကြမ်းဖက်ရှင်းလင်းရန် အကြမ်းဖက်စစ်ကောင် စီ၏ ညွှန်ကြားစာထွက်ရှိထားသည်။

အဆိုပါ ညွှန်ကြားစာထွက်ရှိပြီး နောက်ပိုင်း ထားဝယ်၊​မြိတ်နှင့် ပုလော ဒေသတို့တွင် တိုက်ပွဲများမကြာခဏ ဖြစ်ပွားခဲ့သည်။

စစ္ေကာင္စီ ထိုးစစ္အရွိန္ျမႇင့္လာေသာ တနသၤာရီတိုင္း၌ KNDOႏွင့္ ထားဝယ္ခရိုင္ျပည္သူ႔ကာကြယ္ေရးတပ္ဦးတို႔ ပူးေပါင္း

ရဲေခါင္/People’s Spring

အၾကမ္းဖက္စစ္ေကာင္စီ၏ ထိုးစစ္အရွိန္ျမႇင့္တင္လာေသာ တနသၤာရီတိုင္း၌ ကရင္အမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕ (KNDO)ႏွင့္ ထားဝယ္ခရိုင္ျပည္သူ႔ကာကြယ္ေရးတပ္ဦးတို႔ ပူးေပါင္းလိုက္ေၾကာင္း ထုတ္ျပန္သည္။

“ပူးေပါင္းလိုက္တာက ကၽြန္ေတာ္တို႔ေတြ ပိုၿပီးခိုင္မာေတာင့္တင္းလာမယ္။ၿပီးေတာ့ ဒီမိုကေရစီ ျပန္ရဖို႔ကိုပဲ ဦးတည္ တိုက္ခိုက္သြားမွာျဖစ္တယ္”ဟု ထားဝယ္ခရိုင္ျပည္သူ႔ကာကြယ္ေရးတပ္ဦးက ေျပာသည္။

လက္ရွိစစ္ေရးအေျခအေနအရ ထားဝယ္ခရိုင္အတြင္းရွိ ျပည္သူမ်ားအေနျဖင့္ ထားဝယ္-ထီးခီး လမ္းပိုင္းကို ည ၇ နာရီမွ နံနက္ ၄ နာရီအတြင္းလုံးဝျဖတ္သန္းသြားလာ အသုံးမျပဳရန္လည္း အသိေပးထားသည္။

သတ္မွတ္အခ်ိန္အတြင္း ျဖတ္သြားလာၾကစဥ္ အၾကမ္းဖက္စစ္​ေကာင္စီႏွင့္ ပက္သက္မႈတစ္စုံ တစ္ရာ​ေသာ္လည္း​ေကာင္း၊ ​ စစ္​ေဆးျခင္းႏွင့္ ထုတ္ျပန္ခ်က္မ်ားကို လိုက္နာမႈ မရွိျခင္း​ေသာ္ လည္း​ေကာင္း ​ေတြ႕ရွိပါက ထိခိုက္မႈ တစ္စုံ တစ္ရာအတြက္ (လုံးဝ) တာဝန္ယူမည္မဟုတ္ပဲ မသကၤာဖြယ္ရာအားလုံးကို ကၽြန္ုပ္တို႔ “ထားဝယ္ခရိုင္ျပည္သူ႔ကာကြယ္​ေရးတပ္ဦး” ႏွင့္ မဟာ မိတ္ပူး​ေပါင္းအဖြဲ႕ျဖစ္​​ေသာ “KNDO Special တပ္ရင္း” တို႔မွရွင္းလင္းပစ္မည္ဟု ထုတ္ျပန္ခ်က္၌ ေဖာ္ျပသည္။

ဧၿပီ ၁၈ ရက္ကစ၍ တနသၤာရီတိုင္း အတြင္း စစ္ေၾကာင္းေလးခုျဖင့္ စစ္ထိုးရန္ႏွင့္ ရြာသူ၊ရြာသားမ်ားကို လိုအပ္ပါက အၾကမ္းဖက္ရွင္းလင္းရန္ အၾကမ္းဖက္စစ္ေကာင္ စီ၏ ညႊန္ၾကားစာထြက္ရွိထားသည္။

အဆိုပါ ညႊန္ၾကားစာထြက္ရွိၿပီး ေနာက္ပိုင္း ထားဝယ္၊​ၿမိတ္ႏွင့္ ပုေလာ ေဒသတို႔တြင္ တိုက္ပြဲမ်ားမၾကာခဏ ျဖစ္ပြားခဲ့သည္။