ၾကားသိသမွ်

နန်းဖဲကျေးရွာအနီးမှာ ရိက္ခာပို့တဲ့ စစ်အုပ်စုယာဉ်တန်းနဲ့ KNDF တိုက်ပွဲဖြစ် ၊ စစ်ကားနှစ်စီးပျက်စီး

နန်းဖဲကျေးရွာအနီးမှာ ရိက္ခာပို့တဲ့ စစ်အုပ်စုယာဉ်တန်းနဲ့ KNDF တိုက်ပွဲဖြစ် ၊ စစ်ကားနှစ်စီးပျက်စီး

ကရင်နီပြည်နယ်၊ နန်းဖဲကျေးရွာမှာ ဘောလခဲမြို့နယ်ဘက်ကို ရိက္ခာသွားပို့တဲ့ စစ်အုပ်စုယာဉ်တန်းနဲ့ ကရင်နီ ပူးပေါင်းတပ် (KA,KNDF B-16) တို့ မေလ ၄ ရက်နေ့ မနက် ၄ နာရီ ဝန်းကျင်လောက်ကစပြီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းမီဒီယာဖြစ်တဲ့ Karenni’s Voice က ဖော်ပြပါတယ်။

စစ်အုပ်စုဘက်က အထိအခိုက် အကျအဆုံးကို မသိရသေးပေမယ့် ယာဉ်နှစ်စီး ပျက်စီးသွားပြီး လက်နက်ခဲယမ်းအချို့လဲ သိမ်းဆည်းရမိခဲ့ပါတယ် ။

KNDF B-16 တာဝန်ရှိသူကို ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ “တိုက်ပွဲက မနက် ၄ နာရီ​ ဝန်းကျင်လောက်ထဲက ဖြစ်တာ ကျွန်တော်တို့ မိုင်းကို သူတို့နင်းမိတာပေါ့နော် စစ်ကားနှစ်စီးတော့ ပျက်စီးသွားလို့ သူတို့ဘာသာ မီးရှို့သွားတာ ကျွန်တော်တို့ မိုင်းအချို့နဲ့ ကျည်အချို့ရခဲ့တယ် ” လို့ Karenni’s Voice ကို ပြန်လည်ဖြေကြားခဲ့ပါတယ် ။

မေ ၃ ရက် မနက် ၁၀ နာရီကျော်ကလည်း ဖရူဆိုမြို့နယ် ဒေါပိုရှေ့နဲ့ ထားလဲကျေးရွာအကြားမှာ စစ်အုပ်စုတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က နှစ်ယောက်ထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF B-15 က ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်အုပ်စုတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေါပိုရှေ့ကျေးရွာကို ကျရောက်ခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ #DNA

နန္းဖဲေက်းရြာအနီးမွာ ရိကၡာပို႔တဲ့ စစ္အုပ္စုယာဥ္တန္းနဲ႔ KNDF တိုက္ပြဲျဖစ္ ၊ စစ္ကားႏွစ္စီးပ်က္စီး

ကရင္နီျပည္နယ္၊ နန္းဖဲေက်းရြာမွာ ေဘာလခဲၿမိဳ႕နယ္ဘက္ကို ရိကၡာသြားပို႔တဲ့ စစ္အုပ္စုယာဥ္တန္းနဲ႔ ကရင္နီ ပူးေပါင္းတပ္ (KA,KNDF B-16) တို႔ ေမလ ၄ ရက္ေန႔ မနက္ ၄ နာရီ ဝန္းက်င္ေလာက္ကစၿပီး တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေဒသတြင္းသတင္းမီဒီယာျဖစ္တဲ့ Karenni’s Voice က ေဖာ္ျပပါတယ္။

စစ္အုပ္စုဘက္က အထိအခိုက္ အက်အဆုံးကို မသိရေသးေပမယ့္ ယာဥ္ႏွစ္စီး ပ်က္စီးသြားၿပီး လက္နက္ခဲယမ္းအခ်ိဳ႕လဲ သိမ္းဆည္းရမိခဲ့ပါတယ္ ။

KNDF B-16 တာဝန္ရွိသူကို ဆက္သြယ္ေမးျမန္းခဲ့ရာမွာေတာ့ “တိုက္ပြဲက မနက္ ၄ နာရီ​ ဝန္းက်င္ေလာက္ထဲက ျဖစ္တာ ကၽြန္ေတာ္တို႔ မိုင္းကို သူတို႔နင္းမိတာေပါ့ေနာ္ စစ္ကားႏွစ္စီးေတာ့ ပ်က္စီးသြားလို႔ သူတို႔ဘာသာ မီးရွို႔သြားတာ ကၽြန္ေတာ္တို႔ မိုင္းအခ်ိဳ႕နဲ႔ က်ည္အခ်ိဳ႕ရခဲ့တယ္ ” လို႔ Karenni’s Voice ကို ျပန္လည္ေျဖၾကားခဲ့ပါတယ္ ။

ေမ ၃ ရက္ မနက္ ၁၀ နာရီေက်ာ္ကလည္း ဖ႐ူဆိုၿမိဳ႕နယ္ ေဒါပိုေရွ႕နဲ႔ ထားလဲေက်းရြာအၾကားမွာ စစ္အုပ္စုတပ္နဲ႔ ကရင္နီ ပူးေပါင္းတပ္တို႔တိုက္ပြဲျဖစ္ပြားခဲ့ၿပီး စစ္အုပ္စုဘက္က ႏွစ္ေယာက္ထက္မနည္း ေသဆုံးကာ အမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ KNDF B-15 က ထုတ္ျပန္ထားပါတယ္။

အဲဒီတိုက္ပြဲအတြင္း စစ္အုပ္စုတပ္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တာေၾကာင့္ ေဒါပိုေရွ႕ေက်းရြာကို က်ေရာက္ခဲ့ၿပီး ေနအိမ္ႏွစ္လုံး ပ်က္စီးသြားတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။ #DNA