ၾကားသိသမွ်
#ဟားငါးကောင် ညီအကိုတွေရဲ့တော်လှန်ကူဖို့…ကံစမ်းစို့ အစီအစဉ် ကံစမ်းမဲ လက်မှတ်များ နေ့တစ်ပိုင်းနဲ့ ညကတစ်ညအတွင် ရောင်းကုန်
တော်လှန်ကူဖို့…ကံစမ်းစို့ အစီအစဉ်အတွက် ကံစမ်းမဲ လက်မှတ်များ မနေ့က နေ့တစ်ပိုင်းနဲ့ ညကတစ်ညအတွင်း…ထုတ်ထားသလောက် အကုန်ကုန်သွားပါတယ်ခင်ဗျာ…
ဝိုင်းကူညီကြတဲ့ တစ်ဦးတစ်ယောက်ဆီတိုင်းကို ကျေးဇူ့အထူးတင်ရှိပါတယ် ခင်ဗျာ…တစ်ရက်ကို အစောင်ရေ ၁၅ဝနှူန်းခန့်​မှန်းထားသော်လဲ…ပြည်သူများရဲ့ အားပေးမှု့က အံ့မခန်းပါပဲခင်ဗျာ…၃ရက်စာကို တစ်ညနေနဲ့ တစ်ညအတွင်းကုန်သွားပါတယ်…
ယခု ငွေလွှဲထားပြီး လက်မှတ်မရသေးသူများအတွက် ဦးစားပေးပြီး လက်မှတ်များထုတ်လျက်ရှိပါတယ်ခင်ဗျာ…
***လျှပ်စစ်မီး အခက်အခဲကြောင့် ကျန့်ကြာမှု့အနည်းငယ်ရှိနေသည့် အတွက် ခေတ္တ သည်းခံစောင့်စားပေးရန် အနူးအညွှတ်မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျာ***🙏🙏🙏
ပေးပို့ထားသော Messages များကိုလဲ တစ်ဦးတစ်ယောက်ချင်း စီတိုင်းကို ပြန်လည်ဖြေကြားပေးသွားမည် ဖြစ်ကြောင်းကိုလဲ အလေးထားပြောကြားလိုပါတယ် ခင်ဗျာ…
မှတ်ချက်။ ။ Reply ကြာလို့ ညက ရန်တွေ့သွားတဲ့ ၁၈ယောက်ကိုလဲ မှတ်ထားပါတယ်နော်….(စတာ)😁😁😁
Reply စောင့်နေရလို့ Click ဖို့အချိန်လျော့တယ်ဆိုတဲ့သူတောင်ပါသေး😛😛😛
USA မှ ညတွင်းချင်း အစောင်(၁၀၀)ဖိုးငွေလွှဲပြီး ပေါက်ရင် ပစ္စည်းကို သိမ်းထားပေးပါ…နောက်မဲထပ်ဖောက်ရင် ထည့်ပေးပါဆိုတဲ့ အစ်မကိုလဲ ကျေးဇူ့အများကြီးတင်ပါကြောင်းနဲ့…
လက်မှတ်ဝယ်သွားတဲ့ လူ ၉၀%ကျော်ကပေါက်ရင် ပြန်လှူမယ်ဆိုတဲ့ လူတွေကြီးပဲမို့…တော်လှန်ရေးအတွက် အားတက်မိကြောင်းလဲ…အထူးပြောကြားလိုပါတယ်ခင်ဗျာ..💪💪💪
#ဟားငါးကောင်
#ဟားငါးကောင်