ၾကားသိသမွ်

မေခ မြစ်တွင် မြစ်ရေကြီးမှု သတိပေးစက်တပ်ဆင်လိုက်သဖြင့် မြစ်ကြီးနားမြို့ ရေအတက်အကျ ခန့်မှန်းနိုင် ဟုဆို

မေခ မြစ်တွင် မြစ်ရေကြီးမှု သတိပေးစက်တပ်ဆင်လိုက်သဖြင့် မြစ်ကြီးနားမြို့ ရေအတက်အကျ ခန့်မှန်းနိုင် ဟုဆို

May 2, 2022

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ချီဖွေမြို့နယ်ရှိ မေခမြစ်ပေါ်တွင် မြစ်ရေကြီးမှုကို သတိပေးသည့်စက် တပ်ဆင် ထားနိုင်ပြီ ဖြစ်သည့်အတွက် မြစ်ကြီးနားမြို့၏ ဧရာဝတီမြစ်ရေအတက်အကျကို ခန့်မှန်းနိုင်ပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေသညွန်ကြားရေး ဦးစီးဌာနမှ သိရသည်။

ယခုလို ချီဖွေမြို့ မေခမြစ်ပေါ်တွင် မြစ်ရေကြီးမှုသတိပေးသည့်စက် တပ်ဆင်လိုက်ခြင်းကြောင့် ယခင်က ခန့်မှန်းနိုင်ရန် ခက်ခဲခဲ့သည့် မြစ်ကြီးနားမြို့၏ မြစ်ရေအတက်အကျကို ခန့်မှန်းနိုင်တော့မည်ဖြစ်ကြောင်း မိုးလေဝသ နှင့် ဇလဗေသ ညွန်ကြားရေး ဦးစီးဋ္ဌာနမှ ဦးစီးအရာရှိက ယခုလိုပြောသည်။


“ကျနော်တို့က ချီဖွေမှာစက်တစ်လုံးထိုင်ထားပြီ၊ ချီဖွေမှာစက်တစ်လုံးထိုင်ထားပြီဆိုရင် ချီဖွေနဲ့ မြစ်ကြီးနား၂၄ နာရီ အချိန်ယူလို့ရမယ်၊ တီယန်ဇွတ်မှာကျတော့ စက်ကတစ်လုံး အဲ့ဒီစက်နှစ်လုံးကနေထွက်လာရင် မေခနဲ့မလိခက အချက်အလက်နှစ်ခုရမယ်၊ မေခနဲ့မလိခရပြီဆိုရင်မြစ်ကြီးနားကို ရေဘယ်လောက်ဝင်နိုင်မလဲဆိုတာကို တွက်ဆချိန်လို့ရပြီ” ဟု ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ဦးစီးအရာရှိ ဦးနိုင်လင်းထွေး က ပြောသည်။

မေခမြစ်နှင့် မလိခမြစ်တို့‌ ပေါင်းစုံရာမှ ဧရာဝတီမြစ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ မြန်မာပြည်အောက်ပိုင်းသို့ စီးဆင်းသည့်မြစ်ရေဖြစ်သည့်အတွက် ဧရာဝတီမြစ်ရေအတက်အကျသည် မေခမြစ်နှင့် မလိခမြစ်အပေါ်တွင်ရှိသည့် ရေစီးဆင်းမူနှင့်ရေကာတာ၊ မူတည်လျက်ရှိသည်။


ဧရာဝတီမြစ်ရေ အတက်အကျအား ယခင် မလိခမြစ်ရှိရေကာတာ၂ ခု၏ ရေစီးဆင်းမှုအချက်အလက် လွယ်ကူစွာ ရရှိခဲ့သော်လည်း မေခမြစ်ပေါ်ရှိ ရေကာတာ၆ခု၏ အချက်အလက်ကို မရရှိတာကြောင့် မြစ်ကြီးနားမြို့၏ မြစ်ရေ အတက်အကျကို ကြိုတင်ခန့်မှန်းရန်ခက်ခဲခဲ့ခြင်း ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် မေခမြစ်ရှိ ရေကာတာ ၆ခုစလုံးသည် တရုတ်ပြည်ပိုင်ရေကာတာများဖြစ်သောကြောင့် အချက်အလက် ရရှိခက်ခဲရခြင်းဖြစ်ကြောင်း သိရသည်။


သမိုင်းတစ်လျှောက် ကချင်ပြည်နယ်တွင် ဧရာဝတီမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၉၇၉ ခုနစ်တွင် (၁၄၁၄)၊ ၂၀၀၄ ခုနစ်တွင် (၁၄၀၈)၊ ၂၀၁၉ခုနစ်တွင် (၁၂၂၉)၊ ၂၀၂၀ခုနစ်တွင် (၁၂၀၀) အထိ ရှိခဲ့သည်။#KNG

Zawgyi

ေမခ ျမစ္တြင္ ျမစ္ေရႀကီးမႈ သတိေပးစက္တပ္ဆင္လိုက္သျဖင့္ ျမစ္ႀကီးနားၿမိဳ႕ ေရအတက္အက် ခန္႔မွန္းနိုင္ ဟုဆို

May 2, 2022

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခရိုင္ ခ်ီေဖြၿမိဳ႕နယ္ရွိ ေမချမစ္ေပၚတြင္ ျမစ္ေရႀကီးမႈကို သတိေပးသည့္စက္ တပ္ဆင္ ထားနိုင္ၿပီ ျဖစ္သည့္အတြက္ ျမစ္ႀကီးနားၿမိဳ႕၏ ဧရာဝတီျမစ္ေရအတက္အက်ကို ခန႔္မွန္းနိုင္ၿပီ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္ မိုးေလဝသႏွင့္ ဇလေဗသညြန္ၾကားေရး ဦးစီးဌာနမွ သိရသည္။

ယခုလို ခ်ီေဖြၿမိဳ႕ ေမချမစ္ေပၚတြင္ ျမစ္ေရႀကီးမႈသတိေပးသည့္စက္ တပ္ဆင္လိုက္ျခင္းေၾကာင့္ ယခင္က ခန္႔မွန္းနိုင္ရန္ ခက္ခဲခဲ့သည့္ ျမစ္ႀကီးနားၿမိဳ႕၏ ျမစ္ေရအတက္အက်ကို ခန္႔မွန္းနိုင္ေတာ့မည္ျဖစ္ေၾကာင္း မိုးေလဝသ ႏွင့္ ဇလေဗသ ညြန္ၾကားေရး ဦးစီး႒ာနမွ ဦးစီးအရာရွိက ယခုလိုေျပာသည္။

“က်ေနာ္တို႔က ခ်ီေဖြမွာစက္တစ္လုံးထိုင္ထားၿပီ၊ ခ်ီေဖြမွာစက္တစ္လုံးထိုင္ထားၿပီဆိုရင္ ခ်ီေဖြနဲ႔ ျမစ္ႀကီးနား၂၄ နာရီ အခ်ိန္ယူလို႔ရမယ္၊ တီယန္ဇြတ္မွာက်ေတာ့ စက္ကတစ္လုံး အဲ့ဒီစက္ႏွစ္လုံးကေနထြက္လာရင္ ေမခနဲ႔မလိခက အခ်က္အလက္ႏွစ္ခုရမယ္၊ ေမခနဲ႔မလိခရၿပီဆိုရင္ျမစ္ႀကီးနားကို ေရဘယ္ေလာက္ဝင္နိုင္မလဲဆိုတာကို တြက္ဆခ်ိန္လို႔ရၿပီ” ဟု ကခ်င္ျပည္နယ္ မိုးေလဝသႏွင့္ ဇလေဗဒ ဦးစီးအရာရွိ ဦးနိုင္လင္းေထြး က ေျပာသည္။

ေမချမစ္ႏွင့္ မလိချမစ္တို႔‌ ေပါင္းစုံရာမွ ဧရာဝတီျမစ္အျဖစ္ ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕မွ ျမန္မာျပည္ေအာက္ပိုင္းသို႔ စီးဆင္းသည့္ျမစ္ေရျဖစ္သည့္အတြက္ ဧရာဝတီျမစ္ေရအတက္အက်သည္ ေမချမစ္ႏွင့္ မလိချမစ္အေပၚတြင္ရွိသည့္ ေရစီးဆင္းမူႏွင့္ေရကာတာ၊ မူတည္လ်က္ရွိသည္။

ဧရာဝတီျမစ္ေရ အတက္အက်အား ယခင္ မလိချမစ္ရွိေရကာတာ၂ ခု၏ ေရစီးဆင္းမႈအခ်က္အလက္ လြယ္ကူစြာ ရရွိခဲ့ေသာ္လည္း ေမချမစ္ေပၚရွိ ေရကာတာ၆ခု၏ အခ်က္အလက္ကို မရရွိတာေၾကာင့္ ျမစ္ႀကီးနားၿမိဳ႕၏ ျမစ္ေရ အတက္အက်ကို ႀကိဳတင္ခန္႔မွန္းရန္ခက္ခဲခဲ့ျခင္း ျဖစ္သည္။

အဘယ့္ေၾကာင့္ဆိုေသာ္ ေမချမစ္ရွိ ေရကာတာ ၆ခုစလုံးသည္ တ႐ုတ္ျပည္ပိုင္ေရကာတာမ်ားျဖစ္ေသာေၾကာင့္ အခ်က္အလက္ ရရွိခက္ခဲရျခင္းျဖစ္ေၾကာင္း သိရသည္။

သမိုင္းတစ္ေလၽွာက္ ကခ်င္ျပည္နယ္တြင္ ဧရာဝတီျမစ္ေရ၏ စိုးရိမ္ေရအမွတ္သည္ ၁၉၇၉ ခုနစ္တြင္ (၁၄၁၄)၊ ၂၀၀၄ ခုနစ္တြင္ (၁၄၀၈)၊ ၂၀၁၉ခုနစ္တြင္ (၁၂၂၉)၊ ၂၀၂၀ခုနစ္တြင္ (၁၂၀၀) အထိ ရွိခဲ့သည္။#KNG