ၾကားသိသမွ်

အင်းလေးပြည်သူ့စစ်ကို ရပခတိုင်းမှူး ခေါ်တွေ့ပြီး PDF လှုပ်ရှားမှုအခြေအနေများ စောင့်ကြည့်ရန်ခိုင်း

အင်းလေးပြည်သူ့စစ်ကို ရပခတိုင်းမှူး ခေါ်တွေ့ပြီး PDF လှုပ်ရှားမှုအခြေအနေများ စောင့်ကြည့်ရန်ခိုင်း

မဲခေါင်၊ မေ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်အခြေစိုက် အင်းလေးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို ရပခတိုင်းမှူး ခေါ်တွေ့ပြီး PDF လှုပ်ရှားမှုအခြေအနေများ စောင့်ကြည့်ရန် ခိုင်းစေထားကြောင်း ပြည်သူ့စစ်နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်မှ အင်းလေးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို မေလ ၃ ရက်က ရပခဝန်းအတွင်းရှိ သံလွင်ခန်းမ၌ ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အင်းလေးဖက်မှာ PDF သင်တန်းဆင်းပွဲလုပ်တာ၊ လက်နက်ဝယ်တာတွေ ရှိလာပြီ။ ဒါကိုပြည်သူ့စစ်တွေက စုံစမ်းထောက်လှမ်းပေးရမယ်ပေါ့။ သူတို့ကလည်းခိုင်းတယ်။ ပြည်သူ့စစ်တွေကလည်း သူတို့လိုအပ်တာ ပြန်တင်ပြတောင်းတော့ တချို့ဟာတွေပေးတယ်။

စားနပ်ရိက္ခာ‌တွေ၊ အသုံးအဆောင်ပစ္စည်းတွေပေါ့။ လက်နက်ခဲယမ်းတွေတော့ ထုတ်မပေးသေးဘူး”ဟု ၎င်းက ပြောသည်။

အဆိုပါခေါ်ယူတွေ့ဆုံမှုအတွင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Inle PDF) အင်အားကောင်းလာနေပြီး အလှူငွေဆက်တိုက်လိုသလိုရရှိနေမှုအခြေအနေများကို စုံစမ်းတင်ပြရန်နှင့် လက်နက်ခဲယမ်းပမာဏကို စောင့်ကြည့်ပြီး ထူးခြားမှုရှိပါက ချက်ချင်းသတင်းပို့ရန် ခိုင်းစေခံရကြောင်း သိရသည်။

အင်းလေးပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့အား စစ်အာဏာသိမ်းပြီးမှ ဖွဲ့စည်းပေးထားခြင်းဖြစ်သလို အင်းလေးအခြေစိုက် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Inle PDF) သည် စစ်ကောင်စီအားဆန့်ကျင်တော်လှန်ရန် လက်နက်အင်အားစုဆောင်းမှုအခြေ‌အနေကောင်းမွနိလာနေပြီး အပါတ်စဉ်၁သင်တန်းဆင်းပွဲအား ဧပြီလ၊ နောက်ဆုံးပါတ်က ပြုလုပ်ခဲ့ပြီးဖြစ်သည်။

အင္းေလးျပည္သူ႔စစ္ကို ရပခတိုင္းမႉး ေခၚေတြ႕ၿပီး PDF လႈပ္ရွားမႈအေျခအေနမ်ား ေစာင့္ၾကည့္ရန္ခိုင္း

မဲေခါင္၊ ေမ ၄

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေရႊၿမိဳ႕နယ္အေျခစိုက္ အင္းေလးျပည္သူ႔စစ္(ဌာေန)တပ္ဖြဲ႕ဝင္မ်ားကို ရပခတိုင္းမႉး ေခၚေတြ႕ၿပီး PDF လႈပ္ရွားမႈအေျခအေနမ်ား ေစာင့္ၾကည့္ရန္ ခိုင္းေစထားေၾကာင္း ျပည္သူ႔စစ္ႏွင့္နီးစပ္သည့္ သတင္းရင္းျမစ္မ်ားထံမွ သိရသည္။

အာဏာသိမ္းစစ္ေကာင္စီ၏ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးဗိုလ္ခ်ဳပ္နီလင္းေအာင္မွ အင္းေလးျပည္သူ႔စစ္(ဌာေန)တပ္ဖြဲ႕ဝင္မ်ားကို ေမလ ၃ ရက္က ရပခဝန္းအတြင္းရွိ သံလြင္ခန္းမ၌ ေခၚယူေတြ႕ဆုံခဲ့ျခင္းျဖစ္သည္ဟု သတင္းရင္းျမစ္တစ္ဦးက ေျပာသည္။

“အင္းေလးဖက္မွာ PDF သင္တန္းဆင္းပြဲလုပ္တာ၊ လက္နက္ဝယ္တာေတြ ရွိလာၿပီ။ ဒါကိုျပည္သူ႔စစ္ေတြက စုံစမ္းေထာက္လွမ္းေပးရမယ္ေပါ့။ သူတို႔ကလည္းခိုင္းတယ္။ ျပည္သူ႔စစ္ေတြကလည္း သူတို႔လိုအပ္တာ ျပန္တင္ျပေတာင္းေတာ့ တခ်ိဳ႕ဟာေတြေပးတယ္။ စားနပ္ရိကၡာ‌ေတြ၊ အသုံးအေဆာင္ပစၥည္းေတြေပါ့။ လက္နက္ခဲယမ္းေတြေတာ့ ထုတ္မေပးေသးဘူး”ဟု ၎က ေျပာသည္။

အဆိုပါေခၚယူေတြ႕ဆုံမႈအတြင္း အင္းေလးျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (Inle PDF) အင္အားေကာင္းလာေနၿပီး အလႉေငြဆက္တိုက္လိုသလိုရရွိေနမႈအေျခအေနမ်ားကို စုံစမ္းတင္ျပရန္ႏွင့္ လက္နက္ခဲယမ္းပမာဏကို ေစာင့္ၾကည့္ၿပီး ထူးျခားမႈရွိပါက ခ်က္ခ်င္းသတင္းပို႔ရန္ ခိုင္းေစခံရေၾကာင္း သိရသည္။

အင္းေလးျပည္သူ႔စစ္(ဌာေန)တပ္ဖြဲ႕အား စစ္အာဏာသိမ္းၿပီးမွ ဖြဲ႕စည္းေပးထားျခင္းျဖစ္သလို အင္းေလးအေျခစိုက္ အင္းေလးျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (Inle PDF) သည္ စစ္ေကာင္စီအားဆန႔္က်င္ေတာ္လွန္ရန္ လက္နက္အင္အားစုေဆာင္းမႈအေျခ‌အေနေကာင္းမြနိလာေနၿပီး အပါတ္စဥ္၁သင္တန္းဆင္းပြဲအား ဧၿပီလ၊ ေနာက္ဆုံးပါတ္က ျပဳလုပ္ခဲ့ၿပီးျဖစ္သည္။