ၾကားသိသမွ်

တစ်ခွန်းပဲ ပြတ်ပြတ်သားသား ပြောပါ့မယ် တောင်းပန်စရာအကြောင်း လုံးဝ မရှိဘူး တောင်းပန်မှာလည်း မဟုတ်ဘူး

တစ်ခွန်းပဲ ပြတ်ပြတ်သားသား ပြောပါ့မယ်။ တောင်းပန်စရာအကြောင်း လုံးဝ မရှိဘူး။တောင်းပန်မှာလည်း မဟုတ်ဘူး။

ကိုယ်က အခုမှသာ တော်လှန်ရေးကိစ္စတွေနဲ့ Social Issue ဘက်ကို မလှည့်ဖြစ်တော့တာ။ အာဏာမသိမ်းခင် ရှေ့ပိုင်းတောက်လျှောက် LGBT အခွင့်အရေး၊ Gender Issue ကိစ္စကို Conservative တွေရဲ့ အဆဲအဆိုခံပြီး ဆက်တိုက်Speak Out လုပ်လာခဲ့တဲ့သူဆိုတာ ကိုယ့်ကို အရင်ကတည်းက သိခဲ့တဲ့သူတွေ အားလုံးအသိပဲ။ ကိုယ့်ရဲ့ ထွက်ရှိခဲ့တဲ့စာအုပ်တွေထဲမှာ LGBT အခွင့်အရေးအကြောင်း၊ Gender Issue အကြောင်းတွေ အများကြီး ပါခဲ့တယ်။

လူထုနဲ့ ဝေးကွာနေတဲ့ အချို့သော ဇွတ်တက်ကြွပြသူကြီးတွေလို Gender Issue အကြောင်း နားလည်ပြီးသား အသိုင်းအဝိုင်းမှာ လူအထင်ကြီးခံ အနေချောင်အစားချောင်ရန် ရည်ရွယ်ချက်နဲ့ လက်ခုတ်သံခြူခဲ့တာ မဟုတ်ဘူး။ Conservative တွေ တပြုံကြီး ဝိုင်းဆဲနေတဲ့ကြားက အလွှာပေါင်းစုံဆီရောက်ဖို့ ဖြဲရဲပြောခဲ့တာ။

                                                                                       Photo;Youths Union

ဒီကာလမှာ စစ်တပ်ကို တိုက်ဖို့၊ ရန်ပုံငွေရှာဖို့ ပြောခဲ့ လှုပ်ရှားခဲ့တဲ့ မင်းအောင်လှိုင်ကို ထမိန်နဲ့အုပ်လို့ဆိုတဲ့ကိစ္စကို မပြီးနိုင် မစီးနိုင် အမျိုးသမီးအခွင့်အရေး ချိုးဖောက်သူလို အတည်ပေါက်ကြီးတွေ ဇာချဲ့လာတာက အတော်လွန်လွန်းလာပြီ။

ထမိန်ကို ယုတ်ညံ့တယ်လို့ ယူဆတာမဟုတ်၊ ထမိန်ကိုယုတ်ညံ့တယ်လို့ယူဆထားတဲ့ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတို့ရဲ့ ဆေးမမီတဲ့ အတွေးအခေါ်ကို ချိုးနှိမ်တာ ဖြစ်ကြောင်း ပြောပြပြီးခဲ့ပြီ။ စစ်တပ်က စစ်သားနှစ်ကောင် ကလူနေကြတဲ့ပုံကို အိုက်စ်လို့ တင်မိလို့ LGBT တွေကို စော်ကားတယ် ဘာညာပြစ်မှုတွေထိ လုပ်လာတာက စောက်ပြစ်ရှာတယ် ဇာချဲ့တယ်ပဲ မြင်တယ်။

အဲ့တော့ ကိုယ့်ဘက်ကတော့ ရှင်းတယ်။ နင်တို့ အုပ်စုဖွဲ့ပြီး စောက်ကြီးစောက်ကျယ်တွေ ပုံကြီးချဲ့နေတာကို ငါက ကြောက်သွားမှာ မဟုတ်ဘူး။ တောင်းပန်မှာလည်း မဟုတ်ဘူး။ တောင်းပန်စရာလည်း မရှိဘူး။

                                                                                             Photo;Youths Union

ငါတို့က စစ်တပ်ကို Mind Gameနဲ့ တိုက်တယ်။ ရန်ပုံငွေ ရှာတယ်။ အမြင်မတူရင်တောင်မှ ဇွတ်အတင်း အခုလို ဇာချဲ့ပြနေစရာ မရှိဘူး။

ငါကိုယ်တိုင် မိန်းမတစ်ယောက် ဖြစ်တယ်။ Feminism ဘက်ကို ယိမ်းတဲ့မိန်းမ ဖြစ်တယ်။ LGBT တွေကို နှိမ်စရာ ခွဲခြားစရာလို့ မမြင်တဲ့အပြင် ဒီဖြစ်တည်မှုတွေဘက်က ရပ်တည်တဲ့သူ။ ဒါကို ပုဂ္ဂိုလ်ရေး အမြင်မကြည်လင်မှုနဲ့ဖြစ်စေ၊ စစ်တပ်ကို ဆော်တာ မကြိုက်လို့ ဖြစ်စေ LGBT တို့ Feminism တို့ လူ့အဖွဲ့အစည်းတွေနဲ့ လှည့်ပတ်ပွဲတည်ပေးနေတာဟာ ရိုးဖြောင့်သော သဘောလို့ မသတ်မှတ်နိုင်ဘူး။

ဘယ်ကလာလဲ။ စစ်တပ်ကိုတော့ မထောက်ခံပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် မပါသော နိုင်ငံရေး၊ NUG မပါသော တော်လှန်ရေးကို လမ်းကြောင်းပေးနေတဲ့ အင်အားစုက လာတယ်။

ဘာကိစ္စလဲ။ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ရည်ရွယ်ချိုးနှိမ်တဲ့ကိစ္စကနေ Gender Issue တွေ LGBT တွေထိ ပြစ်မှုကြီးအောင် ဆွဲခေါ်တယ်။

လာရာကိုလည်း မြင်တယ်၊ လားရာကိုလည်း မြင်တယ်။ အဲ့တော့ ဆောရီးပါ။ မကျေနပ်ရင် စာတွေ ထပ်ထုတ်၊ ပိုစ့်တွေ ဆက်တင်ပြီး လောင်နေလိုက်ကြပါ။

ကိုယ်ကတော့ စစ်အာဏာရူးတွေ ကျဆုံးရေးကလွဲရင် ဘယ်ကိုမှ သွေဖယ်သွားမှာ မဟုတ်ပါကြောင်း။#ပန်ဆယ်လို
https://www.facebook.com/101606248783640/posts/328645872746342/?d=n