ၾကားသိသမွ်

အမျိုးသားညီညွတ်ရေးအစိုးရ တစ်နှစ်ပြည်တဲ့အချိန်ကာလမှာ အားကောင်းလာရေးအတွက် ပြန်လည်သုံးသပ်မှု တွေလုပ်ဆောင်နေ

အမျိုးသားညီညွတ်ရေးအစိုးရ တစ်နှစ်ပြည်တဲ့အချိန်ကာလမှာ အားကောင်းလာရေးအတွက် ပြန်လည်သုံးသပ်မှု တွေလုပ်ဆောင်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြား

မေ ၄ ၊ ၂၀၂၂

အမျိုးသားညီညွတ်ရေးအစိုးရ တစ်နှစ်ပြည်တဲ့ အချိန်ကာလအတွင်းမှာ အား ကောင်းလာရေးအတွက် ပြန်လည် သုံးသပ်မှုတွေလုပ်ဆောင်နေတယ်လို့ နိုင် ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြော ကြား လိုက်ပါတယ်။

“ကျမတို့ ဒီနှစ် ဧပြီလမှာ NUG အစိုးရ ဖွဲ့စည်းတာ တနှစ်ပြည့်ပါပြီ။ ဆိုတော့ ကျမတို့ အတွင်းပိုင်း ပြန်လည်သုံးသပ်မှုတွေ ပြန်လုပ်နေကြတယ်။ ဘာတွေကတော့ အားကောင်းအောင်လုပ်ရမလဲ ဆိုတာကို ပြန်လုပ်နေပါတယ်။ အ ထူးသဖြင့် Media engagement တွေက အစ၊ Public relations က အစပေါ့၊ သုံးသပ်မှုတွေ ပြန်လုပ်နေတယ်။ ဒီတော်လှန်ရေးကို အတတ်နိုင်ဆုံး အမြန်ဆုံးပြီးချင်တာကတော့ ကျမတို့က ပြည်သူလူထုနဲ့ တူတူပါပဲလို့။ အဲဒီလုပ်တဲ့အထဲမှာ သံတမန်ရေးကလည်း အဓိကကျတဲ့ထဲ ပါတယ်။ သံခင်းတမန်ခင်းမှာ ပိုပြီးတော့ အဆင့်မြှင့်တင်ဖို့နဲ့ Virtual engagement တွေကနေပြီးတော့ လူချင်းတွေ့ဆုံမှုတွေအထိ တိုးမြှင့်ဆောင်ရွက်သွားဖို့ရှိပါတယ်လို့ ပြောချင်ပါတယ်။” လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဧရာဝတီသတင်းဌာနနဲ့ အင်တာ ဗျူးမှာ ပြောကြားလိုက်တာပါ။

ဒါအပြင် နိုင်ငံတကာအကူအညီရရှိနိုင်ရေးအတွက် PR (Public relations) က အရေးကြီးတဲ့အတွက်ကြောင့် လက်ရှိထက်ပိုမိုကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်နေတယ်လို့လည်း ပြောကြားထားတာတွေ့ရပါတယ်။

“PR နဲ့ပတ်သက်လို့ အကောင်းဆုံး မဟုတ်ရင်တောင် အခုရှိနေတဲ့ အခြေအနေ ထက်တော့ ပိုပြီးတော့ ကောင်းမွန်တဲ့ Engagement တခု ဖြစ်လာအောင်လို့တော့ ပိုပီးတော့ ကြိုးစား ဆောင်ရွက်နေပါတယ်။” လို့ ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ပြည်သူလူထုရဲ့ အားနဲ့ ဆက်ပြီးတော့ တောင့်ခံထားနိုင်လေလေ တဖက်မှာလည်း နိုင်ငံတကာက အထောက်အပံ့ တွေ၊ ဥပဒေကြောင်းအရတွေ၊ သံတမန်ရေးအရတွေ၊ ငွေရေးကြေးရေးအရတွေက အထောက်အပံ့တွေဖြစ်လာ နိုင်တယ်ဆိုပြီးတော့ ပြောထားတာတွေ့ရပါတယ်။

#PVTV

အမ်ိဳးသားညီညြတ္ေရးအစိုးရ တစ္ႏွစ္ျပည္တဲ့အခ်ိန္ကာလမွာ အားေကာင္းလာေရးအတြက္ ျပန္လည္သုံးသပ္မႈ ေတြလုပ္ေဆာင္ေနတယ္လို႔ နိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ေျပာၾကား

ေမ ၄ ၊ ၂၀၂၂

အမ်ိဳးသားညီညြတ္ေရးအစိုးရ တစ္ႏွစ္ျပည္တဲ့ အခ်ိန္ကာလအတြင္းမွာ အား ေကာင္းလာေရးအတြက္ ျပန္လည္ သုံးသပ္မႈေတြလုပ္ေဆာင္ေနတယ္လို႔ နိုင္ ငံျခားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒၚဇင္မာေအာင္က ေျပာ ၾကား လိုက္ပါတယ္။

“က်မတို႔ ဒီႏွစ္ ဧၿပီလမွာ NUG အစိုးရ ဖြဲ႕စည္းတာ တႏွစ္ျပည့္ပါၿပီ။ ဆိုေတာ့ က်မတို႔ အတြင္းပိုင္း ျပန္လည္သုံးသပ္မႈေတြ ျပန္လုပ္ေနၾကတယ္။ ဘာေတြကေတာ့ အားေကာင္းေအာင္လုပ္ရမလဲ ဆိုတာကို ျပန္လုပ္ေနပါတယ္။ အ ထူးသျဖင့္ Media engagement ေတြက အစ၊ Public relations က အစေပါ့၊ သုံးသပ္မႈေတြ ျပန္လုပ္ေနတယ္။ ဒီေတာ္လွန္ေရးကို အတတ္နိုင္ဆုံး အျမန္ဆုံးၿပီးခ်င္တာကေတာ့ က်မတို႔က ျပည္သူလူထုနဲ႔ တူတူပါပဲလို႔။ အဲဒီလုပ္တဲ့အထဲမွာ သံတမန္ေရးကလည္း အဓိကက်တဲ့ထဲ ပါတယ္။ သံခင္းတမန္ခင္းမွာ ပိုၿပီးေတာ့ အဆင့္ျမႇင့္တင္ဖို႔နဲ႔ Virtual engagement ေတြကေနၿပီးေတာ့ လူခ်င္းေတြ႕ဆုံမႈေတြအထိ တိုးျမႇင့္ေဆာင္ရြက္သြားဖို႔ရွိပါတယ္လို႔ ေျပာခ်င္ပါတယ္။” လို႔ ျပည္ေထာင္စုဝန္ႀကီး ေဒၚဇင္မာေအာင္က ဧရာဝတီသတင္းဌာနနဲ႔ အင္တာ ဗ်ဴးမွာ ေျပာၾကားလိုက္တာပါ။

ဒါအျပင္ နိုင္ငံတကာအကူအညီရရွိနိုင္ေရးအတြက္ PR (Public relations) က အေရးႀကီးတဲ့အတြက္ေၾကာင့္ လက္ရွိထက္ပိုမိုေကာင္းမြန္ေအာင္ ႀကိဳးစားလုပ္ေဆာင္ေနတယ္လို႔လည္း ေျပာၾကားထားတာေတြ႕ရပါတယ္။

“PR နဲ႔ပတ္သက္လို႔ အေကာင္းဆုံး မဟုတ္ရင္ေတာင္ အခုရွိေနတဲ့ အေျခအေန ထက္ေတာ့ ပိုၿပီးေတာ့ ေကာင္းမြန္တဲ့ Engagement တခု ျဖစ္လာေအာင္လို႔ေတာ့ ပိုပီးေတာ့ ႀကိဳးစား ေဆာင္ရြက္ေနပါတယ္။” လို႔ ေဒၚဇင္မာေအာင္က ေျပာပါတယ္။

ျပည္သူလူထုရဲ့ အားနဲ႔ ဆက္ၿပီးေတာ့ ေတာင့္ခံထားနိုင္ေလေလ တဖက္မွာလည္း နိုင္ငံတကာက အေထာက္အပံ့ ေတြ၊ ဥပေဒေၾကာင္းအရေတြ၊ သံတမန္ေရးအရေတြ၊ ေငြေရးေၾကးေရးအရေတြက အေထာက္အပံ့ေတြျဖစ္လာ နိုင္တယ္ဆိုၿပီးေတာ့ ေျပာထားတာေတြ႕ရပါတယ္။

#PVTV