ၾကားသိသမွ်

ဟားခါးကနေ ဖလမ်းကိုလာတဲ့ စစ်ယာဉ်တန်းကို CDF က ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးေ သ ဆုံး

ဟားခါးကနေ ဖလမ်းကိုလာတဲ့ စစ်ယာဥ်တန်းကို CDF က ကြားဖြတ်တိုက်ခိုက်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးသေ ဆုံး

ဧရာဝတီတိုင်းမ်

မေလ ၄ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့ကနေ ဖလမ်းမြို့ဘက်ကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဥ်တန်းစစ်ကြောင်းကို မနေ့ မေလ ၃ ရက် ညနေပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ CDF – ဟားခါးတပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာနဲ့ ဒေါက်ထက်ကျေးရွာအကြားမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ၁၃ ဦးသေဆုံးတယ်လို့ ဆိုပါတယ်။

” တိုက်ပွဲက ညနေ ၄နာရီခွဲလောက်မှာဖြစ်တာပေါ့။ အဲ့ဒီစစ်ယာဥ်တန်းကစစ်ကြောင်းရွှေ့တာဖြစ်မယ်။ ကားအစီးရေ ၂၀ ကျော်တယ်။ ကျနော်တို့ပစ်တဲ့အချိန်က မိုးရွာနေလို့ သူတို့စုပြီးတော့နေနေကျတာ။ သူတို့ဆီကိုကျနော်တို့ပစ်တဲ့လက်နက်ကြီးတဲ့တဲ့ကျတယ်။စနိုက်ဘာနဲ့လက်နက် ကြီးကိုအဓိကထားပစ်တာပေါ့။ အဲ့တာကြောင့် ထိခိုက်သေဆုံးများကုန်တာ” လို့ CDF-Hakha တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။

တိုက်ခိုက်ခံရတဲ့စစ်ကောင်စီတပ် ယာဥ်တန်းစစ်ကြောင်းဟာ မေလ ၂ ရက်နေ့ကစလို့ ဟားခါးမြို့က စတင်ထွက်ခွာလာတာဖြစ်ပြီး ကလေးမြို့အထိသွား ရောက်မယ့် သံ ချပ်ကာယာဥ် ၂ စီးနဲ့စစ်ကားစီးရေ ၂၀ ကျော်ပါတဲ့ စစ်ယာဉ်တန်းဖြစ်ပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ပါဝင်တယ်လို့ ဒေသကာကွယ်ရေးတပ်တွေက ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာတော့ ချင်းကာကွယ်ရေးတပ် CDF- Hakha ဘက်က ဒဏ်ရာရ ထိခိုက်သေဆုံးမှုမရှိဘူးလို့ သိရပါတယ်။

လက်ရှိမှာ အဲ့ဒီစစ်ကောင်စီတပ် စစ်ကြောင်းယာဥ်တန်းဟာ ဖလမ်းမြို့ဘက်ကိုဦးတည်ပြီး ဆက်လက်ထွက်ခွာနေတယ် လို့ ဒေသခံတွေဆီကသိရပါတယ်။

ဓာတ်ပုံ – မင်းတပ်-မတူပီလမ်းပိုင်း စစ်ကောင်စီယာဥ်တန်းများကိုတွေ့ရစဥ်(ပုံဟောင်း)

ဟားခါးကေန ဖလမ္းကိုလာတဲ့ စစ္ယာဥ္တန္းကို CDF က ၾကားျဖတ္တိုက္ခိုက္လို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ၁၃ ဦးေသ ဆုံး

ဧရာဝတီတိုင္းမ္

ေမလ ၄ ရက္

ခ်င္းျပည္နယ္၊ ဟားခါးၿမိဳ႕ကေန ဖလမ္းၿမိဳ႕ဘက္ကို ထြက္ခြာလာတဲ့ စစ္ေကာင္စီယာဥ္တန္းစစ္ေၾကာင္းကို မေန႔ ေမလ ၃ ရက္ ညေနပိုင္းက ၾကားျဖတ္တိုက္ခိုက္ခဲ့တယ္လို႔ CDF – ဟားခါးတပ္ဖြဲ႕ဝင္ေတြထံက သိရပါတယ္။

ဟားခါးၿမိဳ႕နယ္၊ ခၽြန္က်ဳံးေက်းရြာနဲ႔ ေဒါက္ထက္ေက်းရြာအၾကားမွာတိုက္ခိုက္ခဲ့တာျဖစ္ၿပီး စစ္ေကာင္စီတပ္ဘက္က ၁၃ ဦးေသဆုံးတယ္လို႔ ဆိုပါတယ္။

” တိုက္ပြဲက ညေန ၄နာရီခြဲေလာက္မွာျဖစ္တာေပါ့။ အဲ့ဒီစစ္ယာဥ္တန္းကစစ္ေၾကာင္းေရႊ႕တာျဖစ္မယ္။ ကားအစီးေရ ၂၀ ေက်ာ္တယ္။ က်ေနာ္တို႔ပစ္တဲ့အခ်ိန္က မိုးရြာေနလို႔ သူတို႔စုၿပီးေတာ့ေနေနက်တာ။ သူတို႔ဆီကိုက်ေနာ္တို႔ပစ္တဲ့လက္နက္ႀကီးတဲ့တဲ့က်တယ္။စနိုက္ဘာနဲ႔လက္နက္ ႀကီးကိုအဓိကထားပစ္တာေပါ့။ အဲ့တာေၾကာင့္ ထိခိုက္ေသဆုံးမ်ားကုန္တာ” လို႔ CDF-Hakha တပ္ဖြဲ႕ဝင္တစ္ဦးက ဧရာဝတီတိုင္းမ္ကိုေျပာပါတယ္။

တိုက္ခိုက္ခံရတဲ့စစ္ေကာင္စီတပ္ ယာဥ္တန္းစစ္ေၾကာင္းဟာ ေမလ ၂ ရက္ေန႔ကစလို႔ ဟားခါးၿမိဳ႕က စတင္ထြက္ခြာလာတာျဖစ္ၿပီး ကေလးၿမိဳ႕အထိသြား ေရာက္မယ့္ သံ ခ်ပ္ကာယာဥ္ ၂ စီးနဲ႔စစ္ကားစီးေရ ၂၀ ေက်ာ္ပါတဲ့ စစ္ယာဥ္တန္းျဖစ္ၿပီးေတာ့ စစ္ေကာင္စီတပ္ဖြဲ႕ဝင္အင္အား ၁၀၀ ေက်ာ္ပါဝင္တယ္လို႔ ေဒသကာကြယ္ေရးတပ္ေတြက ဆိုပါတယ္။

အဲ့ဒီတိုက္ပြဲမွာေတာ့ ခ်င္းကာကြယ္ေရးတပ္ CDF- Hakha ဘက္က ဒဏ္ရာရ ထိခိုက္ေသဆုံးမႈမရွိဘူးလို႔ သိရပါတယ္။

လက္ရွိမွာ အဲ့ဒီစစ္ေကာင္စီတပ္ စစ္ေၾကာင္းယာဥ္တန္းဟာ ဖလမ္းၿမိဳ႕ဘက္ကိုဦးတည္ၿပီး ဆက္လက္ထြက္ခြာေနတယ္ လို႔ ေဒသခံေတြဆီကသိရပါတယ္။

ဓာတ္ပုံ – မင္းတပ္-မတူပီလမ္းပိုင္း စစ္ေကာင္စီယာဥ္တန္းမ်ားကိုေတြ႕ရစဥ္(ပုံေဟာင္း)