ၾကားသိသမွ်

ရခိုင်လူငယ် ၃၀ ကျော်ကို အေအေနှင့်ဆက်နွှယ်မှုဖြင့် ဟိုင်းကြီးကျွန်းရေတပ်တွင် ဖ မ်း ဆီး နှိ ပ် စ က်နေ

ရခိုင်လူငယ် ၃၀ ကျော်ကို အေအေနှင့်ဆက်နွှယ်မှုဖြင့် ဟိုင်းကြီးကျွန်းရေတပ်တွင် ဖမ်းဆီး နှိပ်စက်နေ

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ စစ်ကောင်စီက ရခိုင်တိုင်းရင်းသား ဒေသခံ ၃၀ ကျော်ကို ရက္ခိုင့်တပ်တော်(AA) နဲ့ ပတ်သက်တယ်လို့ စွပ်စွဲကာ ဧပြီ ၁၉ ရက်ကတည်းက ဖမ်းဆီးသွားပြီး ဟိုင်းကြီးရေတပ်စခန်းထဲမှာ စစ်ကြောနှိပ်စက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ငါးပြေမကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာ၊ အဏ္ဏဝါကျေးရွာနဲ့ ဇီးဖြူချောင်းရွာနဲ့ ကျွန်းတဘက်ကမ်းက ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး အများစုက လူငယ်လူရွယ်တွေ ဖြစ်ပါတယ်။

ဒေသခံတဦးက “ဒေသခံလူငယ်တွေကို အေအေက စစ်သင်တန်းပေးနေတယ်ဆိုပြီး စစ်တပ်နဲ့ ရဲက ပိုက်စိပ်တိုက်ဖမ်းနေတာ နေ့တိုင်းလိုလိုဖမ်းနေတာ တပတ်တည်းကို အဖမ်းခံရတာ ၃၀ ကျော်ရှိပြီ” ပြောပါတယ်။

အေအေထံမှာ စစ်သင်တန်းတက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ဖမ်းဆီးသွားတဲ့ ရခိုင်လူငယ်တွေကို သီတင်း ၂ ပတ်ကျော်ကြာတဲ့အချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မပေးဘဲ ဟိုင်းကြီးကျွန်းရှိ ရေတပ်စခန်းထဲမှာ စစ်ကြော နှိပ်စက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေကို ဝင်ရောက်ဖမ်းဆီးတဲ့အခါ ရေလုပ်ငန်း လုပ်ကိုင်နေတဲ့ ဒေသခံအမျိုးသားအများစု ဖမ်းဆီးခံရလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ #DVB

ရခိုင္လူငယ္ ၃၀ ေက်ာ္ကို ေအေအႏွင့္ဆက္ႏႊယ္မႈျဖင့္ ဟိုင္းႀကီးကၽြန္းေရတပ္တြင္ ဖမ္းဆီး ႏွိပ္စက္ေန

ဧရာ၀တီတိုင္း၊ ငပုေတာၿမိဳ႕နယ္၊ ဟိုင္းႀကီးကၽြန္းၿမိဳ႕မွာ စစ္ေကာင္စီက ရခိုင္တိုင္းရင္းသား ေဒသခံ ၃၀ ေက်ာ္ကို ရကၡိဳင့္တပ္ေတာ္(AA) နဲ႔ ပတ္သက္တယ္လို႔ စြပ္စြဲကာ ဧၿပီ ၁၉ ရက္ကတည္းက ဖမ္းဆီးသြားၿပီး ဟိုင္းႀကီးေရတပ္စခန္းထဲမွာ စစ္ေၾကာႏွိပ္စက္ေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ဖမ္းဆီးခံရသူေတြဟာ ငါးေျပမေက်းရြာအုပ္စု၊ ကညင္ေခ်ာင္းေက်းရြာ၊ အဏၰဝါေက်းရြာနဲ႔ ဇီးျဖဴေခ်ာင္းရြာနဲ႔ ကၽြန္းတဘက္ကမ္းက ရခိုင္တိုင္းရင္းသားေတြျဖစ္ၿပီး အမ်ားစုက လူငယ္လူရြယ္ေတြ ျဖစ္ပါတယ္။

ေဒသခံတဦးက “ေဒသခံလူငယ္ေတြကို ေအေအက စစ္သင္တန္းေပးေနတယ္ဆိုၿပီး စစ္တပ္နဲ႔ ရဲက ပိုက္စိပ္တိုက္ဖမ္းေနတာ ေန႔တိုင္းလိုလိုဖမ္းေနတာ တပတ္တည္းကို အဖမ္းခံရတာ ၃၀ ေက်ာ္ရွိၿပီ” ေျပာပါတယ္။

ေအေအထံမွာ စစ္သင္တန္းတက္ခဲ့တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ စစ္ေကာင္စီတပ္သားေတြနဲ႔ ရဲေတြ ဖမ္းဆီးသြားတဲ့ ရခိုင္လူငယ္ေတြကို သီတင္း ၂ ပတ္ေက်ာ္ၾကာတဲ့အခ်ိန္ထိ မိသားစုနဲ႔ ေတြ႕ခြင့္မေပးဘဲ ဟိုင္းႀကီးကၽြန္းရွိ ေရတပ္စခန္းထဲမွာ စစ္ေၾကာ ႏွိပ္စက္ေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

စစ္ေကာင္စီတပ္သားေတြက ေက်းရြာေတြကို ဝင္ေရာက္ဖမ္းဆီးတဲ့အခါ ေရလုပ္ငန္း လုပ္ကိုင္ေနတဲ့ ေဒသခံအမ်ိဳးသားအမ်ားစု ဖမ္းဆီးခံရေလ့ရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ #DVB