ၾကားသိသမွ်

ကျိုက်ထိုရှိ စစ်တပ်ကင်းစခန်းကို KNLA ပူးပေါင်းအဖွဲ့က စီးနင်း၊ စစ်ကောင်စီတပ်သားများ ထွက်ပြေး

ကျိုက်ထိုရှိ စစ်တပ်ကင်းစခန်းကို KNLA ပူးပေါင်းအဖွဲ့က စီးနင်း၊ စစ်ကောင်စီတပ်သားများ ထွက်ပြေး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို မေလ ၃ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်က KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ပြောပါတယ်။

အဲဒီကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁) တပ်ရင်း(၃)နဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

ရော်ဘာခြံအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းကို KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ‌ခြောက်လှန့် ပစ်ခတ်ပြီး ကင်းစခန်းကနေ စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ကင်းစခန်းရှိတဲတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကောင်စီကင်းစခန်းဟာ စစ်ကောင်စီတပ်ဖွဲ့ ၃၀ လောက် ကင်းပုန်းဝပ်နေတဲ့ စခန်းငယ် တစ်ခု ဖြစ်ပြီး မကြာခဏလာရောက် တပ်စွဲနေထိုင်လေ့ရှိတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။

ကေအန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။

က်ိဳက္ထိုရွိ စစ္တပ္ကင္းစခန္းကို KNLA ပူးေပါင္းအဖြဲ႕က စီးနင္း၊ စစ္ေကာင္စီတပ္သားမ်ား ထြက္ေျပး

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ အဂၤဘိုေက်းရြာရွိ စစ္ေကာင္စီကင္းစခန္းတစ္ခုကို ေမလ ၃ ရက္ ဒီေန႔မနက္ ၁၀ နာရီခြဲေလာက္က KNLA ပူးေပါင္းအဖြဲ႕က ဝင္ေရာက္စီးနင္းၿပီး မီးရွို႔ဖ်က္ဆီးလိုက္တယ္လို႔ က်ိဳက္ထိုေတာ္လွန္ေရးအင္အားစု KRF က ေျပာပါတယ္။

အဲဒီကင္းစခန္းကို ကရင္အမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ KNLA တပ္မဟာ(၁) တပ္ရင္း(၃)နဲ႔ ေဒသျပည္သူ႔ကာကြယ္ေရးအဖြဲ႕ေတြက ဝင္ေရာက္စီးနင္းၿပီး မီးရွို႔ဖ်က္ဆီးခဲ့တာ ျဖစ္ပါတယ္။

ေရာ္ဘာၿခံအတြင္း တပ္စြဲထားတဲ့ စစ္ေကာင္စီကင္းစခန္းကို KNLA ပူးေပါင္းအဖြဲ႕က ဝင္ေရာက္စီးနင္းရာမွာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ‌ေျခာက္လွန႔္ ပစ္ခတ္ၿပီး ကင္းစခန္းကေန စြန႔္ခြာ ထြက္ေျပးတိမ္းေရွာင္သြားတာေၾကာင့္ ကင္းစခန္းရွိတဲေတြကို မီးရွို႔ဖ်က္ဆီးလိုက္တယ္လို႔ က်ိဳက္ထိုေတာ္လွန္ေရးအင္အားစုက တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

အဲဒီစစ္ေကာင္စီကင္းစခန္းဟာ စစ္ေကာင္စီတပ္ဖြဲ႕ ၃၀ ေလာက္ ကင္းပုန္းဝပ္ေနတဲ့ စခန္းငယ္ တစ္ခု ျဖစ္ၿပီး မၾကာခဏလာေရာက္ တပ္စြဲေနထိုင္ေလ့ရွိတဲ့ စခန္းတစ္ခု ျဖစ္ပါတယ္။

ေကအန္ယူ တပ္မဟာ(၁) ထိန္းခ်ဳပ္နယ္ေျမျဖစ္တဲ့ က်ိဳက္ထိုၿမိဳ႕နယ္မွာေတာ့ စစ္တပ္ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီတပ္နဲ႔ KNLA ပူးေပါင္းတို႔ၾကား မၾကာခဏဆိုသလို တိုက္ပြဲေတြ ျဖစ္ပြားေနၿပီး အဲဒီတိုက္ပြဲအတြင္း စစ္ေကာင္စီဘက္က အထိနာေနတာ ျဖစ္ပါတယ္။ DVB