ၾကားသိသမွ်

ရန်ကုန်မြို့ပြ​ပြောက်ကျားအဖွဲ့ ၁၄ဖွဲ့​ပူးပေါင်းပြီး စစ်အုပ် စုကို​ တိုက်ခိုက်မည်ဟု ​ကြေညာ

ရန်ကုန်မြို့ပြ​ပြောက်ကျားအဖွဲ့ ၁၄ဖွဲ့​ပူးပေါင်းပြီး စစ်အုပ် စုကို​ တိုက်ခိုက်မည်ဟု ​ကြေညာ

ရဲခေါင်/People’s Spring

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်အုပ်စုအား စစ်ဆင်​ရေးပြုလုပ်တိုက်ခိုက်​နေသည့် မြို့ပြပြောက်ကျားတော် လှန်ရေးအင်အားစု ၁၄ဖွဲ့ပူးပေါင်းကာ Yangon UG Association (YUA)အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သက်ဆိုင်ရာအဖွဲ့အသီးသီးက ကြေညာချက်များထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီနှင့်၎င်းတို့ လက်ပါးစေထောက်တိုင်များကိုအမြစ်ပြတ်တွန်းလှန်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာရေးအပါအဝင် CDM ဝန်ထမ်းများ၏ အသက်အိုးအိမ်စည်းစိမ်များကာကွယ်စောင့်ရှောက်နိုင်ရန် YUA ကိုဖွဲ့စည်းခြင်းဟု အသိပေးသည်။

“ငါတို့ညီအကို ၁၄ဖွဲ့ အားနဲ့လာမယ် မင်တို့ခံနိုင်သလောက်ခံပေါ့ ။မဆုတ်စတမ်းအနေနဲ့ ငါတို့ရွေ့မယ်ငါတို့လုပ်မယ်။သွေးကြွေးကို မကျန်အောင်ဆပ်မယ်။ လုံးဝအုပ်ချုပ်ခွင့်မရစေရအတွက် ငါတို့တွေလာပြီ။ ရန်ကုန် မှာ ရန်တွေကုန်ဖို့ ငါတို့လာပြီ ဆက်ဆက်စောင့်နေပါ “ဟု မြို့ပြပြောက်ကျားအဖွဲ့ TUGF က ပြောသည်။

YUA တွင် Wolf Warriors STF (WWSTF)၊God’s Hand Forces (GHF)၊Thongwa Youth Force (TYF)၊ Kyauktan PDF (K-PDF)၊Thanlyin Dragon Force (TL Dragon)၊Scorpion Forces Underground (SFU) နှင့် Bahan’s Guerrilla Force (B-PDF) တို့ ပါဝင်သည်။

အလားတူ Secret Underground Force (Kyauktan)၊ Human Rights Defenders (HRD)၊ Generation Z Defence Force &Supply Army (GZDF)၊ ​Burme Final Revolution Army Forces (BFRAF)၊ဒို့ရိုးရာ ညီနောင်ပျောက်ကြားတပ်ဖွဲ့ (DYY)၊Special Nway Oo (SNO) နှင့် Thaketa’s Urban Guerrilla Force (TUGF)တို့မှာလည်း YUA အဖွဲ့ဝင်များဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်တွန်းလှန်ရေးတွင် အဓိက အစိတ်ပိုင်းတစ်ခုဖြစ်သည့် မြို့ပြပြောက်ကျားစစ်ဆင်ရေးများအတွက် တော်လှန်ရေးအင်အားစုများကို ကျေးဇူးအထူးတင်ရှိပြီး လိုအပ်သည်များကို တက်နိုင်သည့်ဘက်မှ ကူညီကြရန် YUA ဖွဲ့စည်းခြင်းအပေါ် ပြည်သူအချင်းချင်းကြား တိုက် တွန်းမှတ်ချက်ပေးလျက်ရှိသည်။

(မေလ ၁ ရက်က ရန်ကုန်မြို့တွင် ပေါက်ကွဲမှု ဖြစ်စဥ်တစ်ခုအားတွေ့ရစဥ်)

#လူထုနွေဦး

ရန္ကုန္ၿမိဳ႕ျပ​ေျပာက္က်ားအဖြဲ႕ ၁၄ဖြဲ႕​ပူးေပါင္းၿပီး စစ္အုပ္ စုကို​ တိုက္ခိုက္မည္ဟု ​ေၾကညာ

ရဲေခါင္/People’s Spring

ရန္ကုန္ၿမိဳ႕တြင္ အၾကမ္းဖက္စစ္အုပ္စုအား စစ္ဆင္​ေရးျပဳလုပ္တိုက္ခိုက္​ေနသည့္ ၿမိဳ႕ျပေျပာက္က်ားေတာ္ လွန္ေရးအင္အားစု ၁၄ဖြဲ႕ပူးေပါင္းကာ Yangon UG Association (YUA)အဖြဲ႕ ဖြဲ႕စည္းလိုက္ေၾကာင္း သက္ဆိုင္ရာအဖြဲ႕အသီးသီးက ေၾကညာခ်က္မ်ားထုတ္ျပန္သည္။

အၾကမ္းဖက္စစ္ေကာင္စီႏွင့္၎တို႔ လက္ပါးေစေထာက္တိုင္မ်ားကိုအျမစ္ျပတ္တြန္းလွန္ရန္ႏွင့္ ဖက္ဒရယ္ဒီမိုကေရစီ ေပၚေပါက္လာေရးအပါအဝင္ CDM ဝန္ထမ္းမ်ား၏ အသက္အိုးအိမ္စည္းစိမ္မ်ားကာကြယ္ေစာင့္ေရွာက္နိုင္ရန္ YUA ကိုဖြဲ႕စည္းျခင္းဟု အသိေပးသည္။

“ငါတို႔ညီအကို ၁၄ဖြဲ႕ အားနဲ႔လာမယ္ မင္တို႔ခံနိုင္သေလာက္ခံေပါ့ ။မဆုတ္စတမ္းအေနနဲ႔ ငါတို႔ေရြ႕မယ္ငါတို႔လုပ္မယ္။ေသြးေႂကြးကို မက်န္ေအာင္ဆပ္မယ္။ လုံးဝအုပ္ခ်ဳပ္ခြင့္မရေစရအတြက္ ငါတို႔ေတြလာၿပီ။ ရန္ကုန္ မွာ ရန္ေတြကုန္ဖို႔ ငါတို႔လာၿပီ ဆက္ဆက္ေစာင့္ေနပါ “ဟု ၿမိဳ႕ျပေျပာက္က်ားအဖြဲ႕ TUGF က ေျပာသည္။

YUA တြင္ Wolf Warriors STF (WWSTF)၊God’s Hand Forces (GHF)၊Thongwa Youth Force (TYF)၊ Kyauktan PDF (K-PDF)၊Thanlyin Dragon Force (TL Dragon)၊Scorpion Forces Underground (SFU) ႏွင့္ Bahan’s Guerrilla Force (B-PDF) တို႔ ပါဝင္သည္။

အလားတူ Secret Underground Force (Kyauktan)၊ Human Rights Defenders (HRD)၊ Generation Z Defence Force &Supply Army (GZDF)၊ ​Burme Final Revolution Army Forces (BFRAF)၊ဒို႔ရိုးရာ ညီေနာင္ေပ်ာက္ၾကားတပ္ဖြဲ႕ (DYY)၊Special Nway Oo (SNO) ႏွင့္ Thaketa’s Urban Guerrilla Force (TUGF)တို႔မွာလည္း YUA အဖြဲ႕ဝင္မ်ားျဖစ္ေၾကာင္း အသီးသီး ထုတ္ျပန္ထားသည္။

စစ္အာဏာရွင္တြန္းလွန္ေရးတြင္ အဓိက အစိတ္ပိုင္းတစ္ခုျဖစ္သည့္ ၿမိဳ႕ျပေျပာက္က်ားစစ္ဆင္ေရးမ်ားအတြက္ ေတာ္လွန္ေရးအင္အားစုမ်ားကို ေက်းဇူးအထူးတင္ရွိၿပီး လိုအပ္သည္မ်ားကို တက္နိုင္သည့္ဘက္မွ ကူညီၾကရန္ YUA ဖြဲ႕စည္းျခင္းအေပၚ ျပည္သူအခ်င္းခ်င္းၾကား တိုက္ တြန္းမွတ္ခ်က္ေပးလ်က္ရွိသည္။

(ေမလ ၁ ရက္က ရန္ကုန္ၿမိဳ႕တြင္ ေပါက္ကြဲမႈ ျဖစ္စဥ္တစ္ခုအားေတြ႕ရစဥ္)

#လူထုေႏြဦး